Ad Code

Responsive Advertisement

MiUI Devices တွေအတွက် Google Play Store ကို ထည့်သွင်းနည်း


MiUI Devices တွေအတွက် Google Play Store ကို ထည့်သွင်းနည်းကို
အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လူကြိုက်များပြီး စမတ်ကျကျ ဈေးကွက်စီးပွါးရေးကို ထိုးပေါက်နေတဲ့
စမတ်ဖုန်းတွေထဲမှာ Xiaomi လည်း ရှေ့တန်းကရပ်တည်နေပါတယ်။


နှစ်အနည်းငယ်အတောအတွင်းမှာ နာမည်ရလာတဲ့ ဒီ Xiaomi ဖုန်းအမျိုးအစား
အတွက် ကံဆိုးတာက Google Services နဲ့ပတ်သက်ပြီး ပါဝင်လာခြင်းမရှိခြင်းက
အသုံးပြုသူ Users များအတွက် လိုအပ်ချက်တစ်ခုအနေဖြင့် ရှိနေဆဲပါ။

ယခုဖေါ်ပြပါ MiUI Devices တွေအတွက် Google Play Store ကို ထည့်သွင်းနည်းသည်
MiUI devices အတွက်သာ သီးသန့်ဖြစ်ကြောင်း ကြိုတင်ပြောကြားလိုပါတယ်။


လိုအပ်ချက်များ
=========
၁။ မိမိဖုန်း MiUI Devices တွင် နောက်ဆုံးထွက် MiUI ကိုထည့်သွင်းခြင်းမျိုးဖြစ်နေရပါမယ်

၂။ Google Play Services နဲ့ Play Store များအတွက် အရင်ထည့်သွင်းထားပါက
 Error ကင်းအောင် ပြန်လည်ပြုလုပ်ထားသင့်ပါတယ်။

၃။ ဖုန်းတွင် Settings » Security » ‘Unknown Sources‘ ကိုအမှန်ခြစ်ပေးထားပါ။

၎။ ပြသနာကို ဖြေရှင်းပေးဖို့ရန်အတွက် Google Installer APK တော့အသင့်ရှိနေရပါမယ်။





Install Play Store on MiUI Devices
=======================
အထက်ဖေါ်ပြပါ လိုအပ်ချက်များနဲ့ အားလုံးအဆင်ပြေပြီဆိုရင်တော့
MiUI Devices တွင် Play Store ကိုအောက်ပါ Instruction အတိုင်း ထည့်သွင်းနိုင်ပါပြီ။

၁။ အပေါ်မှာ ပေးထားတဲ့ Google Installer APK ကို အရင်ဒေါင်းလော့ရယူပြီး
ဖုန်းမှာ ထည့်သွင်းလိုက်ပါ၊ တကယ်လို့ ကွန်ပျူတာဖြင့် ရယူတယ်ဆိုရင်တော့ 
ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်ပြီး ဖုန်းရဲ့ Storage & SD Card သို့ကူးထည့်လိုက်ပါ။

၂။ ဖုန်းတွင် Settings » Security » ‘Unknown Sources‘ ကိုအမှန်ခြစ်ပေးထားပြီး
Google Installer APK ကို ဖုန်းမှာ Install ပြုလုပ်လိုက်ပါ။

၃။ ယခု Google Installer APK သည် Google Play Store အတွက် သီးသန့်မဟုတ်ပဲ
bunch of Google’s own application လို့ခေါ်တဲ့ Google Play Services apk များပါဝင်နေပါတယ်။

၎။ Google Installer APK ကို ဖုန်းမှာ ထည့်သွင်းပြီးပါက ဖွင့်လိုက်ပါ ပြီးရင် ‘Install’ ဆိုတာကိုနှိပ်ပါ
ပြီးရင် ပုံမှန်အတိုင်း Next များကိုဆက်နှိပ်သွားပြီး Finish ကိုနှိပ်ပေးလိုက်ပါ။

၅။ Apk ကိုထည့်သွင်းလို့ ပြီးသွားတဲ့အခါ ဖုန်းကို Reboot ချပေးလိုက်ပါ၊ ပြန်တက်လာတဲ့အခါ
မိမိဖုန်းမှာ Google Play Services များနဲ့ Google Play Store အတွင် အဆင်ပြေနေပါပြီ။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ) 



Post a Comment

0 Comments

Close Menu