Ad Code

Responsive Advertisement

Also , Too, As well နဲ့ Either သုံးတဲ့အခါ


Also , Too, As well နဲ့ Either သုံးတဲ့အခါ
……………………………………..
Also, Too, As well နဲ့ Either တို့ကို “လည်းပဲ” ဆိုတဲ့ အဓိပ္ပါယ်အတွက် သုံးတဲ့အခါ ထားရမယ့်နေရာလေးတွေနဲ့ သုံးရမယ့် ၀ါကျပုံစံလေးတွေကို တင်ဆက်လိုက်ပါတယ် ။
.............................
(1) Also
"Also" is used in positive sentences to add an agreeing thought.
Also ကို အဟုတ်ဝါကျတွေမှာ တူညီတဲ့ သဘောသဘောဝကို ဖြည့်စွက်ဖို့အတွက် အသုံးပြုပါတယ်
Examples:
Jane speaks French. Sam also speaks French. ( Subject မတူပါ )
ဂျိန်းက ပြင်သစ်လို ပြောတတ်တယ် ။ ဆမ်လည်းပဲ ပြင်သစ်လို ပြောတတ်တယ် ။
I love chocolate. I also love pizza. (Object မတူပါ)
ကျနော် ချောကလက်ကို ကြိုက်နှစ်သက်တယ် ။ ကျနော် ပီဇာမုန့်ကို လည်းပဲ ကြိုက်နှစ်သက်တယ် ။
..
PLACEMENT (၀ါကျမှာ ထားတဲ့နေရာ)
...
(1.1) "Also" comes after "to be."
V-be ရဲ့နောက်မှာထားရပါတယ်
.
Example: I am also Korean.
ကျနော်လည်း ကိုရီးယား လူမျိုးပါ ။
.....
(1.2) With verbs other than "to be," "also" comes before single verb forms.
V-be ကလွဲပြီး အခြား verb များနဲ့ သုံးတဲ့အခါ တစ်လုံးတည်းသော verb ရဲ့ရှေ့မှာ ထားရပါတယ်
.
Examples: He also helped us. ( helped ရဲ့ရှေ့မှာ )
သူလည်းပဲ ကျနော်တို့ကို ကူညီခဲ့ပါတယ် ။
...........
(1.3) In verb tenses with many parts, "also" comes after the first part and before the second.
Tense တွေ အမျိုးမျိုး သုံးလို့ verb တစ်လုံးထက်ပိုလာတဲ့အခါမှာ also ကို ပထမဆုံး verb ရဲ့နောက် မှာ ထားပေးရပါတယ်
..
Examples:
I have also been to Hong Kong. ( have နဲ့ been နှစ်လုံး ဖြစ်လာတော့ ရှေ့တစ်ခု have ရဲ့နောက်မှာ)
ကျနော်လည်းပဲ ဟောင်ကောင်ကို ရောက်ဖူးပါတယ်။
I am also studying economics.
ကျနော်လည်းပဲ ဘောဂဗေဒကို လေ့လာနေပါတယ် ။
I have also been working in Korea for about six years. (have , been နဲ့ working သုံးလုံးရှိလာပြီ ၊ ပထမဆုံးတစ်ခု have ရဲ့နောက်မှာ)
ကျနော်လည်း ကိုရီးယားမှာ အလုပ်လုပ်နေခဲ့တာ ခြောက်နှစ်လောက် ရှိပါပြီ (အခုထိ လုပ်နေဆဲ သဘော)
...........
(1.4) Similarly, since modal verbs are usually followed by a second verb, "also" comes after modal verbs.
အလားတူစွာပဲ model verbs (can, could, will, would, shall, should, may, might, must, ought to) တို့ရဲ့ နောက်မှာ ထားပေးရပါတယ် 
..
Examples:
I can also speak French.
ကျနော်လည်းပဲ ပြင်သစ်လို ပြောနိုင်ပါတယ် ။
I should also be there.
ကျနော်လည်းပဲ အဲဒီမှာရှိနေသင့်ပါတယ် ။
..........................
***Note: When we use “Also” at the beginning of a sentence, it means ‘moreover’.
Also ကို ၀ါကျရဲ့ အစမှာသုံးတဲ့ အခါ “ထို့ပြင်၊ ဒါ့အပြင်” စတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်..
..
The house is far from the city center; also, it is too small for us.
အိမ်က မြို့လယ်နဲ့ အဝေးကြီးမှာရှိပါတယ် ၊ ဒါ့အပြင် ကျနော်တို့အတွက် သေးငယ်လွန်းပါတယ် ။
..........................................
(2) Too
"Too" is used in positive sentences to add an agreeing thought. It has the same meaning as "also," but its placement within the sentence is different.
Too ကိုလည်း Aslo လိုပဲ အဟုတ်ဝါကျတွေမှာ တူညီတဲ့အချက်ကို ဖေါ်ပြဖို့သုံးပါတယ် ၊ ထားရတဲ့ နေရာပဲ ကွားခြားပါတယ် ။
..
Examples:
Jane speaks French. Sam speaks French too.
ဂျိန်းက ပြင်သစ်လို ပြောတတ်တယ် ။ ဆမ်လည်းပဲ ပြင်သစ်လို ပြောတတ်တယ် ။
