Ad Code
Responsive Advertisement
Xposed Installer ဆိုတာ နှင့်​ Xposed Modules များ ထည့်​သွင်း အသုံးပြုနည်း
Xposed Installer ဆိုတာ နှင့်​ Xposed Modules များ ထည့်​သွင်း 
အသုံးပြုနည်းကို အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
စကားအားဖြင့်ကြည့်မယ်ဆိုရင် အထူးအဆန်းကြီးဖြစ်နေပါလိမ့်မယ်
သိပြီးသားညီအကိုတွေကတော့ ကျော်ခွသွားလိုက်ကြပါခင်ဗျား
မသိသေးတဲ့ညီအကိုတွေနဲ့ဖုန်းနည်းပညာပိုင်းဆိုင်ရာကိုလေ့လာနေကြတဲ့
ညီအကိုတွေကတော့ ဒီပိုစ့်ကို ကျော်မသွားပဲ ဖတ်ဖြစ်အောင်ဖတ်ကြည့်ပါ။
ဖုန်းလောကတွင် အရမ်းနာမည်ကြီးပြီး လူကြိုက်များနေတဲ့ Function များနဲ့
Plugin & Module Apps ကိုလိုရာဖန်တီးအသုံးပြုနိုင်တဲ့ app တစ်ခုပဲဖြစ်ပါတယ်။
ဒီ App ကိုမိမိဖုန်း Device တွင်အသုံးပြုဖို့ရန်အတွက် ဖုန်း​ကို Root ​ဖောက်​ထားဖို့ပဲလိုပါတယ်၊
Root access လေးရရှိပြီးတာနဲ့ကို modules ​နေရာမှာ Plugin လုပ်​ပြီး အသုံးပြုလို့ရမယ့် 
Apps ​တွေရဲ့ လုပ်​​ဆောင်​ချက်​​တွေက ဘော်ဒါတို့အတွက် စိတ်​ကြိုက်​ ဖြစ်​​စေနိုင်ပါတယ်။
ဖုန်းမှာ Xposed Installer ကိုထည့်သွင်းပြီးတာနဲ့ Plugin လုပ်​ပြီး သုံးရမယ်
Xposed Module Apps ​တွေ ​အများကြီး ရှိပါတယ်​၊ ဒီတော့ Xposed Installer ဆိုတာ
ဘာလဲနဲ့ သုံးရဲ့လုပ်နိုင်စွမ်းအားနဲ့ ဖုန်းမှာထည့်သွင်းအသုံးပြုနည်းများကို လေ့လာထားသင့်ပါတယ်
အောက်မှာ အတတ်နိုင်ဆုံး ရှင်းလင်းရေးသား တင်ပြပေးလိုက်ပါတယ်။
ဒီနေရာမှာ Xposed Installer ရဲ့ ဆိုလိုရင်းနဲ့ လိုအပ်ချက်များ
၁။ Xposed Installer app ကို ဖုန်းတိုင်းမှာ ထည့်သွင်းအသုံးပြုနည်း၊ 
၂။ Xposed Installer app မှ Modules အသုံးပြုနည်း နဲ့ 
၃။ သူ့အထဲမှာပါတဲ့ Downloads ရဲ့ အသုံပြုနည်းများကို 
အပိုင်း (၃) ခုခွဲပြီး တင်ပြပေးထားပါတယ်။
Xposed Installer ဆိုတာဘလဲ
==================
Xposed Installer ဆိုတာ Custom Rom ထည့်သွင်းအသုံးပြုစရာမလိုပဲ 
Android operating system ကို system-level အဖြစ်ပြုပြင်ပြောင်လဲအသုံးပြုနိုင်တဲ့ 
app တစ်ခုဖြစ်ပါတယ်။
လိုအပ်ချက်
=======
လိုအပ်ချက်အနေဖြင့် Xposed installer ကို အသုံးပြုဖို့အတွက် 
ပထမဆုံး ကိုယ့်​ရဲ့ ဖုန်းမှာ Root access ရရှိထားပြီးသားဖြစ်ရပါမယ်။
Xposed Installer ကို ဖုန်းတိုင်းမှာ ထည့်သွင်းအသုံးပြုနည်း
==================================
၁။ ပထမဆုံး Xposed Installer ကိုဒေါင်းလော့လင့်တွင်ရယူလိုက်ပါ။
၂။ ဒေါင်းလို့ ရလာတဲ့ Xposed Installer Apk ကို install လုပ်​ပါ။ 
   ၃။ Xposed Installer ဆိုတဲ့ App ​လေးကိုနှိပ်​ပြီး ဖွင့်​လိုက်​ပါ​။
    ၄။ အဲ့ဒီမှာ ပထမဆုံး Framework ဆိုတဲ့ အပိုင်းမှာ
 အနီ​ရောင်​ စာတန်း​တွေ ပြ​နေပါလိမ့်​မယ်​၊ Not active ပါ။
Framework က မိမိဖုန်းမှာ Active ဖြစ်​ရပါမယ်​။
