Xiaomi Mi4i ဖုန်းကို TWRP Recovery ထည့်သွင်းနည်းကို
Xiaomi Mi4i ဖုန်းဘော်ဒါတွေအတွက် တင်ပေးလိုက်ပါတယ်။
ဒီဖုန်းကို TWRP Recovery ထည့်သွင်းမယ်ဆိုရင်တော့
Xiaomi root toolkit တွင်ပါဝင်သည့် TWRP One Click ဖြင့်အဆင်ပြေပါတယ်။
လိုအပ်ချက်များ
=========
၁။ မိမိဖုန်းက Xiaomi Mi4i ဖြစ်ပြီး လက်ရှိ MIUI 7.2.3 ဖြစ်နေရပါမယ်
၂။ မိမိမှာ computer လိုပါမယ်၊ Tookit ဖြစ်တဲ့အတွက် တစ်ခြား
operating systems မှာအလုပ်မလုပ်ပါ။
၃။ ဖုန်းမှာ OEM & USB Debugging Mode ကို Enable ပြုလုပ်ထားရမှာပါ
အဲဒီအတွက် Menu > Settings > About Device ဆိုပြီးတစ်ချက်ချင်း နှိပ်သွားလိုက်ပါပြီး
Build Number ကို ခုနှစ်ချက်လောက် ထောက်လိုက်ပါ ပေါ်လာတဲ့
Developer Option မှ OEM & USB Debugging Mode ကို Enable ပြုလုပ်ပါ။
How to install TWRP Recovery
=====================
၁။ Xiaomi root toolkit ကိုအရင်ဒေါင်းလော့ရယူလိုက်ပါ
၂။ ဒေါင်းလော့ရလာတဲ့ zip ဖိုင်ကိုဖြည်လိုက်ပြီး Desktop မှာထားပါ
၃။ zip ဖြည်ထားတဲ့ Toolkit ကို Double-click တစ်ချက်ထောက်ပြီးဖွင့်လိုက်ပါ
၎။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်လိုက်ပြီး 'Toolkit' မှ “TWRP” ဆိုတာကိုနှိပ်ပေးလိုက်ပါ၊
၅။ ဖုန်းမှာ custom recovery ထည့်သွင်းနေတုန်း ပြီးအောင်စောင့်ပေးလိုက်ပါ
ဇူးနစ်(နည်းပညာ)
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji