Ad Code

Responsive Advertisement

Gionee M3 ဖုန်းကို CM13 ROM ထည့်သွင်းပြီး Android Marshmallow 6.0.1 တင်နည်း

Gionee M3 ဖုန်းကို CM13 ROM ထည့်သွင်းပြီး 
Android Marshmallow 6.0.1 တင်နည်းကို မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းရဲ့ CM13 Rom ကတော့ Unofficial ပဲဖြစ်ပါတယ် တကယ်လို့ 
တင်သုံးချင်တယ်ဆိုရင်တော့ မိမိဖုန်းမှာ Bootloader unlock လုပ်ထားပြီးသား
 Cusotm Recovery တစ်ခုခုထည့်သွင်းထားပြီးသားတော့ ဖြစ်နေရပါမယ်။


လိုအပ်ချက်များ
=========
၁။ မိမိဖုန်းကို Bootloader Unlock ပြုလုပ်ထားရပါမည်။

၂။ ဖုန်းမှာ ဘက်ထရီအား 80% အနည်းဆုံးရှိနေရပါမည်။

၃။ သင့်ဖုန်းမှာ Root Access ရရှိထားပြီးသားဖြစ်နေရပါမယ်။

၎။ CWM & TWRP Recovery တစ်ခုခုထည့်သွင်းထားပြီးသားဖြစ်ရပါမယ်။

ငြင်းဆိုချက်
========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။

အထူးပြောကြားလိုတာက ဒီ Custom Rom တင်သွင်းနည်းသည် အတွေ့အကြုံ
အလေ့အထ ရှိသူများအတွက်သာ ပိုသင့်တော်ပြီး တစ်ခါမှ အလေ့အထမရှိတဲ့သူများ
အနေဖြင့်တော့ အမှားတစ်ခုခုဖြစ်နိုင်တာကြောင့် စမ်းသပ်ထည့်သွင်းခြင်းမျိုးမပြုလုပ်ပါရန်

ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။






Android 6.0 1 Marshmallow Rom တင်နည်း
============================
၁။ ပထမဆုံး မိမိဖုန်းမှာ CWM & TWRP Recovery များ
ထည့်သွင်းထားမှုကိုသေချာအောင်ပြုလုပ်ရပါမည်။

၂။ ဖုန်းကို Nandroid Backup ပြုလုပ်ထားလိုက်ပါ




၃။ ဖုန်းကိုပါဝိတ်ပြီး Volume Up + Home+ Power များကိုတွဲနှိပ်ပြီး
CWM recovery mode သို့ဝင်လိုက်ပါ CWM recovery mode တွင်
Wipe Data/Factory data reset, Wipe Cache များကို ရှင်းထုတ်ပေးပါ
ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၎။ Marshmallow 6.0.1 zip နဲ့ Google Apps များကိုဒေါင်းလော့ရယူပြီး
SD Card သို့ Copy ကူးထည့်လိုက်ပါ။

၅။ CWM recovery Mode သို့နောက်ထပ်တစ်ကြိမ်ဝင်လိုက်ပါ။

၆။ CWM recovery Mode တွင် Install Zip > Choose Zip from SD card >
သွားလိုက်ပြီး Marshmallow 6.0.1 zip ဖိုင်ကိုရွေးချယ်ပြီး Flash ပေးလိုက်ပါ၊

၇။ ပြီးရင် Advance > ကိုနှိပ်ပြီး Wipe Devlik Cache များကိုရှင်းထုတ်လိုက်ပါ။

၈။ ပြီးသွားတဲ့အခါ Googleapps.zip ဖိုင်ကိုလည်း နည်းတူ Flash ထပ်ပေးပါ။

၉။ အားလုံးပြီးသွားရင်တော့ Main menu သို့ပြန်လာခဲ့လိုက်ပါ။

၁၀။ "Reboot system now" ကိုနှိပ်ပေးပြီး ဖုန်းကို Reboot ချလိုက်ပါ
ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ Gionee M3 ဖုန်းမှာ
 Android 6.0.1 Marshmallow Rom လေးလန်းနေပါလိမ့်မယ်။



အဆင်ပြေပါစေ


ဇူးနစ်(နည်းပညာ)


Post a Comment

0 Comments

Close Menu