Ad Code

Responsive Advertisement

Facebook အစရှိတဲ့ ဖုန်းထဲရှိ ဆော့ဝဲလေးတွေကို Clone ပွားယူနိုင်တဲ့ အလန်းဆုံး ဆော့ဝဲ

မင်္ဂလာပါ
ဖုန်းဆော့ဝဲလေးတွေ မတင်ဖြစ်တာကြာခဲ့ပါပြီ ဘော်ဒါကြီး Admin များလည်း
အလုပ်များနေတော့ up to date  ပိုစ့်ကောင်းတွေ မဖတ်ဖြစ်ကြဘူးထင်ပါတယ်။

ဒီနေ့တော့ ဖုန်းဆော့ဝဲအလန်းလေးတွေကို စမ်းသပ်ကလစ်ချင်တဲ့ ညီအကိုတွေ
အတွက် သို့တည်းမဟုတ် မိမိဖုန်းရှိ Facebook အစရှိတဲ့ ဆော့ဝဲလေးတွေကို 
နှစ်ခု အဖြစ် Clone ပွားယူနိုင်တဲ့ အလန်းဆုံး App လေးကိုတင်ပေးလိုက်ပါတယ်။

သိပြီးသားသူတွေလည်းရှိပြီးဖြစ်မှာပါ မသိသေးဘူး စမ်းသပ်အသုံးပြုချင်တဲ့
သူတွေကတော့ ဒီဆော့ဝဲလေးကို စတင်အသုံးပြုကြည့်စေချင်ပါတယ်။

အရမ်းလန်းပါတယ်၊ ဆော့ဝဲ updates တွေထဲ ဒီဆော့ဝဲလေးကို အကြိုက်တွေ့မိတယ်
ဘာကြောင့်လဲဆိုတော့ ဖုန်းမှာ Facebook/viber/whatsapp/Instagram, Games စတဲ့
မိမိအကြိုက်နှစ်သက်ဆုံး ဆော့ဝဲလေးတွေကို ဖုန်းမှာ နှစ်ခုစီ ဖြစ်နေအောင် clone ပွားယူ
အသုံးပြုနိုင်တဲ့ Clone maker app လေးဖြစ်ပါတယ်။

Facebok account နှစ်ခု တစ်ပြိုင်နက်တည်းအသုံးပြုချင်တဲ့ သူတွေအတွက်တော့
အလန်းဆုံးပေါ့ဗျာ မူရင်းကောင်လေးကို Clone ပွားပေးလိုက်ရင် တစ်ချိန်တည်း အကောက်
နှစ်ခု log in လုပ်ပြီး သာသာယာယာ လေးလန်းနိုင်တာပေါ့ဗျာ...

စမ်းသပ်အသုံးပြုလိုတဲ့ ဘော်ဒါတွေကတော့ Clone app လေးကို
အောက်ကလင့်မှာဒေါင်းလော့ရယူပြီး လက်တွေ့အသုံးပြုနိုင်ပါပြီ။

လိုအပ်ချက်
========
ဒီဆော့ဝဲကိုအသုံးပြုမယ်ဆိုရင်တော့ 4.0.3 အထက်
ဗားရှင်းများမှာမှ အဆင်ပြေပြေ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။


Download Clone App (Play Store)

Download Clone App (Google Drive)

အသုံးပြုနည်း
=========
၁။ ဆော့ဝဲကိုဒေါင်းလော့ရယူပြီးဖုန်းမှာ ထည့်သွင်းလိုက်ပါ

၂။ ပြီးရင်ဖွင့်လိုက်ပါ၊ အောက်ပါပုံအတိုင်းပေါ်လာတဲ့အခါ


Start Exploring ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။


၃။ အောက်ပါပုံအတိုင်းမြင်နေရရင်တော့ Allow ကိုနှိပ်ပေးလိုက်ပါ။


၎။ အောက်ပါအတိုင်း ထပ်တက်လာရင်တော့ Add ဆိုတာကိုနှိပ်ပါ။


၆။ အောက်ပါပုံအတိုင်း ထပ်တက်လာတဲ့အခါ
အနီရောင်ဖြင့်ဝိုင်းပြထားတဲ့နေရာကိုနှိပ်လိုက်ပါ


၇။ အောက်ပါပုံအတိုင် ထပ်တက်လာပါလိမ့်မယ် Allow ကိုနှိပ်ပေးလိုက်ပါ


၈။ Add an app menu settings တွင် မိမိ Clone ပွားယူလိုတဲ့
App ကိုရွေးချယ်သတ်မှတ်လိုက်ပါ အောက်ပါပုံအတိုင်း


၉။ အောက်ပါပုံအတိုင်း မိမိဖုန်းထဲရှိ အသုံးလိုတဲ့ ဆော့ဝဲလေးတွေကို
Clone စိတ်ကြိုက်ပွားယူအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။


အားလုံးကိုကျေးဇူးတင်ပါတယ်


www.zunite.org

Post a Comment

0 Comments

Close Menu