Ad Code

Responsive Advertisement

English Speaking Basics (19) အင်္ဂလိပ်စကားပြော အခြေခံများ (၁၉)


ကျနော်တို့ အတွက် တစ်ခုခုလုပ်ဖို့ အခက်အခဲရှိတာကို ဖေါ်ပြချင်တဲ့အခါ ဒီပုံစံကို သုံးနိုင်ပါတယ်
……………………………………………
IT'S HARD FOR ME TO + (VERB)
…………………………………………….
When saying that something is 'hard for me' you are informing someone that what you are talking about is difficult or challenging for you.
.
1. It's hard for me to accept what you are telling me.
ခင်ဗျားပြောနေတာတွေကို လက်ခံဖို့ ကျနော့်အတွက် ခက်ခဲပါတယ်
2. It's hard for me to argue your point. ( argue (v) ငြင်းဆိုသည် ၊ point (n) ဆိုလိုရင်းအချက်)
ခင်ဗျားရဲ့ ဆိုလိုရင်းအချက်ကို ငြင်းဆန်ဖို့ ကျနော့်အတွက် ခက်ခဲပါတယ်
3. It's hard for me to concentrate on the task. (concentrate (v) အာရုံစူးစိုက်သည်)
အလုပ်တာဝန်ပေါ်မှာ အာရုံစူးစိုက်ဖို့ ကျနော့်အတွက် ခက်ခဲပါတယ်
4. It's hard for me to consider your other options. (consider (v) ဆင်ခြင်တွေးတောသည် ၊ option (n) ရွေးခြယ်စရာ နည်းလမ်း)
ခင်ဗျားရဲ့ အခြားရွေးချယ်စရာ နည်းလမ်းတွေက လက်ခံစဉ်းစားဖို့ ကျနော့်အတွက် ခက်ခဲပါတယ်
5. It's hard for me to depend on you. (depend (v) မှီခိုသည်)
ခင်ဗျားကို မှီခိုဖို့က ကျနော့်အတွက် ခက်ခဲပါတယ်
6. It is hard for me to decide where to go tonight.
ဒီနေည သွားဖို့ နေရာကို ဆုံးဖြတ်ဖို့က ကျနော့်အတွက် ခက်ခဲပါတယ်
7. It is hard for me to explain my actions.
ကျနော့်လုပ်ဆောင်မှုတွေကို ဖြေရှင်းပြဖို့က ကျနော့်အတွက် ခက်ခဲပါတယ်
8. It is hard for me to guarantee your success. ( guarantee (v) အာမခံပေးသည်)
ခင်ဗျားရဲ့ အောင်မြင်မှုကို အာမခံပေးဖို့က ကျနော့်အတွက် ခက်ခဲပါတယ်
9. It is hard for me to handle so much pressure. (handle(v) ကိုင်တွယ်ဖြေရှင်းသည် ၊ pressure (n) ဖိအား)
အလွန်များပြားလှတဲ့ ဖိအားတွေကို ကိုင်တွယ်ဖြေရှင်းဖို့က ကျနော့်အတွက် ခက်ခဲပါတယ်
…………………………………………
ကျနော်တို့အတွက် တစ်ခုခုကို လုပ်ဖို့ အခက်အခဲမရှိပါဘူး လွယ်ကူပါတယ် အဆင်ပြေပါတယ်လို့ ပြောချင်တဲ့အခါကျတော့လည်း HARD နေရာမှာ EASY လေးပြောင်းလိုက်ပါ
.
IT’S EASY FOR ME TO + (VERB) ဖြစ်သွားပြီပေါ့
.
10. It’s easy for me to accept your proposal.
ခင်ဗျားရဲ့ အဆိုပြုချက်ကို လက်ခံဖို့က ကျနော့်အတွက် လွယ်ကူပါတယ် ၊ အဆင်ပြေပါတယ်
.
** ထုံးစံအတိုင်းပဲ very, so, really ဘာညာ ထည့်ချင်ထည့်ဦးရသေးတယ်
.
11. It’s very easy for me to solve such kind of problem.
ဒီလိုပြဿ နာမျိုးကို ဖြေရှင်းဖို့က ကျနော်အတွက် အလွန်လွယ်ကူပါတယ်
.
** ခက်တယ်လို့ မပြောပဲ မလွယ်ဘူးလို့ ပြောချင်လည်းရသေးတယ်
.
12. It’s not easy for me to forget you.
ခင်ဗျားကို မေ့ပစ်ဖို့က ကျနော့်အတွက် မလွယ်ကူပါဘူး
13. It’s not easy for me to talk English with a foreigner.
နိုင်ငံခြားသားတစ်ယောက်နဲ့ အင်္ဂလိပ်စကားပြောဖို့က ကျနော့်အတွက် မလွယ်ကူပါဘူး
……………………
ကဲ ဒီလောက်ဆို ပြောချင်တာတွေ ပုံစံမျိုးစုံပြောပြီး မွှေလို့နှောက်လို့ ရပြီပေါ့ ဟုတ်တယ်ဟုတ်..
.
မေတ္တာဖြင့် <3


မေတ္တာဖြင့် အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu