Xiaomi Mi3 ဖုန်းကို CyanogenMod 13 ထည့်သွင်းချင်တဲ့ညီအကိုတွေအတွက်
Official Guide အတိုင်းပြန်လည် မျှဝေပေးလိုက်ပါတယ်။
မိမိဖုန်းမှာ Marshmallow Rom လေးနဲ့လန်းချင်တယ်ဆိုရင်တော့
CyanogenMod 13 ကိုမိမိဖုန်းမှာ ထည့်သွင်းထားပေးရမှာပဲဖြစ်ပါတယ်။
CyanogenMod 13 ကိုထည့်သွင်းမယ်ဆိုရင်တော့ ပထမဆုံးမိမိဖုန်းကို
Root လုပ်ထားရမယ်၊ ပြီးရင် Custom Recovery ထည့်သွင်းထားရပါမယ်။
လိုအပ်ချက်များ
=========
Xiaomi Mi3 ဖုန်းကို CyanogenMod 13 ထည့်သွင်းနည်းကိုမလေ့လာမှ မိမိဖုန်းမှာ
ထည့်သွင်းထားရမယ့် အောက်ပါလိုအပ်ချက်များကိုအရင် လေ့လာကြည့်လိုက်ပါ။
ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
===================
ဖုန်းကို Full Backup ပြုလုပ်ထားသင့်ပါတယ်။
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ အဲဒီအတွက်
Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ USB Debugging Mode ကို Enable ပြုလုပ်ပါ။
How to Install Cyandgenmod 13
======================
၁။ ဖုန်းမှာ USB Debugging mode ကိုဖွင့်ထားပါ။
၂။ အပေါ်မှ ပေးထားသော CyanogenMod 13 zip ဖိုင်ကိုဒေါင်းလော့ရယူပါ
၃။ Cyandgenmod 13.zip ဖိုင်အား SD card ထဲသို့ ထည့်ပါ။
၎။ ဖုန်းကို Recovery mode ၀င်လိုက်ပါ၊ Recovery mode တွင်
‘Backup’ Option မှ Backup ဆိုတာကိုနှိပ်ပြီး Backup ပြုလုပ်ထားလိုက်ပါ။
၅။ ‘Wipe data/factory reset’ များကို အရင်ရှင်းထုတ်ထားလိုက်ပါ
၆။ install zip from sd card ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ။
၇။ install ဆိုတာကိုတစ်ချက်နှိပ်ပြီး M 13 custom ROM file ကို
ရွေးချယ်ပြီး Install ပြုလုပ်ပါ၊ Flash process တစ်ခုပြုလုပ်နေတုန်း ခနစောင့်နေလိုက်ပါ
၈။ အားလုံးပြီးသွားတဲ့အခါ ‘Reboot System’ ဆိုတာကိုနှိပ်ပေးပြီး
ဖုန်းကို Reboot ချပေးလိုက်ပါ၊ ပြန်တက်လာတဲ့အခါ Xiaomi Mi3 ဖုန်းမှာ
CyanogenMod 13 ကို အောင်မြင်စွာဖြင့် ထည့်သွင်းပြီးပါပြီ။
အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji