Ad Code

Responsive Advertisement

သချာင်္အီကွေးရှင်းတွေကို ဖုန်းနဲ့ရိုက်လိုက်ရုံနဲ့ အဖြေထုတ်ပေးမယ့် Mathpix

သချာင်္ဆိုတာ ကျောင်းသားတိုင်းကြောက်ရတဲ့ဘာသာရပ်ပါ။ ကျနော်တို့လို ငယ်ငယ်ကတည်းက အတွက်အချက်မပိုင်တဲ့သူတွေဆို ပိုဆိုးတာပေါ့။
ဒါပေမယ့် နည်းပညာရဲ့အကျိုးကျေးဇူးကြောင့်၊ (ကောင်းတယ်ပဲပြောရမလား၊ မကောင်းဘူးပဲပြောရမလား) သချာင်္ညီမျှခြင်းတွေကို အဖြေထုတ်ပေးမယ့် app တစ်ခု ပေါ်ထွက်လာပါပြီ၊
Mathpix လို့ ခေါ်တဲ့ iOS app ဟာ ပုံရိပ်ဖတ်နည်းပညာ (image recognition technology) ကို အသုံးပြုပြီး၊ သချာင်္အီကွေးရှင်းတွေကို ဖုန်းကင်မရာနဲ့ရိုက်လိုက်ရုံနဲ့ စက္ကန့်ပိုင်းအတွင်း အဖြေထုတ်ပေးမှာဖြစ်ပါတယ်။
Mathpix app ပုံစံဟာ သာမန်ကင်မရာအက်ပလီကေးရှင်းတစ်ခုလိုပဲဖြစ်ပြီး၊ စခရင်ပေါ်မှာပေါ်နေတဲ့ လေးထောင့်ကွင်းကို ကိုယ်သိချင်တဲ့ equation နေရာမှာ ထားပြီးရိုက်လိုက်ရုံနဲ့ အဖြေကို စက္ကန့်ပိုင်းအတွင်း အတိအကျ တွက်ပေးသွားမှာဖြစ်ပါတယ်။ သူ့ဆာဗာကနေ အဖြေကိုတွက်ချက်ပေးတာဖြစ်လို့ အင်တာနက်ဖွင့်ထားပေးဖို့တော့ လိုပါမယ်။
အဖြေတန်းထွက်လာတဲ့အတွက် တွက်နည်းအဆင့်ဆင့်ကို မသိမှာလည်းမပူရဘဲ၊ အဖြေရဲ့အောက်ဘက်မှာ တွက်နည်းအဆင့်ဆင့်ကို သေချာဖော်ပြပေးထားတာတွေ့ရပါတယ်။ Fraction ၊ Root ၊ Logarithms စတဲ့ တွက်နည်းပေါင်းစုံကိုလည်း တွက်ပေးနိုင်ပါတယ်။
Mathpix ရဲ့ ပုံရိပ်ဖတ်နည်းပညာဟာ တိကျမှုမြင့်မားတာကြောင့်၊ ပုံနှိပ်စာလုံးတွေကိုသာမက၊ လက်ရေးနဲ့ရေးထားတဲ့အီကွေးရှင်းတွေကိုပါ တွက်ပေးနိုင်ပြီး၊ ဆိုးဝါးတဲ့ လက်ရေးတွေကိုတောင် မှန်ကန်စွာဖတ်နိုင်တာတွေ့ရပါတယ်။
Mathpix app ကို Standford PhD ကျောင်းသား Nico Jimenez နဲ့ Standford ဘွဲ့ရပညာရှင် Paul Ferrel တို့က ပူးပေါင်းရေးဆွဲခဲ့တာဖြစ်ပြီး၊ ပညာရေးပိုင်းဆိုင်ရာ tool တစ်ခုအနေနဲ့ သုံးဖို့အတွက် ထုတ်လုပ်ခဲ့တာပါ။
လောလောဆည်တော့ iOS မှာပဲ ထွက်ရှိသေးပြီး၊ ဒီနေရာကနေ ဒေါင်းလုဒ်သွားရောက်ယူနိုင်ပါတယ်။
Ref: Engadget

Post a Comment

0 Comments

Close Menu