Ad Code

Responsive Advertisement

Zawgyi_Font_For_Lollipop_Marshmallow အားရယူပါ

ဒီနေ့ Facebook ပေါ်မှာတွေ့မိတာလေးတစ်ခုကို ပြန်လည်မျှဝေလိုက်ပါတယ်
ခေါင်းစဉ်လေးမြင်တာနဲ့ ဖုန်းကလစ်သူများနဲ့ ဆားဗစ်သမားများ အတွက် အလိုရှိကြမှာပါ

ဖုန်းဗားရှင်း Lollipop အထက် Marshmallow အထိ မြန်မာစာအမှန်မြင်
ချင်တဲ့သူတွေအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ Font zip လေးဖြစ်ပါတယ်။

နှိုင်းရှင်ပြမှု
=======
ဒီ Font zip လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ အသုံးပြုနိုင်ရန်အတွက်
လိုအပ်ချက်များကို အရင်လေ့လာထားသင့်ပါတယ်၊ Font changer apk များလို
Root access ရရှိပြီးတာနဲ့ One Click ဖြင့် ဖောင့်ကို ပြောင်းလဲထည့်သွင်းယူနိုင်မှာမဟုတ်ပါ

Flashable ဖိုင်ဖြစ်တဲ့အတွက် ပထမဆုံး ဖုန်းကို Root ဖောက်ထားရပါမယ်
ပြီးရင် Custom Recovery ထည့်သွင်းရပါမည်၊ ပြီးတော့မှ Recovery Mode မှ
ဒီ Zawgyi_Font_For_Lollipop_Marshmallow.zip ဖိုင်ကို Flash ပေးယူရမှာပါ။

နေ့စဉ် အတွေ့အကြုံ
============
တွေ့ကြုံနေရတာတွေထဲက ပြောရရင် Changer apk ထက် ဒီ Flashable zip များကို 
ပိုအကြိုက်တွေ့ပါတယ်၊ Recovery mode မှ Flash လုပ်ယူတဲ့ အတွေ့အကြုံ
လေးရှိနေခဲ့ရင်တော့ Custom Recovery ရဲ့ကောင်းကျိုးနဲ့ နားလည်သွားကြမှာပါ။

ဖုန်းမှာ Root ဖောက်ပြီးရင်တော့ ဖုန်းကို Custom Recovery ထည်သွင်းဖို့
ကြိုးစားစေချင်ပါတယ်၊ Custom Recovey သာဖုန်းမှာ ထည့်သွင်းပြီးရင်တော့
ဖုန်းရဲ့ System တစ်ခုလုံးကို မြန်မာစာအမှန်မြင်ရန်အတွက် ဒီ Flashable zip ကို
Recovery mode မှအလွယ်တကူ ထည့်သွင်းလိုက်တာနဲ့ မြန်မာဖောင့် မှန်ပါ့မလား
ဆိုတဲ့ သံသယစိတ် စိုးရိမ်စိတ်ကို ၉၉% လောက် လျှော့နည်းစေမှာဖြစ်ပါတယ်။


အကြံပြုချက်
========
ဒါကြောင့် ဖုန်းကလစ်သူများနဲ့ ဖုန်းဆားဗစ် ဘော်ဒါများကို အကြံပေးချင်တာ
လေးတစ်ခုကတော့ Customer အလုံးတွေဆိုရင် Root ဖောက်ပြီးထည့်သွင်း
တာမျိုးကို လိုလားတဲ့သူတွေအတွက် အဆိုပါ နည်းလမ်းလေးကို အသုံးပြုကြည့်ပါ
လို့ တိုက်တွန်းပြောကြားလိုပါတယ်၊ သွားပါများ ခရီးရောက်သလို လုပ်ပါများလာရင်
Root access & Custom Recovery များကို ပိုင်ဆိုင်ပြီးရင်တော့ ဖုန်း System
တစ်ခုလုံးအတွက် မြန်မာစာအမှန်ကို Zawgyi font.zip ဖိုင်များကို Flash ပြုလုပ်
တတ်သွားရင်တော့ ဖုန်းအားလုံးအတွက် မြန်မာစာအမှန်ထည့်သွင်းနည်းကို
Pro တစ်ယောက်ကဲ့သို့ ပိုင်နိုင်စွာဖြင့် ဆားဗစ်လုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်။


လိုအပ်ချက်များ
==========
Zawgyi Font.zip ဖိုင်များ အသုံးပြုတော့မယ်ဆိုရင်တော့
အောက်ပါလိုအပ်ချက်များဖြင့် ပြည့်စုံနေရပါမည်


၁။ မိမိဖုန်းမှာ Root access ရရှိထားပြီးသားဖြစ်ရမည်။

၂။ Custom Recovery တစ်ခုခုထည့်သွင်းထားရမည်။


ဒီ Zawgyi_Font_For_Lollipop_Marshmallow.zip ဖိုင်အား
Sithu-Ye--Yint-Htun_[S.X.M.] မှ မျှဝေပေးထားတာပါ


ဖုန်းဗားရှင်း Lollipop အထက် Marshmallow အထိ မြန်မာစာအမှန်မြင်
ချင်တဲ့သူတွေအတွက် မရှိမဖြစ် ဆောင်ထားသင့်တဲ့ Font zip လေးကို
အောက်ကလင့်မှာဒေါင်းလော့ရယူ အသုံးပြုနိုင်ပါပြီ။








Thank you all shareholder



ဇူးနစ်(နည်းပညာ) 



Post a Comment

0 Comments

Close Menu