Ad Code

Responsive Advertisement

Root access မလို usb debugging ကို on ထားစရာမလိုတဲ့ One Click Monkey Test Virus Remover App


စမတ်ဖုန်းဟေ့ ဆိုရင် တစ်ခေတ်ထပြီး အခုချိန် ဒုက္ခကောင်းကောင်းပေးနေတုန်း
ဖြစ်တဲ့ Monkey Virus ကြီးအတွက် Apk လေးအလန်းတစ်ခုတွေ့မိလို့ အလိုရှိတဲ့
သူတွေ အသုံးပြုလို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


ခေါင်းစဉ်လေးကို ဖတ်ကြည့်ပြီး ဖြစ်လောက်ပါတယ်နော် ကွန်ပျူတာမလို
Root access မလိုဘူးနော်၊ usb debuging ကို on ထားပြီး အမြစ်ပြတ်
ရှင်းထုတ်ပေးနေစရာမလိုဘူးနော် One Click Monkey Test Virus Remover app ပဲ
Play store မှာကို အလွယ်တကူ ဒေါင်းလော့ရယူနိုင်ပြီး တစ်ချက်တည်းနဲ့ ပွဲကပြီးနေပြီ။

May 13, 2016 ရက်နေ့မှ စတက်လာတဲ့ အသစ်ကလေးနော်
ဒီ App ကိုမြင်တာနဲ့ CM Security AntiVirus apk နဲ့ သဏ္ဍာန်တူတာကို
သွားသတိရကြမှာပဲဖြစ်ပါတယ်၊ အသုံးပြုရတာလည်း အရမ်းလွယ်ကူပါတယ်။

လန်းချက်က ဖုန်း ဗားရှင်းအားလုံးကို support လုပ်ပေးနိုင်တာပါပဲ
ဒီ app ဖြင့် အောက်ပါ ဖုန်းများကို လုံးဝအဆင်ပြေစေနိုင်ပါတယ်။






Support Devices
==========
Samsung , Qmobile , LG and Many Other Brands 


How To Remove Virus ??
==================
၁။ အပေါ်မှာ ပေးထားတဲ့ ဒေါင်းလော့လင့်များမှ App ကိုရယူလိုက်ပါ

၂။ ဖုန်းမှာ Unknown source ကိုအမှန်ခြစ်ပေးပြီး install ပြုလုပ်ပါ

၃။ App ကိုဖွင့်လိုက်ပါ၊ Scan ဆိုတာကိုတစ်ချက်နှိပ်ပေးလိုက်ပါ


၎။ ဖုန်းမှာ ရှိတဲ့ Viruses များကို Scan လုပ်နေပါလိမ့်မယ်၊ Scan ပြီးသွားတဲ့အခါ
အောက်ပါပုံအတိုင်း သောင်းကျန်းနေတဲ့ Viruses များကို ရှင်းထုတ်ပေးရန်အတွက်
Kill ဆိုတာကို တစ်ချက်ထပ်နှိပ်ပေးလိုက်ပါ။


၅။ အောက်မှာ မြင်နေရတဲ့ ပုံမှာတော့ မျက်စိနောက်အောင် ခေါင်းစားအောင်
စိတ်အနှောက် အယှက်ဖြစ်အောင် ဒုက္ခပေးနေတဲ့ Viruses များကို အပီးရှင်းထုတ်နေပါပြီ။


၆။ Wow မြန်ထာ၊ ခနလေးအတောအတွင်း Viruses ဂျိုနဲ့လား ဆိုသလို 
ဖုန်းမှာ သောင်းကျန်းနေတဲ့ Monkey Viruses ကို ရှင်းထုတ်ပြီးပါပြီခင်ဗျား...။



အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်




Credit : Cheetah Mobile For Making This Awesome Tool

masterRt1994 For Making This Tutorial



ဇူးနစ်(နည်းပညာ) 



Post a Comment

0 Comments

Close Menu