Ad Code

Responsive Advertisement

ပိုမိုဆိုးရွားလာတဲ့ ANDROID VIRUS

ခုနောက်ပိုင်းမှာ Android Smart phone များကိုဝင်ရောက်တိုက်ခိုက်နေတဲ့Virus များဟာ ပိုမိုဆိုးရွားလာပါတယ်။ Virus များဟာ Android device တွေကိုအမျိုးမျိုးသောနည်းလမ်းများနဲ့ဝင်ရောက်နေပါတယ်။

User တွေအနေနဲ့ကြိုတင်ကာကွယ်ကြနေပေမဲ့ အမျိုးမျိုးသော virus များဝင်ရောက်မှု့ကြောင့် မိမိတို့ရဲ့ Device တွေသာမကအရေးကြီး Data တွေကိုပါဆုံးရှူံး ကြရပါတယ်။
 ဒါကြောင့် အရေးကြီး Data များကိုအသုံးပြုရင်းအနည်းနဲ့ အများ Cloud Storage လေးတွေမှာ သိမ်းဆည်းထားသင့်ပါတယ်။

လတ်တလောမှာတော့ Virus ရန်ကို ကာကွယ်ရန်မှာ ဘယ်လိုကြော်ငြာတွေပဲ ၀င်လာ ၀င်လာမကြည့်ဖို့နဲ့ APK အသစ်အဆန်းများနှင့် Launcher အသစ်အဆန်းများ , 18+ APK ကြော်ငြာများဝင်လာပါက Download မလုပ်မိစေရန် အထူးသတိထားသင့်ပါတယ်။

နောက်ပိုင်းမှာတော့ အမျိုးမျိုးသော Broswer Apk တွေမှာလဲ Virus Apk များဟာ ပါဝင်လာနေတာကြောင့် အများအားဖြင့် Chrome , FireFox , UC Broswer တွေကိုသာအသုံးပြုပါလို့အကြံပြုပါတယ်။
 Android Virus များဟာ ခုနောက်ပိုင်းမှာဆိုရင် Software ပိုင်းနဲ့သာမက Memory IC ( eMMC ) လဲလှယ်ဖြေရှင်းရတဲ့အဆင့်ထိ ကိုဒုက္ခပေးလျက်ရှိပါတယ်။

Original Creator

Post a Comment

0 Comments

Close Menu