Ad Code

Responsive Advertisement

English Speaking _ Job Expressions (11)




ခက်မယ်ထင်တဲ့ ဝေါဟာရလေးတွေကို ထည့်ပေးထားပါတယ် ၊ ဖတ်ကြည့်ပြီး နားမလည်တဲ့ စာလုံးလေးတွေ တွေ့တာနဲ့ လှည့်ထွက်မသွားလိုက်ပါနဲ့ ၊ လူရယ်လို့ ဖြစ်လာစဉ် ငယ်ငယ်ကစပြီး ခက်ခဲတာ..ပိုပြီးခက်ခဲတာ တွေကို ကြိုးစားပြီး ၊ တိုး..တိုးပြီး မှတ်လာခဲ့ကြရတာ ၊ နားလည်အောင် ကြိုးစားလာကြရတာ မဟုတ်ပါလားဗျာ
……………….
(1) How do you make important decisions?
အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ခင်ဗျား ဘယ်လိုပြုလုပ်ပါသလဲ
.
(2) I make important decisions by examining all the details and then weighing the pro's and con's for each decision.
ကျနော်က အသေးစိတ်အချက်အားလုံး စစ်ဆေးပြီးတော့ ဆုံးဖြတ်ချက်တစ်ခုစီရဲ့ ကောင်းကွက်တွေ ဆိုးချက်တွေကို ချိန်ဆချင့်တွက်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်ပါတယ်
.
(3) I believe all decisions should be made by having all the information. If you are missing an important detail, it's easy to make a bad decision. So I make important decisions by having all of the information.
သတင်းအချက်အလက်အားလုံးကို ရယူခြင်းဖြင့် ဆုံးဖြတ်ချက်အားလုံးကို ပြုလုပ်သင့်တယ်လို့ ကျနော်ယုံကြည်ပါတယ် ။ ခင်ဗျားက အဓိကကျတဲ့ အသေးစိတ် အချက်အလက်တစ်ခု ကျန်နေခဲ့လျင် အဲဒါက ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တစ်ခုပြုလုပ်ဖို့ လွယ်ကူသွားပါတယ် ။ ဒါကြောင့်မို့ ကျနော်က သတင်းအချက်အလက်အားလုံး ရယူခြင်းဖြင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်ပါတယ် ။
.
(4) Important decisions are made by knowledge through information and wisdom through experience. I'll gather all the information I can find and then apply my experience while analyzing the information. With this combination, I'm confident I'll make the correct important decisions.
သတင်းအချက်အလက်တွေကနေရတဲ့ ဗဟုသုတ ၊ ပြီးတော့ အတွေ့အကြုံကနေရတဲ့ ညာဏ်ပညာ တွေကိုသုံးပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို လုပ်ပါတယ် ။ ကျနော်က တွေ့နိုင်သမျှ သတင်းအချက်အလက်အားလုံးကို စုဆောင်းပါမယ် ၊ သတင်းအချက်အလက်တွေကို စိစစ်နေစဉ်မှာ အတွေ့အကြုံကို အသုံးချပါမယ် ။ အဲဒီတွဲစပ်ပေါင်းစည်းမှုနဲ့ မှန်ကန်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကျနော်လုပ်နိုင်မယ်လို့ ယုံကြည်မှုရှိပါတယ် ။
.
(5) Why should we hire you?
ကျနော်တို့က ခင်ဗျားကိုဘာလို့ ငှားရမ်း (အလုပ်ခန့်ထား) သင့်ပါသလဲ
.
(6) I should be hired because I'm smart and friendly. I'm great at solving problems and love challenges. Most importantly, I'm dependable and reliable.
ကျနော်ကိုခန့်အပ်သင့်ပါတယ် ဘာကြောင့်လဲဆို ကျနော်က တော်ပြီး ပေါင်းဖို့သင်းဖို့ကောင်းပါတယ် ။ ကျနော်က ပြဿနာတွေကို ဖြေရှင်းရာမှာ အလွန်တော်ပါတယ် ပြီးတော့ စိန်ခေါ်မှုတွေကို နှစ်သက်ပါတယ် ။ အရေးအကြီးဆုံးက ကျနော်ကို အမှီခိုပြုနိုင်ပြီး ယုံကြည်စိတ်ချရပါတယ် ။
.
