Ad Code

Responsive Advertisement

Not တစ်လုံး စွမ်းအားမြှင့်ပြီးသုံးချင်တဲ့အခါ




(1) ငြင်းဆိုဝါကျတွေပြုလုပ်ဖို့ not ကို သုံးကြပါတယ်
We use “not” to make negative sentences.
...........
(1.1) We are NOT friends.
ကျနော်တို့က သူငယ်ချင်းတွေ မဟုတ်ကြပါဘူး
.
(1.2) I do NOT know the answer.
ကျနော်က အဖြေကို မသိပါဘူး
.......................................
(2) Not ရဲ့ နောက်မှာ even (=ပင်လျှင် ၊ တောင်မှ) ဆိုတဲ့ adverb လေးတစ်ခု ထပ်ထည့်ပြီး အငြင်းသဘောကို အဆုံးစွန်ထိ သက်ရောက်စေနိုင်ပါတယ် ..
Not even is used to talk about negative extremes.
...........
(2.1) I don’t EVEN have a phone.
ကျနော့်မှာ ဖုန်းလေးတစ်လုံးတောင်မှ မရှိပါဘူး
.
(2.2) The boy does not EVEN remember his name.
အဲဒီကလေးက သူ့နာမည်သူတောင်မှ မမှတ်မိရှာဘူး
..
(2.3) I can’t EVEN imagine my life without you.
မင်းမပါတဲ့ငါ့ဘ၀ စိတ်ကူးနဲ့တောင်မှ တွေးကြည့်လို့မရနိုင်ပါဘူး
...............................................
(3) Not နောက်မှာ at all (လုံးဝ) ဆိုတဲ့ adverb တစ်ခုကို ထပ်ပေါင်းပြီးတော့လည်း အငြင်းသဘောကို အသားပေး ပြောဆိုသုံးစွဲ နိုင်ပါတယ်
Not at all : certainly not; absolutely not.
This expression is used to emphasize a negative statement.
..................
(3.1) I'm not AT ALL worried about it.
အဲဒါနဲ့ ပတ်သက်ပြီး ကျနော်လုံး၀ စိတ်မပူပါဘူး
.
(3.2) I do not AT ALL understand why people recommend it.
လူတွေက အဲဒါကို ဘာကြောင့်ညွှန်းဆိုနေသလဲဆိုတာ ကျနော် လုံး၀ နားမလည်ပါဘူး
..
(3.3) My parents were not AT ALL pleased with my test results.
ကျနော့်မိဘတွေက ကျနော့်ရဲ့ စာမေးပွဲရမှတ်တွေကို လုံး၀ ကျေနပ်အားရမှု မရှိကြပါဘူး
.........................
ကဲ လှလှပပ ကြွကြွရွရွ လေးတွေ သုံးနိုင်ကြပါပြီ ..
ဘယ်လိုပဲ ဖြစ်ဖြစ် even, at all တို့ရဲ့ သုံးစွဲပုံလေးတွေလည်း ရသွားစေချင်လို့ပါ
..
မေတ္တာဖြင့် 


ဆရာဝင်းနိုင်ဦး အင်္ဂလိပ်စာစိတ်ဝင်စားသူများ Facebook  Group မှ ကူးယူဖော်ပြသည်
https://www.facebook.com/groups/301039613329048/
heart emoticon

Post a Comment

0 Comments

Close Menu