Ad Code

Responsive Advertisement

♪ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြသာနာများ ♫



မေး - အစ်ကို ကျွန်တော့်ဖုန်းက အားသွင်းရင် အားပြည့်တာမြန် တယ်။ ၄% လောက်ကနေ စသွင်းလိုက်ရင် ၅ မိနစ်လောက်ဆို ၆၀% ရာက်သွားတယ်။ အသုံးလိုလို့ဖြုတ်လိုက်ရင် အားက ၁၅% လာက်ပြန်ရောက်သွားတယ်။ အဲ့တာ ဘာဖြစ်တာလဲမသိဘူးဗျ။
ဖြေ - အစ်ကိုရေ အစ်ကို့ဖုန်းက ရေဝင်ဖူးလား၊ အားသွင်းရင်းဖုန်း ကိုအသုံးပြုဖူးလားဗျ။ အဲ့လိုမျိုးတွေကြောင့်ဖြစ်တာများတယ်။ ဘက် ထရီလဲကြည့်လိုက်ပါအစ်ကို။ အဆင်ပြေသွားပါလိမ့်မယ်။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Speaker အသံကြီး ဝါးဝါး ကြီးဖြစ်နေတယ်။ အသံမကောင်းဘူး။ ဘာလုပ်ရမလဲမသိဘူးဗျ။
ဖြေ - အစ်ကိုရေ အစ်ကို့ဖုန်းကို ဒီလို Error မဖြစ်ခင်က ဆိုင်တွေပြ ဘူးလား။ ဒီလို Error က Software မှားရေးရင်လည်း ဖြစ်နိုင်တယ်။ အသံပိုင်းကိုလုပ်ဆောင်ပေးတဲ့ Component လေးတွေကြောင့်လည်း ဖြစ်နိုင်တယ်။ Speaker ကြောင့်လည်းဖြစ်နိုင်တယ်။ သေချာတာက တော့အစ်ကိုရေ နီးစပ်ရာဆိုင်ကိုပဲ ပြကြည့်လိုက်ပါ။
မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက G730 ပါ။ လွန်ခဲ့တဲ့တစ်ပတ် လောက်ကTouchလဲထားတယ်။ အခု Touch သုံးလို့မရဘူး။ ကြောင်ကြောင်နေတယ်။ ဘာဖြစ်တာလဲမသိဘူးဗျ။
ဖြေ - အစ်ကိုရေ အဲ့တာကတော့ 730 တွေမှာ Touch က (or) နဲ့ ရိုးရိုး ဆိုပြီးတော့ ၂ မျိုးလာတယ်။ အစ်ကို့ကိုထည့်ပေးလိုက်တဲ့ Touch က ရိုးရိုးဖြစ်မယ်။ ရိုးရိုး Touch တွေက Quality ညံ့တယ်။ တစ်ပတ်လောက် ပဲသုံးခံတယ်။ ပြီးတော့ ပြန်ကြောင်သွားတယ်။ Service ဆိုင်ကို (or) လဲပေးပါလို့ပြောပြီး လဲခိုင်းလိုက်ပါ။
မေး - ကျွန်တော့်ကိုလာပြတဲ့ Samsung ဖုန်းလေးက Power ပွင့် တယ်။ ပြီးတော့ အထဲက LCD မှာ အနီတွေ၊ အစိမ်းတွေပြေးနေ တယ်။ အစ်ကိုတို့ဆိုဘယ်လိုလုပ်မလဲ။
ဖြေ - ကျွန်တော်ကတော့ Hardware နဲ့ စမ်းကြည့်တယ်။ အကုန် ကောင်းတယ်ဗျာ။ ဒီတော့ Firmware တင်လိုက်တယ်ဗျာ။ အားလုံး ကောင်းသွားတယ်။ အဓိကက ဖုန်းတစ်လုံးကို သေချာဆုံးဖြတ်ပါ။ ရန်းပြီးမလုပ်ဖို့သတိပေးချင်ပါတယ်။
မေး - အစ်ကိုတို့ရေ ဈေးကွက်ထဲမှာ Open Phone က ခေတ်စား နေတယ်ဗျာ။ သုံးလို့လဲကောင်းတယ်။ Error ရှိတယ်ဗျာ။ အရမ်း ထူးဆန်းတယ်။ ကျွန်တော်ရှိရောက်လာတယ်ဗျာ။ Passwords Lock ကျနေတယ်ဗျာ။ ကျွန်တော်က Factory Reset ချတယ်။ မရဘူး။ အစ်ကိုတို့ဆိုဘယ်လိုလုပ်မလဲ။ Firmware တင်တယ်။ မရဘူး။
