Ad Code

Responsive Advertisement

♪ သင့်ရဲ့ ANDROID GALLERY မှ ဓါတ်ပုံ ALBUMS များကို ဖွက်နည်း ♫

1

သူများကို မပြချင်တဲ့ ဓါတ်ပုံများကို Album တစ်ခုထဲမှာ ထည့်ထားပြီး အဲဒီ Album တစ်ခုလုံးကို ဖွက်ထားချင်သူများအတွက် အလွယ်ဆုံးနဲ့ အမြန်ဆုံး နည်း ၂ ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်း ၂ ခုထဲမှ သင်နဲ့ အဆင်ပြေတဲ့ နည်းလမ်းကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ အချို့ စမတ်ဖုန်း ထုတ်လုပ်သူများက သူတို့ရဲ့ ဖုန်းများမှာ ဓါတ်ပုံ၊ ဗီဒီယိုများ ဖွက်ထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပြီးသား ဖြစ်ပါတယ်။ သင့်ဖုန်း ထုတ်လုပ်သူက သင့်ဖုန်းမှာ အဲဒီလို စွမ်းဆောင်ချက်မျိုး မထည့်ပေးထားရင် Apps များကို အသုံးပြုနိုင်ပါတယ်။
၁။ အကောင်းဆုံး နည်းလမ်း : Gallery Lock 
ဓါတ်ပုံ၊ ဗီဒီယိုများကို ဖွက်ထားချင်သူများ၊ Password နဲ့ ကာကွယ်ထားချင်သူများအတွက် အကောင်းဆုံး နည်းလမ်းက Gallery Lock ပါ။ သင့် ဓါတ်ပုံ Album တစ်ခုလုံးကို Gallery Lock App ထဲကို ပြောင်းရွှေ့ ဖွက်ထားနိုင်ပါတယ်။ အောက်ပါ Link ကနေ Gallery Lock ကို ရယူပါ။
https://goo.gl/4ViRH0
Gallery Lock ကို ဖွင့်ပါ။ ပထမဆုံး အကြိမ်ဖွင့်ရင် PIN ထည့်ခိုင်းမှာပါ။ 7777 ရိုက်ထည့်ပေးပါ။ နောက်ပိုင်းအဲဒါကို သင်နှစ်သက်ရာ PIN ပြောင်းနိုင်ပါတယ်။ ပြီးရင် Albums များကို မြင်ရမှာပါ။
1
စကရင်ရဲ့ ထိပ်မှ Add Folder ကို နှိပ်ပြီး အမည်ပေးပါ။ အိုကေကို နှိပ်ပါ။ စကရင် အောက်ခြေကို ဆင်းပါ။ ဖိုဒါအသစ်ကို တွေ့ရမှာပါ။ အဲဒါက Hidden Folder ပါ။ အဲဒါကို နှိပ်ပါ။ စကရင်အောက်မှ Add photo/video ကို နှိပ်ပါ။ Hidden Folder ထဲမှာ ဖွက်ချင်တဲ့ ဓါတ်ပုံများနဲ့ ဗီဒီယိုများကို တစ်ချက်စီနှိပ်ပါ။ စကရင်ရဲ့ ညာဘက်အပေါ်ထိပ်မှ အစိမ်းရောင် + Button ကို နှိပ်ပါ။
2
အခုဆိုရင် သင့်ရဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုများကို ဖွက်ပြီးပါပြီ။ ဓါတ်ပုံ အသစ်များ ရိုက်ပြီးရင်လည်း အဲဒီနည်းဖြင့် ဖွက်ထားနိုင်ပါတယ်။ ဖွက်ထားတဲ့ ဓါတ်ပုံများကို Gallery ထဲမှာ ပြန်ပေါ်စေချင်ရင် Gallery Lock ထဲသွားပါ။ Hidden Folder ထဲသွားပါ။ ဓါတ်ပုံတစ်ခုကို ဖိထားပြီး Unhide ကို နှိပ်ပါ။
3
၂။ အခြား နည်းလမ်း : Astro File Manager
ဖိုင်မန်နေဂျာများကို အသုံးပြုပြီးလည်း ဓါတ်ပုံ၊ ဗီဒီယိုများကို ဖွက်ထားနိုင်ပါတယ်။ Astro File Manager ကို အောက်ပါ Link ကနေ ရယူပါ။
https://goo.gl/cmJ6ku
App ကို ဖွင့်ပြီး Primary ထဲသွားပါ။ Pictures ကို နှိပ်ပါ။ ဖွက်ချင်တဲ့ ဖိုဒါကို ဖိထားပါ။ Menu Button ကို နှိပ်ပါ။ ( ညာဘက်အပေါ်ထိပ်မှ အစက်သုံးစက် ) Rename Now ကို နှိပ်ပါ။ ဖိုဒါကို .nomedia လို့ အမည်ပြောင်းပေးပါ။ စာသားရဲ့ အရှေ့မှာ ( . ) ပါတာကို သတိပြုပါ။
4
ဖွက်ထားတာတွေကို ကြည့်ချင်ရင် Astro ကို ဖွင့်ပါ။ Menu >View Settings ထဲသွားပါ။ Advanced tab ထဲသွားပါ။ Show hidden files မှာ အမှန်ခြစ်ပေးပါ။ Back Button ကို နှိပ်ပြီး Home Screen ထဲသွားပါ။ သင်ဖွက်ထားတဲ့ ဖိုင်များကို ပြန်တွေ့ရမှာပါ။
ဖွက်ထားတာတွေကို Unhide လုပ်ချင်ရင် အမည်ပြန်ပြောင်းပေးပါ။ နှစ်သက်ရာ အမည်ပြောင်းနိုင်ပါတယ်။ စာသားအရှေ့မှာ ( . ) မပါရမှာကို သတိပြုပါ။
Credit to ==> Myanmar Digital Life Journal
www.pyaephyo.com

Post a Comment

0 Comments

Close Menu