Ad Code

Responsive Advertisement

♪ iPhone ကိုင်သူတွေကြားမှာ နာမည်ကြီးနေတဲ့ storage space ချက်ချင်း အများကြီးလွတ်သွားအောင် လုပ်နည်း ♫

1459920892212




(၄) Settings ထဲ ပြန်ရောက်သွားလို့ ဖုန်း storage ကို ပြန်ကြည့်တဲ့အခါ၊ အရင်တုန်းကထက် storage ပို လွတ်သွားတာကို ထူးဆန်းစွာ တွေ့မြင်ရပါလိမ့်မယ်။ ဂီဂါဘိုက်နဲ့ချီ အများကြီး လွတ်သွားတာမျိုး မဟုတ်ဘဲ 400 MB လောက် လွတ်သွားတာကို မြင်ရမှာပါ။
ဒါဆို ဒီနည်းလမ်းက 400 MB လောက်ပဲ လွတ်သွားတယ်ပေါ့။ သိပ်မမိုက်ဘူး မထင်ပါနဲ့။ ဒီနည်းလမ်းအတိုင်း iTunes Store သွားလိုက်၊ အခွေဌားလိုက်၊ storage မလွတ်လို့ Settings ထဲ ပြန်ဝင်သွားလိုက်၊ အကြိမ်ကြိမ် လုပ်နေရင် နောက်ဆုံး 1 or 2 GB လောက် storage လွတ်သွားတာကို မြင်တွေ့ရမှာပါ။ Available storage မှာ နောက်ဆုံး GB ထပ်မတက်လာတော့တဲ့အချိန်အထိ ဆက်တိုက်လုပ်နိုင်ပါတယ်။
လက်ရှိအချိန်ထိ ဒီနည်းလမ်းက ဘယ်လိုအလုပ်လုပ်သွားတာလဲဆိုတာ သေချာမသိရသေးပေမယ့်၊ ဖြစ်နိုင်တာကတော့ ဖုန်းထဲက cache ဖိုင်တွေ၊ app က ယူထားတဲ့ storage ပမာဏတစ်ချို့ကို iOS က အလိုအလျောက်ဖျက်ပေးသွားတာမျိုး ဖြစ်ပါလိမ့်မယ်။ ဘာပဲပြောပြော တော်တော်မိုက်တဲ့ trick လေးမို့လို့ iPhone ပရိတ်သတ်တွေနဲ့အတူ မျှဝေလိုက်ပါတယ်။

Re: Gadgets 360


Credit to ==> Digital Times

Post a Comment

0 Comments

Close Menu