ဖြေ - အစ်ကိုတို့ရေ ဖုန်းလေးကို MTK CPU ကိုသုံးထားတယ်ဗျာ။ ကျွန်တော် SP Flash Tool နဲ့ Firmware တင်တယ်။ မရဘူး။ Lock မ ပြုတ်ဘူး။ ဒီတော့ ကျွန်တော် SP Flash Tool ကို စမ်းကြည့်တယ်။ Flash Tool ထဲမှာပဲ Format ပါတယ်ဗျာ။ စမ်းလိုက်တယ်။ Firmware ကို Format ရိုက်လိုက်တယ်။ ပြီးတော့ ဖုန်းကို Firmware တင်တာ အ ဆင်ပြေသွားပါတယ်ဗျာ။ အခု Open က ဒီအတိုင်းဖြစ်နေတယ်ဗျာ။
မေး - အစ်ကို ကျွန်တော့်ဖုန်းက Home Key တွေ Back Key တွေ Menu Key တွေက အလုပ်မလုပ်တော့ဘူး။ ဘယ်လိုလုပ်ရင်အဆင် ပြေမလဲအစ်ကို။ အဲ့တာလေးပြောပြပေးပါ။
ဖြေ - ဟုတ်ကဲ့။ အဲ့တာကတော့ အစ်ကိုတို့ရဲ့ Touch မကောင်းတာ ကြောင့်ဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။ Touch လဲရင်လ Touch မလဲချင် လျှင် Easy Touch .apk ကိုအသုံးပြုလို့ရသလို အစ်ကိုတို့ရဲ့ဖုန်းကို Root ဖောက်ထားလျှင် Rootexplorer.apk ကို Install လုပ်ပြီး ထို apk ထဲသို့ ဝင်လိုက်ပါ။ Software ထဲရှိ Mounted as r/o ကို Mounted as r/w အဖြစ် ပြောင်းပေးပါ။ ပြီးလျှင် System > Build.prop ကို ၃ စက္ကန့်လောက် ဖိထားပါ။ Open in Text Editor ထဲသို့ဝင်ပါ။ Text File ကျလာလျှင် အောက်ဆုံးသို့ဆင်းပြီး စာကြောင်းတွေအားလုံး၏ အောက်ဆုံးတွင် (qemu.hw.mqinkeys=0) ဟုရိုက်ပြီး Save လိုက်ပါ။ ပြီးလျှင်ဖုန်းကို Restart ချလိုက်ပါ။ ပါဝါပြန်တက်လာလျှင် Sony ဖုန်းများတွင်ပါသည့်အတိုင်း ဖုန်း၏အောက်ခြေနားတွင် Back / Home / Menu Keys များပါလာပါလိမ့် မည်။
မေး - အစ်ကို ကျွန်တော့်ဖုန်းက Huawei G615-U10 ပါ။ အားသွင်း ကြိုးထိုးရင် အားဝင်တဲ့ အချက်ပြမီးလေးပဲလင်းတယ်။ ပါဝါဖွင့်ရင် ပါဝါမပွင့်ဘူး။ ဘာဖြစ်တာလဲမသိဘူးဗျ။
ဖြေ - အစ်ကိုရေ အဲ့ Error က ဖုန်းရဲ့ Charger နဲ့ ပါဝါပိုင်းကဖြစ်နေ တာပါ။ အဲ့တာကို အားသွင်းကြိုးထိုးပြီး ခဏခဏဖွင့်နေလို့မကောင်း ဘူးဗျ။ မလိုအပ်တဲ့ တခြားအပိုင်းတွေပါ ထိခိုက်ကုန်လိမ့်မယ်။ အ ကောင်းဆုံးက နီးစပ်ရာဆိုင်တစ်ဆိုင်မှာ အမြန်ပြလိုက်ပါ။

ဤကဏ္ဍကို Today Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

Post a Comment

0 Comments

Close Menu