၆။ Active ဖြစ်​ဖို့အတွက်​ အနီ​ရောင်​စာတန်းနဲ့ Framework ဆိုတဲ့ နေရာကိုနှိပ်​လိုက်​ပါ။
၇။ Be Careful! ဆိုတဲ့ ​ဘောက်​က​လေးတစ်​ခု​ ပေါ်လာပါလိမ့်​မယ်​၊ Ok နှိပ်​​ပေးလိုက်​ပါ။ 
၈။ ပြီးရင်​ Install/Update ဆိုတာကို နှိပ်​ပါ။
၉။ Superuser request ​တောင်းလာတဲ့ အခါ Grant (or) Allow ကို နှိပ်​​ပေးလိုက်​ပါ။
၁၀။ ​ဘောက်​က​လေး တစ်​ခု ​ပေါ်လာပါဦးမယ်​ Phone ကို Reboot 
(or) Restart လုပ်​ခိုင်းတာပါ၊ Ok ကို နှိပ်​​ပေးလိုက်​ပါ။ 
       ဖုန်းက Reboot ပြန်​တတ်​လာတဲ့ အခါ Xposed installer ကို ပြန်​ဖွင့်​ကြည့်​ပါ
 အနီ​ရောင်​စာတန်း မရှိ​တော့ပဲ Active ဖြစ်​​နေရပါမယ်​။
Xposed Installer app မှ Modules အသုံးပြုနည်း
============================
Xposed Installer ရဲ့ ဒုတိယ အပိုင်းက​တော့ Modules ပါပဲ၊ အဲ့ဒီ​နေရာမှာ Plugin လုပ်​ပြီး 
သုံးရတဲ့ Xposed Modules App ​တွေရဲ့ ​နေရာ​ပေါ့​ဗျာ၊ Xposed Modules App ​တွေကို ​ဒေါင်းယူ၊
Modules App ကို အမှတ်​​လေးကိုသွားပြီး ခြစ်​​ပေးရပါမယ်​။
 ပြီးရင်​ Modules App ကိုနှိပ်​ပြီးသူ့ရဲ့ လုပ်​​ဆောင်​နိုင်​စွမ်းရှိတဲ့ အတိုင်းအတာအတွင်းမှာ
ကိုယ့်​စိတ်​တိုင်းကျ ပြုပြင်​နိုင်​ပါတယ်​။ ပြုပြင်​ပြီးတဲ့အခါ ဖုန်းကို Reboot (or)
 restart ထပ်​ပြီး လုပ်​​ပေးရပါမယ်​။ 
(မှတ်​ချက်​- အချို့ Modules Apps များက အမှတ်​ခြစ်​၊ Reboot လုပ်​ပြီးမှ ပြု ပြင်​နိုင်​သည်​။)
Xposed Installer မှ Downloads ကိုအသုံပြုနည်း
===========================
Xposed Installer ရဲ့ တတိယ ​အပိုင်းက​တော့ Downloads ပါ ကျ​နော်​တို့
 ကြိုက်​နှစ်​သက်​ရာ Modules Apps များစွာကိုရှာ​ဖွေဒေါင်းယူ၊ Install လုပ်​နိုင်​ပါတယ်​။ 
ဒါ့အပြင်​ Google search မှာ Xposed Modules လို့ ရိုက်​ပြီး
 Best Xposed Modules ​တွေကို ရှာ​ဖွေ ​ဒေါင်းယူနိုင်​ပါတယ်​။
Xposed installer App ကို Android Version အနိမ့်​​တွေက​နေ 
Version 6.0 xx အထိ အသုံးပြုထည့်သွင်းနိုင်မှာပဲဖြစ်ပါတယ်။
Lolipop ​Version ​ဗားရှင်းအတွက်
====================
lollipop 5.1.1 ဗားရှင်းအတွက် 
===================
Lollipop 5.0 ဗားရှင်းအတွက်
===================
lollipop 5.0.2 ဗားရှင်းအတွက်
=================
Marshmallow 6.0 ဗားရှင်းအတွက်
=====================
စသည်ဖြင့် မိမိဖုန်းရဲ့ဗားရှင်းအလိုက် ​​ရွေးပြီး ဒေါင်းလော့ရယူက
 Xposed Installer - Framework ကိုအသုံးပြုကြရမှာပဲဖြစ်ပါတယ်။
Xposed Framework ဘာလဲနှင့် ထည့်သွင်းအသုံးပြုနည်း
=================================
Ref-ဂူးဂဲလ်ခရီးသည်
http://nyinechanzaw.blogspot.com
အားလုံးပဲအဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
Post a Comment
0 Comments
Close Menu