Ad Code

Responsive Advertisement

မြန်မာနိုင်ငံမှာ အခမဲ့ကြည့်ခွင့်ရမယ့် သီပေါစော်ဘွားစဝ်ကြာဆိုင်ဘဝဖြစ်ရပ်မှန်ဇာတ်ကား

 စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်ခံရသည့်အကြောင်းအရာများအ နက်တစ်ခုဖြစ်သော  သီပေါစော် ဘွားစဝ်ကြာဆိုင်ဘဝအကြောင်း မှတ်တမ်းတင်ထားသည့် 'Twil-ight Over Burma' ရုပ်ရှင်ဇာတ်ကားကို စတုတ္ထအကြိမ်ပြုလုပ် မည့် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနိုင်ငံတကာရုပ်ရှင်ပွဲတော် တွင် ပြသ ရန်အစီအစဉ်ရှိကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောကြားသည်။
‘‘အမှန်က အဲဒီတစ်ကား တည်းမဟုတ်ဘူး။ သီပေါစော် ဘွားကြီးစဝ်ကြာဆိုင်အကြောင်း ကို ရိုက်ထားတဲ့ ရုပ်ရှင်နှစ်ခုရှိ တယ်။ တစ်ခုက ဇာတ်လမ်းရုပ် ရှင်၊ Twilight Over Burma။ နောက်တစ်ခုက မှတ်တမ်းရုပ်ရှင် The Last မဟာဒေဝီ အဲဒီနှစ်ကား စလုံးကို ပြဖို့ကြိုးစားတာ။ ဘာ ဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ စစ်တပ်အစိုးရတက် လာပြီး လူ့အခွင့်အရေးချိုးဖောက် ခံရပုံကို မှတ်တမ်းတင်ထားတဲ့ ရုပ်ရှင်အမျိုးအစားမတူတာနှစ်ခု ကို ပြဖို့ကြိုးစားတာ။ ဒါပေမဲ့ The Last မဟာဒေဝီကို ရိုက်ထားတဲ့ ဒါရိုက်တာနှစ်ယောက်က မလာ နိုင်ဘူး။ မလာနိုင်တဲ့အတွက် မပြ ဖြစ်ဘူး’’ဟု ၎င်းက ပြောကြား သည်။
အဆိုပါ ရုပ်ရှင်ဇာတ်ကား သည် တော်လှန်ရေးကောင်စီ အစိုးရဗိုလ်ချုပ်ကြီးနေဝင်းလက် ထက်တွင် ဖမ်းဆီးခံရပြီး ပျောက်ဆုံးသွားသော သီပေါစော်ဘွား ကြီးစဝ်ကြာဆိုင်အကြောင်းကို ၎င်း၏ ဇနီးသည် ဩစတြီးယား နိုင်ငံသူ မဟာဒေဝီ Inge Surgent ရေးသားခဲ့သည့် "Twilight Over Burma"စာအုပ်ကို ဩစတြီးယား နိုင်ငံမှ အမျိုးသမီးရုပ်ရှင်ဒါရိုက် တာ ဆာဘီငင်းဒါဖလင်ကာက ရုပ်ရှင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။
အဆိုပါရုပ်ရှင်ဇာတ်ကားကို Dor Flim ကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ Living Flim ကုမ္ပဏီတို့ ပူးပေါင်း ရိုက်ကူးခဲ့ပြီး ၂၀၁၄ အတွင်းကထိုင်းနိုင်ငံ၌ ရိုက်ကူးခဲ့ခြင်းဖြစ် သည်။ ဇာတ်ကားတွင် သီပေါစော်ဘွားစဝ်ကြာဆိုင်အဖြစ် ထိုင်းလူမျိုး ဒီဂျေဒါဝီရစ်ချူ လာဆာပေ့နှင့် မဟာဒေဝီစဝ်သုစန္ဒီအဖြစ် ဩစတြီးယားသရုပ်ဆောင် မာရီယာအဲရစ်တို့က သရုပ်ဆောင်ထား သည်။ Twilight Over Burma ဇာတ်ကားပြသခွင့်ကို ဝယ်ယူ ပြသခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်ပွဲတော် ပြုလုပ်မည့် ဇွန်လ ၁၄ ရက်မှ ၁၉ ရက်အတွင်း ပြသမည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။
‘‘လောလောဆယ်တော့ Opening က ဘယ်ရုပ်ရှင်ဖြစ်မလဲ ဆိုတာ မဆုံးဖြတ်ရသေးဘူး။ ဒါက လူ့အခွင့်အရေးချိုးဖောက်ခံရပုံကို ရိုက်ထားတဲ့ ဇာတ်လမ်း ရုပ်ရှင်။ ကိုယ်တို့ရုပ်ရှင်ပွဲတော်မှာ ပြလေ့ပြထရှိတဲ့ ရုပ်ရှင်အမျိုးအ စားတော့ မဟုတ်ဘူး။ တစ်ခါမှ မပြဖူးဘူး။ ဒါက ပထမဆုံးပြတာ’’ ဟု ၎င်းက ပြောသည်။
http://www.7daydaily.com/story/65291

Post a Comment

0 Comments

Close Menu