ပထမဆုံး...
မိမိစက်ဟာ 32Bit Operating System လား ? 64Bit Operating System လား ? ဆိုတာ သိထားဖို့လိုပါမယ်... တကယ်လို့ မသိသေးဘူးဆိုရင် အောက်ပါပုံအတိုင်း Window Logo နဲ့ Pause ဆိုတဲ့ Key နှစ်ခုကို တွဲနှိပ်လိုက်ပါ။
(ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)
ပုံမှာ မြင်တွေ့ရတာကတော့ 64Bit Operating System ပါ.. 32Bit Operating System ဆိုရင် အပြာရောင်နဲ့ ပြထားတဲ့ နေရာလေးမှာ 32Bit Operating System လို့ ပြနေပါလိမ့်မယ်။
32Bit Operating System Or 64Bit Operating System ဆိုတာ သိပြီးပြီဆိုရင်.....
ဒေါင်းလို့ရလာတဲ့ Program လေးကို Double Click နဲ့ Run လိုက်ပါ...
32Bit Operating System Or 64Bit Operating System ဆိုတာ သိပြီးပြီဆိုရင်.....
Window XP ကနေ Window 7/8/8.1/10 အထိ အလုပ်လုပ်တဲ့ ဒီ Zawgyi Font Installer လေးကို ဒေါင်းယူပါ... Font ရော Keyboard ပါ အလွယ်တကူ ထည့်သွင်းနိုင်တဲ့ 2 in 1 Program လေးပါ....32Bit Operating System မှာရော 64Bit Operating System မှာပါ အသုံးပြုနိုင်ပါတယ်..။ ဒီ Program လေးကိုတော့ Phyo Zin Linn ကရေးထားတာဖြစ်ပါတယ်..။
ဒေါင်းလို့ရလာတဲ့ Program လေးကို Double Click နဲ့ Run လိုက်ပါ...
Install Font ကို နှိပ်ပြီး Next နဲ့ Install လုပ်ပါ...
သင့်စက်ဟာ 32Bit Operating System ဆိုရင် ဒီအဆင့်မှာပင် OK ကို နှိပ်ပြီး စက်ကို Restart ချပေးလိုက်ရင် မြန်မာလို ရေး/ဖတ် နိုင်ပါပြီ..။
64Bit Operating System ဆိုရင်တော့ Cancel ကိုနှိပ်ပြီး
Install Keyboard ကို ဆက်နှိပ်ပေးကာ Next နဲ့ Install လုပ်ပေးပါ...
ခဏလေး စောင့်ပေးလိုက်ပါ အောက်ကပုံလို ပေါ်လာရင် Close နဲ့ ပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။
တကယ်လို့ အောက်ကပုံလို ပေါ်နေရင်တော့ Keyboard ကို အရင်က သွင်ထားဖူးလို့ပါ.. Repair the keyboard layout ကို နှိပ်ပြီး Finish ကို ဆက်နှိပ်ပေးလိုက်ပါ။ အားလုံးပြီးရင် စက်ကို Restart ချပေးဖို့လိုပါမယ်။
စက်ပြန်တတ်လာလို့ မြန်မာလို ရေးဖို့အတွက် Ctrl + Shift နဲ့ Keyboard ခေါ်မရသေးဘူးဖြစ်နေရင်တော့..Control Panel ကတဆင့်.......
(ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)
အထက်ပါပုံလေးတွေအတိုင်း ပြင်ဆင်ပေးပြီး စက်ကို Restart ချပေးလိုက်ပါ... စက်ပြန်တတ်လာရင် Ctrl + Shiftကို တွဲနှိပ်ကာ မြန်မာလို ရေးနိုင်ပါပြီ။
Window 7 မှာ Keyboard ခေါ်မရရင်တော့ ဒီနေရာမှာ ရေးထားပါတယ်..။
နောက်ထပ်...
မြန်မာစာနဲ့ ပါတ်သတ်ပြီး ဖြစ်လေ့ရှိတဲ့ ဆက်စပ်တာလေးတွေကို တခါတည်း လမ်းညွှန်ပေးလိုက်ပါတယ်....
Window 8 / 8.1 / 10 တွေက Folder Name တွေ မြန်မာလို မပေါ်ရင် ဒီ Post ထဲကအတိုင်း ပြင်ဆင်ပေးနိုင်ပါတယ်။
Window 7 မှာဆိုရင်တော့.....
Desktop ပေါ်မှ လွတ်တဲ့ တနေရာမှာ Right Click နှိပ်ပြီး
ကျန်တာတွေကိုတော့ ပုံမှ နံပါတ်စဉ်အတိုင်း ပြင်ဆင်ပေးလိုက်ပါ..။
အားလုံးပြီးရင် အောက်ကပုံလေးအတိုင်း အဆင်ပြေသွားမှာပါ....။
နောက်တစ်ခုက Notepad ပေါ်မှာ မြန်မာစာတွေရေးပြီး Save တဲ့အခါ (???) တွေချည်းဖြစ်နေတတ်တာပါ... အဲ့ဒီလိုဖြစ်နေရင်...
Save လုပ်တဲ့အခါ ပုံပါအတိုင်း Unicode ကို ရွေးပြီးမှ Save လုပ်ပါ..။
နောက်ထပ် ဖြစ်တတ်တာတွေကတော့.....
Firefox Browser မှာ မြန်မာစာမမှန်ရင် ဒီနေရာ မှာ ရေးထားပါတယ်။
Chrome Browser အတွက်ကိုတော့ ဒီနေရာ မှာရေးထားပါတယ်။
Opera Browser အတွက်ကတော့ ဒီနေရာ မှာပါ။
အင်တာနက်ကို အခုမှ စ,တင်အသုံးပြုသူတွေအတွက်
အင်တာနက်နဲ့ ပါတ်သတ်တဲ့ Download ဆွဲခြင်း၊ သိလိုသည်များ ရှာဖွေခြင်း စ,တဲ့ အကြောင်း အရာတွေကိုတော့ ဒီနေရာ မှာ ဖတ်ရှု့နိုင်ပါတယ်။ (အင်တာနက်ကို အခုမှ စ သုံးတာဆိုရင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ)
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့
ဆုမွန်ကောင်းတောင်းရင်း
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji