Ad Code

Responsive Advertisement

Google Play Services ၏ Data/Cache များကို စီမံခြင်းနှင့် ရှင်းလင်းခြင်း

Android ဖုန်းတွေမှာ ဖုန်းကနေ သုံးစွဲသူ အသုံးပြုထားသမျှ Download ဆိုင်ရာ အချက်အလက်တွေ၊ ဝက်ဘ်ဆိုက်ပေါ်မှာ ရှာဖွေထားတဲ့ အချက်အလက်တွေနဲ့ App & Game တွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို Search History အနေနဲ့ သာမကဘဲ Temp အချက်အလက်တွေ အနေနဲ့ပါ OS ကနေ သိမ်းဆည်းထားပါတယ်။ အဲ့ဒီလိုမျိုး အချက်အလက်တွေ များလာတဲ့အခါ ဒါမှမဟုတ် Temp အချက်အလက်တွေ များလာတဲ့ အခါမျိုးတွေမှာ ဖုန်းအသုံးပြုရတာ နှေးတယ်လို့ ခံစားရမှာ ဖြစ်တဲ့အပြင် ဖုန်းရဲ့သိုလှောင်မှုပ မာဏကလည်း မလိုလားအပ်တဲ့ အချက်အလက် ဖိုင်တွေနဲ့ ပြည့်နေတတ်ပါတယ်။ အဲဒါကြောင့် App & Game တစ်ခုချင်းစီက Data နဲ့ Cache ဖိုင်တွေကို  သက်ဆိုင်ရာ App ရဲ့ Settings ကနေ သွားရောက်ရှင်း လင်းနိုင်အောင် ဖန်တီးပေးထားပါတယ်။ Gmail, Search, Google Play Music, Play Games, Drive, Hangouts, Google+, Voice Search, Chrome စတဲ့ ဖုန်းမှာ Google ကနေ ထည့်သွင်းပေးထားတဲ့ App စနစ် အားလုံးရဲ့ အချက်အလက် Data နဲ့ Cache အချက်အလက် တွေကတော့ Google Play Services ထဲမှာ ပါဝင်ပါတယ်။ Google ကနေ ထည့်သွင်းပေးထားတဲ့ ဆော့ဖ်ဝဲတွေရဲ့ အချက်အလက် Data နဲ့ Cache အချက်အလက်တွေကို Google Play Services ထဲကနေ စီမံနိုင်မှဖြစ်သလို ရှင်းလင်းခြင်း တွေကိုလည်း တစ်နေရာတည်းကနေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Google Play Services ရဲ့ အချက်အလက် Data တွေ ကို စီမံခြင်းနဲ့ Cache တွေ ရှင်းလင်းခြင်းကို ဖော်ပြပေးလိုက်ပါတယ်။
ဖုန်းထဲက Settings icon ကို ရှာပြီးနှိပ်လိုက်ပါ။ (Settings ကို ဖုန်း screen အပေါ်ကနေ ပွတ်ဆွဲလိုက်ပြီး ကျလာတဲ့ ဘောက်ထဲက Settings icon လေးကို ရွေးချယ်၍လည်း ဖုန်း Settings ထဲကို ဝင်ရောက်နိုင်ပါတယ်။
ဖုန်းရဲ့ Settings ထဲကိုရောက် သွားရင်တော့ Apps  or Application manager ဆိုတာကို ရှာပြီး ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။
Apps ကို နှိပ်လိုက်ရင်တော့ ဖုန်းထဲမှာရှိသမျှ App နဲ့ Game တွေကို Downloaded, Running, All ဆိုပြီး သုံးပိုင်းခွဲကာ တွေ့ရမှာ ဖြစ်ပါတယ်။ Downloaded အောက်က Google Play Services ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။
Google Play Services ကို နှိပ်လိုက်ရင်တော့ Play Services App ရဲ့ အချက်အလက် info တွေကို မြင်တွေ့ရမှာ ဖြစ်ပြီး App info ထဲက Manage space ဆိုတာကို ရွေးလိုက်ပါ။
Manage space ကို နှိပ်လိုက်ရင်တော့ Google Play services storage ထဲကိုရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီထဲကမှ Manage search data ကို ထပ်ပြီးရွေးလိုက်ပါ။
Search Data ထဲကို ရောက်သွားရင်တော့ Google ကနေ ထည့်သွင်းပေးထားတဲ့ App တစ် ခုချင်းစီရဲ့ အသုံးပြုထားတဲ့ အချက်အလက် Data ပမာဏကို တွေ့ရ မှာ ဖြစ်ပါတယ်။ ကိုယ်အနေနဲ့ Data နဲ့ Cache ရှင်းလင်းချင်တဲ့ App ကို ရွေးချယ်လိုက်ပါ။ ဒီမှာတော့ Google Search App ကို ရွေးထားပါတယ်။
Google Search ရဲ့ App info ထဲကို ရောက်သွားရင်တော့ အောက်ပါအတိုင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Clear data ဆိုတာ ကို နှိပ်လိုက်ရင်တော့ သတိပေးချက်ဘောက် တစ်ခုပေါ်လာမှာ ဖြစ်ပါတယ်။ OK ကို ရွေးချယ်လိုက် မယ်ဆိုရင်တော့ Google Search နဲ့သက်ဆိုင်တဲ့ App Data တွေကို လုံးဝဖျက်လိုက်မှာ ဖြစ်ပါတယ်။ ကိုယ်ကသေချာတယ် ဆိုရင်တော့  OK ကိုရွေးချယ်ပြီး မဖျက်သေးဘူး ဆိုရင်တော့ Cancel ကိုနှိပ်ပြီး သတိပေးချက်ကို ပြန်ဖျောက်နိုင်မှာ ဖြစ်ပါတယ်။
Clear data အောက်နားက Clear cache ဆိုတာကို ရွေးလိုက်မယ် ဆိုရင်တော့ App ရဲ့ အချက်အလက်တွေကို ရှင်း လင်းပေးမှာဖြစ်ပြီး မည်သည့် သတိပေးချက်မှ ပေါ်လာမှာ မဟုတ်ပါဘူး။
အဲလိုမျိုး Google Play Servies အောက်က App တွေကို တစ်ခုချင်း Data နဲ့ Cache အချက် အလက်တွေ ရှင်းလင်းနိုင်သလို Google Play Service Storage အောက်က Clear all data ကိုနှိပ်ပြီးလည်း သူ့မှာပါဝင်တဲ့ App စနစ်အားလုံးက အချက်အလက် တွေကို ရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ရှင်းလင်းလိုက် မယ်ဆိုရင်တော့ ဖိုင်အချက်အလက်တွေ အားလုံးအပြင် ကိုယ့်ထည့်သွင်းထားတဲ့ Google အကောင့်တွေနဲ့ databases ဆိုင်ရာ အချက်တွေကိုပါ ဖုန်းထဲကနေ ဖျက်လိုက်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် Clear all Data အစား App တစ်ခုချင်းစီထဲဝင်ပြီး ကိုယ်ဖျက်ချင်တဲ့ App ကိုသာရွေးချယ်ပြီး သူ့ရဲ့ Data နဲ့ Cache ကို ဖျက်တာသာ အကောင်းဆုံး လို့ အကြံပြုလိုက်ပါတယ်။

Post a Comment

0 Comments

Close Menu