Xiaomi Mi4i ဖုန်းဗားရှင်း MIUI 7.2.3 အတွက် Root လုပ်နည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့
Auto one click .bat ဖိုင်ဖြင့် Root ဖောက်ယူနိုင်မှာပဲဖြစ်ပါတယ်။
လိုအပ်ချက်များ
=========
၁။ မိမိဖုန်းက Xiaomi Mi4i ဖြစ်ပြီး လက်ရှိ MIUI 7.2.3 ဖြစ်နေရပါမယ်
၂။ မိမိမှာ computer လိုပါမယ်၊ Tookit ဖြစ်တဲ့အတွက် တစ်ခြား
operating systems မှာအလုပ်မလုပ်ပါ။
၃။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ
အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
How to Root Xiaomi Mi4i on MIUI 7.2.3
===========================
၁။ Xiaomi root toolkit ကိုအရင်ဒေါင်းလော့ရယူလိုက်ပါ
၂။ ဒေါင်းလော့ရလာတဲ့ zip ဖိုင်ကိုဖြည်လိုက်ပြီး desktop မှာထားပါ
၃။ zip ဖြည်ထားတဲ့ Root toolkit Folder ထဲမှ .bat file ကို
Double-click တစ်ချက်ထောက်ပြီး Run ပေးလိုက်ပါ
၎။ ပြီးရင် ဖုန်းကို Root လုပ်ရန်အတွက် 'Root' ဆိုတာကိုနှိပ်လိုက်ပါ
၅။ Root process ပြီးဆုံးရန်အတွက် screen instructions လမ်းညွန်အတိုင်း
ပြုလုပ်သွားလိုက်ရုံပါပဲ။
ဇူးနစ်(နည်းပညာ)
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji