Ad Code

Responsive Advertisement

Lenovo A6000 ဖုန်းအတွက် FRP Lock ကျော်နည်း

Lenovo A6000 ဖုန်းအတွက် FRP Lock ကျော်နည်းကို
တွေ့မိလို့ အလိုရှိတဲ့သူတွေလည်း အဆင်ပြေသွားအောင် တင်ပေးလိုက်ပါတယ်။

ဒီဖုန်းအတွက် FRP Lock ကိုကျော်ဖို့ ကွန်ပျူတာလိုပါမယ် Auto Reset Tool ဖြင့်
 1 ကိုတစ်ချက်တည်းနှိပ်ပေးရုံဖြင့် ဘာမှထပ်လုပ်ပေးစရာမလိုတော့ပဲ အလွယ်တကူ ကျော်ဖြတ်နိုင်မှာပဲဖြစ်ပါတယ်။


ဒီနေရာမှာ FRP ဆိုတာ ဘာလဲလို့ မေးထားတဲ့သူတွေလည်းရှိနေတာနဲ့
(FRP) ဆိုတာကတော့ Factory Reset Protection ကိုပြောတာပဲဖြစ်ပါတယ်။

ဒီ FRP Lock ကိုတော့ Android Version 5.1 အထက်ဖုန်းတွေမှာ
စတင်ပါဝင်လာတာပဲဖြစ်ပါတယ်၊ Owner တစ်ယောက်အတွက် အကောင်းဆုံး
Feature တစ်ခုအဖြစ် ဖြည့်စွက်ထည့်ပေးထားတာလည်း ဖြစ်နိုင်ပါတယ်။

ဖုန်းကို မိမိရဲ့ ခွင့်ပြုချက်မပါပဲ Factory Reset ပြုလုပ်တာ၊ ဖုန်းကို ခိုးပြီးအသုံးပြုတာ၊ 
Firmware ရေးတာ စသည်ဖြင့် မိမိ Goolge account ကိုမသိပဲ ပြုလုပ်ခဲ့ရင်တော့ 
ဒီ lock ကြီးကို ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း error များအတွက် fix & Solution ဆိုတာက
အမြဲရှိနေသေးတော့ One Click Tool တွေလည်း ရေးတဲ့သူတွေလည်း
ရှိနေဦးမှာပဲဖြစ်ပါတယ်၊ ဘာပဲဖြစ်ဖြစ် အလိုရှိနေတဲ့ သူတွေအတွက်တော့
Data များကို ရနိုင်သလောက် စုတောင်းထားမိဖို့က အဓိကဖြစ်နေပါတယ်။

တကယ်လို့ မိမိဖုန်း Lenovo A6000 က FRP Lock ကျနေခဲ့ရင်တော့
အောက်ပါ Reset Tool ကိုဒေါင်းလော့ရယူပြီး ဖြေရှင်းနိုင်ပါပြီ။



Password : www.gsmdevelopers.com


How to Remove FRP Lock 
==================
၁။ အပေါ်မှာ ပေးထားတဲ့ Lock Reset Tool ကိုဒေါင်းလော့ရယူပါ

၂။ ဖုန်းကိုပါဝါပိတ်ပြီး Volume down + power key များကို
တွဲနှိပ်ပေးပြီး fast boot mode သို့ဝင်ပေးလိုက်ပါ။

၃။ ဒေါင်းလော့ရယူထားတဲ့ Reset Tool ကို zip ဖြည်လိုက်ပြီး
script ကိုဖွင့်လိုက်ပါ အော်ပါပုံအတိုင်း press any key to continue ဆိုပြီး
ပြနေခဲ့ရင်တော့ 1 ကို တစ်ချက်နှိပ်ပေးပြီး enter ကိုခေါက်ပေးလိုက်ပါ

၎။ ဖုန်းမှာ Boot up တစ်ခုပြီးဆုံးတဲ့အထိစောင့်နေပေးလိုက်ပါ။




ဇူးနစ်(နည်းပညာ) 




Post a Comment

0 Comments

Close Menu