I love chocolate. I love pizza too.
ကျနော် ချောကလက်ကို ကြိုက်နှစ်သက်တယ် ။ ကျနော် ပီဇာမုန့်ကို လည်းပဲ ကြိုက်နှစ်သက်တယ် ။
..
PLACEMENT (၀ါကျမှာ ထားတဲ့နေရာ)
.........
(2.1) "Too" usually comes at the end of a clause.
Too ကတော့ အမြဲတစေ clause တစ်ခုရဲ့ နောက်ဆုံးမှာပဲ ထားပါတယ် ။
..
Examples:
I am Canadian too.
ကျနော်လည်း ကနေဒါလူမျိုး တစ်ယောက်ပါ
I can speak French too.
ကျနော်လည်း ပြင်သစ်စတားကို ပြောနိုင်ပါတယ်
( can ဟာ ability (စွမ်းရည်) ကိုဖေါ်ပြတဲ့စာလုံးဖြစ်လို့ Can you speak French? လို့မေးရင် ပြင်သစ်စကားပြောနိုင်စွမ်း ရှိမရှိ မေးသလိုမျိုးဖြစ်ပါတယ် ၊ ဒါကြောင့် စစ်ဆေးမေးမြန်းတာမျိုး မဟုတ်ပဲ ပြောတတ်လား မပြောတတ်ဘူးလား မေးတာမျိုးကိုတော့ Do you speak ......? လို့ပဲ မေးလေ့ရှိပါတယ်)
..........................
(2.2) Although "too" is usually placed at the end of a clause, it can sometimes be used with commas after the subject of the sentence. This is usually only done in formal speech.
ရုံးသုံး အခန့်သုံး စကားတွေ ပြောတဲ့အခါမှာ too ကို Subject ရဲ့နောက်မှာ coma နှစ်ခုနဲ့ ညှပ်ထားပြီး သုံးလေ့ရှိပါတယ် ၊ တွေ့ရခဲပါတယ် ၊ တွေ့လာရင် မှားတာ မဟုတ်ဘူးလို့ သိဖို့ ထည့်ပေးလိုက်ပါတယ်..
..
Example: Mr. John wanted the contract. Ms. Jackson, too, thought it was necessary.
မစ္စတာဂျွန်က စာချုပ်ကိုလိုချင်တယ် (စာချုပ်ချင်နေတယ်) ။ မစ္စတာ ဂျက်ဆင်ကလည်း အဲဒါက လိုအပ်တယ်လို့ ထင်တယ် ။
..............................................
(3) As well
As well ကိုလည်း too လိုပဲ ၀ါကျရဲ့နောက်ဆုံးမှာ သုံးနိုင်ပါတယ် ၊ ဒါပေမယ့် ရှေးသုံး ဖြစ်သွားပါပြီ 
..
He is smart, and he is a diligent employee as well.
သူကတော်ပါတယ် ၊ ပြီးတော့ လုံ့လ၀ီရိယရှိတဲ့ ၀န်ထမ်းတစ်ယောက်လည်း ဖြစ်ပါတယ် ။
.........................................................................................................
(4) Either
"Either" is used in negative sentences . "Either" usually comes at the end of a clause.
Either ကိုတော့ အငြင်းဝါကျတွေမှာ သုံးပါတယ် ၊ clause ရဲ့နောက်ဆုံးမှာ ထားရပါတယ်
..
Examples:
I don't love chocolate. I don't love pizza either.
ကျနော်ချောကလက်ကို မကြိုက်နှစ်သက်ပါ ။ ကျနော် ပီဇာမုန့်ကိုလည်းပဲ မကြိုက်နှစ်သက်ပါ ။
He is lazy. He doesn't study either. That's why he doesn't do well in school.
သူက ပျင်းပါတယ် ။ သူက လေ့လာမှုလည်း မလုပ်ပါဘူး ။ အဲဒီအတွက်ကြောင့် ကျောင်းမှာ စာမလိုက်နိုင်ပါဘူး ။
.................................................
မှတ်ချက် .. အတိုကောက် short sentence တွေနဲ့တုန့်ပြန်တဲ့ အခါမှာတော့ also ကိုသုံးလေ့ မရှိပဲ too, either တို့ကိုသုံးလေ့ရှိပါတယ်
.
(A) I like ice cream. (B) Me, too.
(A) ကျနော် ရေခဲမုန့် ကြိုက်ပါတယ် (B) ကျနော်ရောပဲ ။
....
(A) I don’t like hamburger. (B) Me, either.
(A) ကျနော် ဟမ်ဘာဂါ မကြိုက်ပါဘူး (B) ကျနော်လည်း မကြိုက်ပါ ။
....
(A) I can sing. (B) I can’t. (C) I can’t either.
(A) ကျနော် သီချင်းဆိုနိုင်တယ် (B) ကျနော် မဆိုနိုင်ပါဘူး (C) ကျနော်လည်း မဆိုနိုင်ပါဘူးဗျာ ။
.
များသွားပြီလား ၊ ယှဉ်တွဲပြီး မှတ်တာက သုံးတဲ့အခါ ဘာသုံးမလဲ ခွဲခြားဖို့ ပိုလွယ်တာကြောင့် တဆက်တည်းရေးလိုက်ရပါတယ် ..
လေ့လာမှုများကို အသုံးချနိုင်ကြပါစေ.. 
.
မေတ္တာဖြင့်.
Credit to အင်္ဂလိပ်စာ စိတ်ဝင်စားသူများအဖွဲ့ By Sayar WinNaingOoheart emoticon heart emoticon

Post a Comment

0 Comments

Close Menu