Ad Code

Responsive Advertisement

မိန်းမတောင်းသွားစဉ် မိုင်းပေါက်ကွဲမှုကြောင့် ရွာသား၂ဦးသေဆုံး


ကျောက် မဲ မြို့ နယ် ၊ မန် ခေါက် ကျေး ရွာ အုပ် စု၊ ခုံ ငင်း ကျေး ရွာ အ နီး မိုင်း ပေါက် ကွဲ မှု ဖြစ်။

၂၀၁၆ မေ လ ၁ရက် နေ့ တွင် မန် ခေါက် ကျေး ရွာ အုပ် စု ၊မန် ခေါက် ရွာ နေ ဦး အိုက် ကျော်(၅၃)နှစ် (ဘ) ဦး အိုက် ခို၊ ပ လောင် /ဗုဒ္ဓ ၊ တောင် သူ၊ သည် ၄င်း ၏ သား ဖြစ် သူ စိုင်း နေ လင်း၊ အ သက် (၂၁) နှစ် အား မိန်း မ တောင်း ပေး ရန်အ တွက် ရပ် မိ/ဖ များ နှင့် အ တူ ဆိုင် ကယ် ၁၁ စီး ဖြင့် ကွန် ကော် ကျေး ရွာ အုပ် စု၊ တော့ ဖယ် ရွာ သို့ သွား ရောက် စဉ်၊ နံက် ၈နာ ရီ ခွဲ အ ချိန်ခန့် တွင် မန် ခေါက် ကျေး ရွာ အုပ် စု၊ ခုံ ငင်း ကျေး ရွာ၊ KF792130 အ နီး အ ရောက်၊ လမ်း ၏ ယာ ဘက် ဘေး ၂ ပေ ခန့် မှ ပေါက် ကွဲ မှု ဖြစ် ပွား ခဲ့ သ ဖြင့် ဆိုင် ကယ် စီး လာ သူ ဦး အိုက် ကျော် မှာ ယာ ဘက် ဂျိုင်း အောက် ခဲ သီး ဖောက် ဝင် ဒဏ် ရာ တ ချက်၊ ယာ နား ရွက် ပြတ် ရှ ဒဏ် ရာ တ ချက်၊ ဝဲ တံ တောင် ဆစ် ခဲ သီး ဖောက် ဝင် ဒဏ် ရာ တ ချက်ရ ရှိ ခဲ့ ပြီး၊ ဦး အိုက် ကျော် ၏ နောက် မှ ဆိုင် ကယ် မောင်း နှင် လာ သူ စိုင်း ကံ (၂၀) နှစ်( ဘ)ဦး စံ ကစ်၊ ပ လောင်/ဗုဒ္ဓ၊ တောင် သူ၊ မန် ခေါက် ရွာ နေ သူတွင် ရင် ဘတ် ခဲ သီး ဖောက် ဝင် ဒဏ် ရာ တ ချက် ဖြင့် သေ ဆုံး ပြီး ၄င်း နောက် မှ စီး နင်း လိုက် ပါ လာ သူ မ နန်း အေး ထီး အ သက်(၂၂) နှစ်၊ (ဘ)ဦး ညွန့် မောင်၊ပ လောင်/ဗုဒ္ဓ၊ မန် ခေါက် ရွာ နေ သူ မှာ ယာ ခြေ ထောက် ပြတ်၊ယာ လက် ပြတ်၊မျက် နှာ စုတ် ပြတ် ဒဏ် ရာ များ ဖြင့် သေ ဆုံး ခဲ့ သည်။

သေ ဆုံး သူ များ ကို ခုံ ငင်း ကျေး ရွာ ပြင် ပ တွင် ခုံ ငင်း ကျေး ရွာ မှ သံ ဃာ တော် ငါး ပါး ပင့် ဖိတ် ပြီး၊ရပ် မိ ရပ် ဖ နှင့် ခုံ ငင်း ကျေး ရွာ သူ ကြီး တို့ မှ နေ့ လည် ၁၂နာ ရီ အ ချိန် တွင် မီး သ ဂြိုလ် ခဲ့ သည်။


ဒဏ် ရာ ရ သော ဦး အိုက် ကျော် အား ကျောက် မဲ ပြည်သူ့ တေး ရုံ ကြီး သို့ ဆိုင် ကယ် ဖြင့် ပို့ ဆောင် ခဲ့
ပြီး ဆေး ထည့် ခဲ့ သည်။ ဒဏ် ရာ မှာ ပြင်း ထန် မှု မရှိ ၍ ကျောက် မဲ မြို့ ၂ ရပ် ကွက် ကျောက် တောင်ရပ် နေ သား ဖြစ် သူ အောင် လှ(အုတ် ရိုက် လုပ် ငန်း) နေ အိမ် တွင် တည်း ခို နေ ကြောင်း သိ ရ သည်။

Tin Maung Thein
https://www.facebook.com/tinmaung.thein.7

Post a Comment

0 Comments

Close Menu