Ad Code

Responsive Advertisement

မိုး / သရက် / ကြွက် / အိုး နှင့်တူသောလူများ



မိုး / သရက် / ကြွက် / အိုး နှင့်တူသောလူများ
******************************
မိုး မှာတောင် မိုး ( ၄ ) မျိုး ခွဲခြားထားပါသည်
---------------------------------------------------
၁ ။ ချုန်းရုံသာ ချူန်း၍ မရွာသော မိုး
၂ ။ ရွာရုံသာရွာ ၍ မချုန်းသော မိုး
၃ ။ ချုန်းလည်းချုန်း ရွာလည်းရွာသော မိုး
၎။ ချုန်းလည်း မချုန်း ရွာလည်း မရွာသောမိုး
ထိုကဲ့သို့ မိုးနှင့် နှိုင်း လူ ၄ မျိုး မှာ
၁။ ပြောရုံသာ ပြော၏ ပြောသည့်အတိုင်းမလုပ်
၂။ လုပ် ကား လုပ်၏ ပြောကား မပြော
၃။ ပြောလည်း ပြော၏ လုပ်လည်း လုပ်၏
၎ ။ ပြောလည်း မပြော လုပ်လည်း မလုပ်
ိုထိုကဲ့သို့ ခွဲခြားထားပါသည်
သရက် မှာတောင် သရက် ( ၄ ) မျိုးခွဲခြားထား
ပါသည်။
---------------------------------------------------
၁။ စိမ်းလျက် မှည့်ရောင် ရှိသော သရက်သီး
၂။ မှည့်လျက် စိမ်းရောင်ရှိသော သရက်သီး
၃။ စိမ်းလျက် စိမ်းရောင် ရှိသော သရက်သီး
၎။ မှည့်လျက် မှည့်ရောင်ရှိသော သရက်သီး
ထို သို့ သရက်နှင့် နှိုင်း လူ ၄ မျိုး မှာ
၁။ ကြည်ညိုဖွယ်ရှိလျက် အမှန်တရားကို
မသိသော ပုဂ္ဂိုလ်
၂။ ကြည်ညိုဖွယ် မရှိပဲ အမှန်တရား သိသော
ပုဂ္ဂိုလ်
၃။ ကြည်ညိုဖွယ် လည်း မရှိ အမှန်တရား ကို လည်း မသိသော ပုဂ္ဂိုလ်
၎။ ကြည်ညိုဖွယ်လည်း ရှိ အမှန်တရား ကို လည်း သိသော ပုဂ္ဂိုလ်
တို့ ဖြစ်ပါ သည်။
ကြွက် ကိုတောင် ကြွက် ( ၄ ) မျိုးခွဲခြားသည်
--------------------------------------------------
၁။ တွင်းတူးလျက် မအောင်းသော ကြွက်
၂။ အောင်းလျက် တွင်းမတူးသော ကြွက်
၃။ တွင်းလည်းတူး အောင်းလည်းအောင်သောကြွက်
၎။တွင်းလည်း မတူး အောင်းလည်းမအောင်း
သော ကြွက်
ဟူ၍ ဖြစ်ပါသည်။
ထိုသို့ ကြွက် နှင့် နှိုင်း လူ ၄ မျိုး မှာ
၁။ ပိဋက သာတတ်လျက် အမှန်တရား ကို မသိသော ပုဂ္ဂိုလ်
၂။ ပိဋက မတတ်ပဲ အမှန်တရား ကို သိသော
ပုဂ္ဂိုလ်
၃။ ပိဋကလည်း တတ် အမှန်တရား ကိုလည်း
သိသော ပုဂ္ဂိုလ်
၎။ပိဋက လည်း မတတ် အမှန်တရား ကိုလည်း မသိသော ပုဂ္ဂိုလ်
ဟူ ၍ ဖြစ်ပါသည်။
အိုး ကို တောင် အိုး ၄ မျိုး ခွဲခြားထားပါသည်
-------------------------------------------------
၁။အတွင်း၌ အချည်းနှီး ဖြစ်လျက် ပိတ်ထားသော အိုး
၂။ အတွင်း၌ ပြည့်လျက် ဖွင့်ထား သော အိုး
၃။ အတွင်း၌ အချည်းနှီးလည်း ဖြစ် ဖွင့်လည်း
ဖွင့် ထားသော အိုး
၎။အတွင်း၌ ပြည့်လည်းပြည့် ပိတ်လည်း ထားသော အိုး
ဟူ၍ ဖြစ်ပါ သည်။
ထိုသို့ အိုးနှင့် နှိုင်း လူ ၄ မျိုး မှာ
၁။ ကြည်ညိုဖွယ် ရှိလျက် အမှန်တရားကို မသိသော ပုဂ္ဂိုလ်
၂။ ကြည်ညိုဖွယ် မရှိပဲ အမှန်တရားကို သိသော ပုဂ္ဂိုလ်
၃။ကြည်ညိုဖွယ် လည်း မရှိ အမှန်တရားလည်း မသိရှိသော ပုဂ္ဂိုလ်
၎။ ကြည်ညိုဖွယ်လည်း ရှိ အမှန်တရားကို လည်း သိသောပုဂ္ဂိုလ်
ဟူ ၍ ခွဲခြား ထား ပါသည် ။
ကျမ်းကိုး ဆရာကြီး ဦးသော်ဇင် ၏
အဘိဓမ္မာ စာအုပ်မှ့
မိမိကောင်းမှု အကြောင်းပြု တောင်းဆု ပြည့်နိုင်ကြ ပါစေ့
Credit to မှတ်စုကြမ်း ‪#‎kazaw‬









Post a Comment

0 Comments

Close Menu