Ad Code

Responsive Advertisement

Marshmallow 6.0 [CM13] ဗားရှင်းဖုန်းမှ Gmail Account ကို Remove လုပ်နည်း


Marshmallow 6.0 [CM13] ဗားရှင်းဖုန်းမှ Gmail Account ကို 
Remove လုပ်နည်းကို တောင်းဆိုထားတဲ့ညီအကိုအတွက်တင်ပေးလိုက်ပါတယ်။

တကယ်တော့ Gmail အကောက်တစ်ခုကို Setting မှ ထုတ်ပစ်ဖို့က
လွယ်ပါတယ်၊ ဗားရှင်းအနိမ့်အမြင့်နဲ့မဆိုင်ပါဘူး အားလုံးနီးပါးကတူကြပါတယ်။


ဖေါ်ပြနည်းလမ်းသည် Android Device တွင် CM13 ROM ထည့်သွင်းပြီး
marshmallow 6.0 ဗားရှင်းဖြစ်ပဲဆိုရင်တော့ ဖုန်းတိုင်းမှ Email account ကို
အလွယ်တကူ Remove လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။

နည်းတူ Gmail account အကောက်သာမဟုတ်ပဲ WhatsApp, Hike, Telegram, 
yahoo, Facebook, twitter အစရှိတဲ့ အကောက်များစွာကို Remove လုပ်ယူနိုင်ပါတယ်။

ယခုဖေါ်ပြပါ Marshmallow 6.0 [CM13] ဗားရှင်းဖုန်းမှ Gmail Account ကို
 Remove လုပ်နည်းသည် အောက်ပါ Device များကို လုံးဝ Support လုပ်ပေးပါတယ်။
Nexus, Motorola , Samsung, Sony, Micromax, Oneplusone etc.


 Gmail Account ကို Remove လုပ်နည်း 
=====================
၁။ ဖုန်းမှာ Setting ကိုဖွင့်လိုက်ပါ

၂။ အောက်ပါပုံအတိုင်း Account Settings ကိုထွပ်ဖွင့်ပါ


၃။ အောက်ပါပုံအတိုင်း Account settings တွင် အမျိုးမျိုးသော 
Google,whatsapp,Facebook,Twitter စတဲ့အကောက်များကိုတွေ့ရပါလိမ့်မယ်။


၎။ အခုကတော့ Google ထဲမှ Gmail ကိုသာ Remove လုပ်ယူမှာဖြစ်တဲ့အတွက်
Google ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါ။

၅။ အောက်ပါပုံအတိုင်း မိမိဖုန်း Device တွင် Gmail အကောက်ပေါင်းများစွကို
Log in ၀င်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်၊ 


၆။ ကျနော်ကတော့ himalaya.saxena@gmail.com ဆိုတဲ့အကောက်ကို
Remove လုပ်လိုတာဖြစ်တဲ့အတွက် အဲဒီ Gmail ကိုတစ်ချက်နှိပ်လိုက်ပါ။


၇။ နောက်ထပ် Net tab ပွင့်လာအခါ ညာဘက်အခြမ်းမှ option ကိုတစ်ချက်နှိပ်လိုက်ပါ

၈။ အောက်ပါပုံအတိုင်း cancel sync နဲ့ remove account ဆိုပြီး နှစ်မျိုး
တွေ့ပါလိမ့်မယ် မိမိက Gmail အကောက်ကိုပဲ Remove လုပ်ယူမှာဖြစ်တဲ့အတွက်
 remove account ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ၊ 


၉။ အထက်ပါ Tutorial အတိုင်း Account settings တွင်ရှိသည်
မိမိ Remove လုပ်လိုတဲ့ အကောက်ကို အလွယ်တကူ ပယ်ထုပ်ယူနိုင်ပါတယ်။

၁၀။ Marshmallow 6.0 [CM13] ဗားရှင်းဖုန်းမှ Gmail Account ကို 
Remove လုပ်နည်း အောင်မြင်စွာဖြင့်ပြီးဆုံးပါပြီ။ 




ဇူးနစ်(နည်းပညာ)



Post a Comment

0 Comments

Close Menu