Ad Code

Responsive Advertisement

♪ EMOJI အသစ်ပေါင်း ၁၅၀၀ ပါဝင်လာတဲ့ MESSENGER UPDATE ♫


ယနေ့ထွက်ရှိလာတဲ့ Facebook Messenger အက်ပလီကေးရှင်း update မှာ မနေ့ကသတင်းထွက်ထားတဲ့အတိုင်း Emoji အသစ်ပေါင်း ၁၅၀၀ ပါဝင်လာပါတယ်။

မတူကွဲပြားမှုနဲ့ လုပ်ငန်းနယ်ပယ်အသီးသီးက အမျိုးသမီးတွေကို ပိုမိုကိုယ်စားပြုဖော်ပြပေးနိုင်မယ့် emoji အသစ်ပေါင်း ၁၅၀၀ ကို Facebook က ထည့်သွင်းပေးလိုက်တာဖြစ်ပြီး၊ အသားအရောင်အမျိုးမျိုးအတွက် emoji တွေ၊ လက်နှစ်ချောင်းထောင်ထားတဲ့ peace sign တွေအပြင်၊ နောက်ထပ် icon အမြောက်အများ ပါဝင်တာကို တွေ့ရပါတယ်။

ဒီ့အပြင် Emoji တွေမှာ အသားအရောင်ကို အောက်မှာပြထားသလို ကိုယ့်စိတ်ကြိုက်ရွေးချယ်သတ်မှတ်ထားနိုင်ပြီးး၊ လုပ်ငန်းခွင်ဝင်အမျိုးသမီးတွေအတွက်လည်း emoji set သက်သက် ပါဝင်လာတာကို တွေ့ရပါတယ်။

HT_skin_tone_emoji_mm_160601_31x13_1600

Facebook ဟာ Messenger မှာ emoji စံနှုန်းအသစ်တစ်ခုကိုလည်း ထုတ်ပေးခဲ့တာကြောင့် ၊ အရင်ကလို iPhone user တွေက ပို့တဲ့ emoji နဲ့ Android ပေါ်က emoji ပုံ  မတူတာမျိုးရှိမှာမဟုတ်တော့ပါဘူး။   ဘယ်ပလက်ဖောင်းကနေသုံးသုံး ( Windows အပါအ၀င်) ယခု Emoji အသစ်တိုင်းဟာ တစ်ပုံစံတည်းဖြစ်နေမှာပါ။ အရင်က မြင်ရတဲ့ပုံနဲ့ အခုမြင်ရမယ့် ပုံကို အောက်ပါပုံမှာ နှိုင်းယှဉ်ပြထားပါတယ်။

13301321_963268790459468_2633926269144848469_o
ယခု Messenger update ကို Android မှာ ရရှိနေပြီဖြစ်တာကြောင့် အမြန်အဆန်ဒေါင်းလိုက်ကြစို့နော်။
Messenger ကော Play Store ကနေ ဒေါင်းမရ၊ update မရရင် ဒီနည်း လေးနဲ့လည်း ဒေါင်းနိုင်တယ်နော်။

Credit to ==> Digital Times

Post a Comment

0 Comments

Close Menu