(7) You should hire me because I'm confident and I'll do the best job. This position requires someone that will work well without supervision. I know how to manage my time and organize my work well. So, I'm confident I'll be the best candidate for this position.
ခင်ဗျားတို့ကျနော့်ကိုခန့်သင့်ပါတယ် ဘာကြောင့်လည်းဆို ကျနော်က ယုံကြည်မှုနဲ့ အလုပ်ကို အကောင်းဆုံး လုပ်မှာ ဖြစ်ပါတယ် ။ ဒီနေရာ (ရာထူး) က ကြီးကြပ်ကွပ်ကဲမှု မလိုပဲ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်တဲ့ လူတစ်ယောက် လိုအပ်ပါတယ် ။ ကျနော်က အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမယ် ဆိုတာ သိပါတယ် ပြီးတော့ အလုပ်တွေကို ကောင်းစွာ စီစဉ်နေရာချထားတတ်ပါတယ် ။ ဒါကြောင့်မို့ ကျနော်က ဒီရာထူးအတွက် အကောင်းဆုံးရွေးချယ်ခံရတဲ့သူ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။
.
(8) How long does the probation period last?
အစမ်းခန့်ကာလက ဘယ်လောက်ကြာမှာပါလဲ
.
(9) The probation period last for three month.
အစမ်းခန့်ကာလက သုံးလကြာပါတယ်
.
(10) Can you tell me what part of my performance you will look at?
ကျနော့်ရဲ့ ဆောင်ရွက်ချက်တွေထဲက ဘယ်အပိုင်းကို ခင်ဗျားကြည့်မယ်ဆိုတာ ပြောပြနိုင်ပါမလား
.
(11) Yes I will look at your punctuality, work performance and your relation with me.
အင်းပေါ့ ၊ ခင်ဗျားရဲ့ အလုပ်ကို သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှု အရည်အချင်း ၊ အလုပ်စွမ်းဆောင်ချက်ရယ် ကျနော်နဲ့ ဆက်ဆံမှုအပေါ်ကြည့်မှာပါ ။
…………………. 
ဝေါဟာရများ
………………..
Decision (n) ဆုံးဖြတ်ချက်
Examining (n) စူးစမ်းစစ်ဆေးခြင်း
Details (n) အသေးစိတ်များ
Weighing (n) အလေးချိန်ခြင်း ၊ ချိန်ဆစစ်ဆေးခြင်း
pro's and con’s (n) ကောင်းကွက် ဆိုးကွက်များ
gather (v) စုဆောင်းသည်
apply (v) အသုံးချသည် ၊ အသုံးဝင်အောင်လုပ်သည်
wisdom (n) ညာဏ်ပညာ
analyzing (n) စိစစ်ခြင်း
combination (n) ပေါင်းစပ်မှု
confident (adj) ယုံကြည်မှုရှိသော
hire (v) ငှားရမ်းသည် ၊ အလုပ်ခန့်ထားသည်
efficient (adj) လုံလောက်သော
solving problems (n) ပြဿနာများ ဖြေရှင်းခြင်း
dependable (adj) မှီခိုနိုင်သော
supervision (n) ကြီးကြပ်ထိန်းသိမ်းမှု
reliable (adj) ယုံကြည်အားထားရသော
candidate (n) ကိစ္စတစ်ခုနဲ့ သင့်တော်သူ ၊ ရွေးချယ်ခံရသူ
probation period (n) အစမ်းခန့်ကာလ
performance (n) တင်ဆက်မှု ၊ လုပ်ဆောင်မှု
punctuality (n) သတ်မှတ်ချိန်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့် အရည်အချင်း
relation (n) ဆက်စပ်မှု ၊ ဆက်ဆံရေး
………………. 
ကိုက်ညီ သင့်တော်မယ်ထင်တဲ့ ၀ါကျလေးတွေကို ဆွဲထုတ် ၊ ကိုယ့်အတွက် သင့်တော်တဲ့ version ရအောင် ရောသမမွှေလုပ်ပြီး သုံးပါ ၊ သုံး..သုံး မသုံးသုံး ..အားလုံးရထားလျင် အင်္ဂလိပ်စာ စွမ်းရည်တက်စေပါလိမ့်မယ် ၊ ပညာရပ်စကားလုံးတွေမို့ လှပါတယ် ..
……………… 
မေတ္တာဖြင့် 

ဆရာဝင်းနိုင်ဦး အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook  Group မှ ကူးယူဖော်ပြသည်
https://www.facebook.com/groups/301039613329048/

Post a Comment

0 Comments

Close Menu