Ad Code

Responsive Advertisement

ခံဝင်းအတွင်းရှိ နေအိမ်ခေါင်းရင်းဘက်မှ သစ်တို ပင် သည် အလယ်မှ ပြတ်ကျ

၂၁.၅.၂၀၁၆ ရက်နေ့ ၂၂၃၀ ချိန်ခန့်တွင် သံဖြူဇရပ်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သံဖြူဇရပ်မြို့ ကြာကန်ရပ်ကွက်ကြာညိုလမ်းသွယ်(၂) အမှတ်(၅၇) နေ ဦးအောင်ကိုလတ်(၃၆)နှစ်(ဘ)ဦးမြင့်လွင် နှင့် ဇနီးဖြစ်သူ ဒေါ်ညိုညိုစန်း(၃၅)နှစ်(ဘ) ဦးအုန်းဇံ တို့ (၂)ဦး သည် နေအိမ်ပေါ် ရှိနေစဉ် ခြံဝင်းအတွင်းရှိ နေအိမ်ခေါင်းရင်းဘက်မှ သစ်တို ပင် သည် အလယ်မှ ပြတ်ကျပြီး သစ်ပင်၏ 
ပင်စည် နှင့် အကိုင်းများ နေအိမ်ပေါ်သို့ ပိခဲ့ကြောင်း
ထိုသို့ဖြစ်ပွားခဲ့ရာ ဦးအောင်ကိုလတ်၏ အလျား(၂၀)ပေခန့် အနံ(၁၂) ပေခန့်ရှိ သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း တစ်ထပ်အိမ် (၁)လုံး ပျက်စီးခဲ့ပြီး လူနှင့် အခြား ထိခိုက် ဒဏ်ရာရရှိ ပျက်စီးမှု မရှိကြောင်း နှင့် ခေတ္တသံဖြူဇရပ်မြို့မရဲစခန်းမှူး ရဲအုပ်မျိုးအောင် ဦးစီး ရဲတပ်ဖွဲ့ဝင်များမှ ပျက်စီးမှုများအား ၀ိုင်းဝန်းရှင်းလင်းဖယ်ရှားခဲ့ပါကြောင်း သတင်းရရှိပါသည်
Credit to  Arch Ga Yarzar







Post a Comment

0 Comments

Close Menu