Ad Code

Responsive Advertisement

Xiaomi Mi 5 ဖုန်းကို Recovery Mode သို့ဝင်နည်း


Xiaomi Mi 5 ဖုန်းကို Recovery Mode သို့ဝင်နည်းကို
ဝင်ရောက်ရန်အခက်အခဲရှိနေသူများအတွက် တင်ပေးလိုက်ပါတယ်။

ဖုန်းမှာ နာမည်ကြီး Mode option များအနက် recovery mode 
ဆိုတာလည်း မရှိမဖြစ် မသိမဖြစ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။

မိမိဖုန်းကို Hardreset တစ်ခုပြုလုပ်တဲ့အခါပဲဖြစ်ဖြစ် Custom Recovery တစ်ခုခု
ထည့်သွင်းပြီးတဲ့အခါ Tip & Trips များကိုစမ်းသပ်လိုတဲ့အခါပဲဖြစ်ဖြစ်
မိမိဖုန်းတွင် Apps များကိုအသုံးမပြုပဲ Phone Buttons များကို အသုံပြု
ဝင်ရောက်ရတော့မယ်ဆိုရင်တော့ အောက်ပါ နည်းလမ်းအတိုင်း လုပ်ကြည့်လိုက်ပါ။


Xiaomi Mi 5 ဖုန်းကို Recovery Mode သို့ဝင်နည်း
=============================
၁။ ဖုန်းမှ Power ကီးကို ဖိနှိပ်ထားလိုက်ပြီး တပ်လာတဲ့ option မှ
 switch it off ဆိုတာကို နှိပ်ပေးလိုက်ပြီး ဖုန်းကို ပါဝါအရင်ပိတ်ပေးလိုက်ပါ။

၂။ Power + Volume Up keys များကို တစ်ပြိုင်တည်းတွဲနှိပ်လိုက်ပါ။

၃။ Power + Volume Up keys များကို တွဲနှိပ်ထားတဲ့အခါ
 အနည်းဆုံး ငါးစက္ကန့်လောက် နှိပ်ထားပါ။

၎။ Logo လေးကိုမြင်နေရတဲ့အခါ Powerr Key ကိုလွှတ်ပေးလိုက်ပါ။

၅။ Recovery mode or menu ကိုမြင်နေရတဲ့အထိ Volume Up ကီးကို
ဆက်နှိပ်ထားပေးလိုက်ရုံပါပဲ။

၆။ သင့်ဖုန်းတွင် Normal & Custom recovery mode သို့ရောက်သွားပါလိမ့်မယ်။




ဇူနစ်(နည်းပညာ)



Post a Comment

0 Comments

Close Menu