Ad Code

Responsive Advertisement

Micromax ဖုန်းများကို OTG cable မပါပဲ FRP unlock ပြုလုပ်နည်း


Micromax ဖုန်းများကို OTG cable မလိုပဲ FRP unlock ပြုလုပ်နည်းကို
Micromax ဖုန်းကို ကိုင်ဆောင်ထားကြတဲ့ ဘော်ဒါများအတွက် တင်ပေးလိုက်ပါတယ်။

ဒီဖုန်းအတွက် FRP ကို ကျော်ဖြတ်မယ်ဆိုရင်တော့ OTG cable မလိုပါ 
ဖေါ်ပြပါ solution နည်းအတိုင်းသာ ပြုလုပ်ပေးလိုက်ရင် FRP Lock ကို
အလွယ်တကူ By pass ပြုလုပ်ယူနိုင်မှာပဲဖြစ်ပါတယ်။


ဖေါ်ပြနည်းလမ်းသည် Micromax ဖုန်းများအတွက် FRP lock security ကို
step by step အလွယ်တကူ ကျော်ဖြတ်ယူနည်းပဲဖြစ်ပါတယ်။

အထူးပြောကြားလိုတာက ယခု By pass ပြုလုပ်နည်းသည် ကျနော်ကိုယ်တိုင်
စမ်းသပ်အောင်မြင်ထားခြင်းမျိုးတော့မဟုတ်ပါ ဒါကြောင့် မူရင်းကို အကောင်း
Edit ပြုလပ်ပြီး Original Tutorial ကိုလည်း တွဲတင်ပေးထားပါတယ်။


Micromax ဖုန်းများကို FRP unlock ပြုလုပ်နည်း
==========================
၁။ ဖုန်းကို ပါဝါဖွင့်လိုက်ပြီး Wipe ပြုလုပ်လိုက်ပါ၊ 

၂။ Welcome ဆိုပြီး screen ကိုမြင်နေရတဲ့အခါ English ((United State) ကို 
ရွေးချယ်ပြီး Next ကိုတစ်ချက်နှိပ်ပေးလိုက်ပါ။

၃။ SIM requirement option သို့ရောက်တဲ့အခါ skip ကိုနှိပ်လိုက်ပါ။

၎။ Select Wi-Fi network option သို့ရောက်တဲ့အခါ အင်တာနက်
ချိတ်ဆက်စရာမလိုပါ task button ကိုတစ်ချက်နှိပ်လိုက်ပါ၊ 
Task တွေကျလာတဲ့အခါ Google search bar ပေါ်လာပါလိမ့်မယ်။

၅။ Google search bar နေရာတွင် Setting ဆိုပြီးရိုက်ထည့်ပါ


၆။ Settings ဆိုပြိးပေါ်လာတဲ့အခါ အဲဒီနေရာကို တစ်ချက်နှိပ်လိုက်ပါ

၇။ အောက်ပါပုံအတိုင်း Setting Menu သို့ရောက်တဲ့အခါ Backup & reset ကို
ထပ်နှိပ်လိုက်ပြီး Backu and Reset menu သို့သွားလိုက်ပါ။


၈။ အောက်ပါပုံအတိုင်း Backup & reset သို့ရောက်တဲ့အခါ 
Factory Data Reset ဆိုတဲ့နေရာကို တစ်ချက်နှိပ်လိုက်ပါ။


၉။ Factory Data Reset ဆိုတဲ့နေရာကို နှိပ်လိုက်ပြီးတဲ့အခါ
ဖုန်းကို Reset တစ်ခုပြုလုပ်ပေးလိုက်ပါ။

၁၀။ ဖုန်းမှာ Reboot ကျသွားပြီး ပြန်တက်လာတဲ့အခါ 
 English ကိုရွေးချယ်ပေးပြီး New setup တစ်ခုပြုလုပ်ပေးပါ။


Micromax FRP without using an OTG cable
=============================




Ref-www.guptamobiles.com




ဇူးနစ်(နည်းပညာ) 



Post a Comment

0 Comments

Close Menu