Ad Code

Responsive Advertisement

LG G5 H850 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း

LG G5 H850 ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းကို TWRP Recovery ထည့်သွင်းအသုံးပြုမယ်ဆိုရင်တော့
လိုအပ်ချက်များကိုကြိုတင်လေ့လာထားရမှာပဲဖြစ်ပါတယ်။


လိုအပ်ချက်များ
=========
ဖေါ်ပြပါ Twrp recovery ထည့်သွင်းနည်းသည် LG G5 H850 ဖုန်းအတွက်
သီးသန့်ဖြစ်ပါတယ်၊ တစ်ခြား Device တွင် ထည့်သွင်းခြင်းမျိုးလုံးဝမပြုလုပ်ပါနဲ့။

ကွန်ပျူတာတွင် လိုအပ်မယ့် ADB USB Driver ကိုသေချာအောင်ပြုလုပ်ထားပါ
မိမိဖုန်းမှာ Bootloader Unlock ပြုလုပ်ထားပြီးသားဖြစ်နေရပါမည်။


ကြိုတင်ပြင်ဆင်ရမယ့်အချက်များ
===================
ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ

အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း
နှိပ်သွားလိုက်ပါပြီးရင် Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ

ပေါ်လာတဲ့ Developer Option မှ USB Debugging Mode ကို
 Enable ပြုလုပ်ပါ၊ လိုအပ်ရင် ဖုန်းကို Backup ပြုလုပ်ထားလိုက်ပါ။


လိုအပ်တာများကိုအရင်ရယူလိုက်ပါ




How to Install TWRP Recovery 
=====================
၁။ ကွန်ပျူတာတွင်လိုအပ်မယ့် ADB & Fastboot Driver ကိုသေချာအောင်လုပ်ပါ

ဒေါင်းလော့ရလာတဲ့ Zip ဖိုင်များကို ဖြည်လိုက်ပါပြီး TWRP file ကို
ADB & Fastboot Folder ထဲမှာထည့်ထားလိုက်ပါ

၂။ ဖုန်းမှာ USB Debugging Mode ကို Enable ပြုလုပ်ထားပါ

Fastboot Folder ကိုဖွင့်လိုက်ပြီး Shift key and right-click တစ်ချက်ထောက်ပြီး
“open a new command window here” ဆိုတာကိုနှိပ်လိုက်ပါ။


adb reboot bootloader


အောက်ပါစာကြောင်းကို ထပ်ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။


fastboot flash recovery twrp-3.0.2-0-h850.img


Flash ပြုလုပ်နေတုန်းခနစောင့်နေလိုက်ပါ ဒီအတွက်ဖုန်းကို
ပါဝါပိတ်ပြီး၊ Vol down+Power ကိုတွဲနှိပ်ထားလိုက်ပါ

LG logo ကိုမြင်နေရရင် Power ခလုပ်ကိုလွှတ်လိုက်ပါ
Vo + Down ကီးကိုဆက်နှိပ်ထားလိုက်ပါ။

Factory Reset screen ကိုထပ်မြင်နေရတဲ့အခါ Yes ကိုသာနှိပ်ပေးလိုက်ပါ
LG G5 H850 ဖုန်းကို TWRP Recovery ထည့်သွင်းပြီးပါပြီ။



ဇူးနစ်(နည်းပညာ)


Post a Comment

0 Comments

Close Menu