Ad Code

Responsive Advertisement

Facebook အကောင့်ကို အဝေးမှ Log Out ပြုလုပ်နည်း


အများသုံးကွန်ပြူတာများ၊ အင်တာနက်ဆိုင်များမှာ Facebook အသုံးပြုပြီး 
Log Out မလုပ်မိတဲ့ အခြေအနေမျိုး ကြုံတွေ့ဖူးကြမှာပါ။ 

ဖုန်းပျောက်သွားလို့ သို့မဟုတ် မိမိရောင်းလိုက်တဲ့ ဖုန်းမှာ
 အကောင့် Log Out မိခဲ့ရင်လဲ အဆင်ပြေပါတယ်။

ဒီလိုအခြေအနေမျိုးမှာအခြားလူများကသင့်ရဲ့ ဒေတာများကိုသင့်ရဲ့
ခွင့်ပြုချက်မရဘဲ ကြည့်ရှု အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 Credit Card , PayPal စတဲ့ ငွေကြေးဆိုင်ရာအကောင့်များနဲ့ သင့်ရဲ့ Facebook
အကောင့်ကိုချိတ်ဆက်ထားရင်တော့ သင့်ရဲ့ ငွေကြေးများဆုံးရှုံးမှာ ဖြစ်ပါတယ်။ 

ဒီလို ပြဿနာများကိုကာကွယ်ဖို့အတွက် Facebook က နည်းလမ်းတစ်ခုကိုပံ့ပိုးပေးထားပါတယ်။
အဲဒါကတော့ Facebook အကောင့်ကို အဝေးကနေ Log Out ပြုလုပ်နည်း ဖြစ်ပါတယ်။


Mobile

Mobile Phone များမှာ Facebook ရဲ့ ညာဘက်အပေါ်ထောင့်မှ

 Menu ကို နှိပ်ပြီး Account Settings ထဲသွားပါ။

Security ကို နှိပ်ပါ။

Active Sessions ထဲသွားပါ။

အဲဒီမှာသင့် Facebook အကောင့်ကို Log In ၀င်ထားတဲ့
Device များကိုတွေ့မြင်ရမှာပါ။

အသုံးပြုတဲ့ အချိန် ၊ တည်နေရာ၊ အမျိုးအစားနဲ့ 
အမည်တို့ကိုအသေးစိတ် ဖော်ပြပေးထားပါတယ်
Log Out လုပ်ဖို့အတွက် ဘေးမှ ကြက်ခြေခတ်ကို နှိပ်ပါ။


Desktop

Desktop Computer များမှာ Facebook News Feed ရဲ့ ညာဘက်အပေါ်ထိပ်မှ 
အောက်စိုက်နေတဲ့ မျှားကို နှိပ်ပြီး Settings ကို နှိပ်ပါ။ 

ဘယ်ဘက်ခြမ်းမှ Security ကဏ္ဍထဲသွားပါ

“ Where you’re Logged In “ ရဲ့ 

ညာဘက်ဘေးမှ Edit ကို နှိပ်ပါ။

အဲဒီမှာသင့် Facebook အကောင့်ကို Log In ၀င်ထားတဲ့ 
Device များကို ပြသပေးထားပါတယ်။ 

အပေါ်ထောင်နေတဲ့ မျှားကို နှိပ်ပြီးအသေးစိတ် ကြည့်ပါ
Device တစ်ခုချင်းစီအတွက် အသုံးပြုတဲ့ အချိန်၊ အမည်၊ တည်နေရာနဲ့
 အမျိုးအစားတို့ကို ပြသပေးထားပါတယ်။ 

End Activity ကို နှိပ်ပြီး Log Outလုပ်နိုင်ပါတယ်၊ Device အားလုံးကို 
Log Out လုပ်ချင်ရင် အပေါ်မှ End All Activity ကို နှိပ်ပါ။




အေးကျော်-နည်းပညာ




Post a Comment

0 Comments

Close Menu