Ad Code

Responsive Advertisement

English Speaking Basics (26) အင်္ဂလိပ်စကားပြော အခြေခံများ (၂၆)


English Speaking Basics (26) အင်္ဂလိပ်စကားပြော အခြေခံများ (၂၆)
…………………………………… 
အကြောင်းအရာတစ်ခု (သို့မဟုတ်) အရာဝတ္ထု တစ်ခု နဲ့ ပတ်သက်ပြီး ထင်မြင်ချက် ဘယ်လိုရှိပါသလဲလို့ မေးချင်တဲ့အခါ ဒီပုံစံကို သုံးလိုက်ပါ..
…………………………………..
WHAT DO YOU THINK ABOUT + (VERB-ING)
…………………………………..
(This question asks someone their opinion about a topic.)
.
(1) What do you think about reading?
စာဖတ်ခြင်းနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်မြင်ပါသလဲ
(2) What do you think about sharing photos on Facebook?
Facebook မှာ ဓါတ်ပုံတွေ ရှယ်ယာ တာနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်မြင်ပါသလဲ
(3) What do you think about having a cup of tea with me?
ကျနော်နဲ့အတူ လက်ဖက်ရည်တစ်ခွက် သောက်ဖို့ကို ခင်ဗျားသဘောက ဘယ်လိုပါလဲ
(4) What do you think about working overtime next week?
နောက်တစ်ပတ်မှာ အချိန်ပို လုပ်ဖို့နဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုသဘာရပါသလဲ
(5) What do you think about waiting in line for tickets?
လက်မှတ်တွေအတွက် တန်းစီပြီး စောင့်တာနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်မြင်ပါသလဲ
(6) What do you think about quitting from my job?
ကျနော့် အလုပ်ကနေ ထွက်လိုက်တာနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုယူဆပါသလဲ
(7) What do you think about living in a new city?
မြို့တော်သစ်မှာနေထိုင်တာနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်မြင်ပါသလဲ
………………………………..
WHAT DO YOU THINK ABOUT + (NOUN)
………………………….
(1) What do you think about it?
အဲဒါနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်မြင်ပါသလဲ
(2) What do you think about me?
ကျနော်နဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်မြင်ပါသလဲ
(3) What do you think about the famous book?
နာမည်ကြီး စာအုပ်နဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်မြင်ပါသလဲ
(4) What do you think about my proposal? (proposal = အဆိုပြုချက်)
ကျနော့် အဆိုပြုချက်နဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်မြင်ပါသလဲ
(5) What do you think about the weather?
ရာသီဥတုနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်မြင်ပါသလဲ
(6) What do you think about this plan?
ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်မြင်ပါသလဲ
(7) What do you think about my profile picture?
ကျနော့် profile ပုံလေးနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုထင်မြင်ပါသလဲ
………………….
နည်းနည်းကွန့်ကြည့်ရအောင်..
(1) What do other people think about you?
ခင်ဗျားနဲ့ ပတ်သက်ပြီး တခြားသူတွေက ဘယ်လိုထင်မြင်ကြပါသလဲ
(2) Do you care what other people think about you?
ခင်ဗျားက ခင်ဗျားနဲ့ ပတ်သက်ပြီး တခြားသူတွေထင်မြင်တာကို ဂရုစိုက်ပါသလား
……………..
ဒီလိုပါပဲ သိပြီးတဲ့ အခြေခံပုံစံလေးတွေ ပေါ်ကနေ အမြီးတပ် အမောက်တပ် အတောင်ပံတပ် နဲ့ ကိုယ်လိုချင်တဲ့ အဓိပ္ပါယ်ရအောင် ပြောင်းယူရမှာ ဖြစ်ပါတယ်..
.
မေတ္တာဖြင့် <3


မေတ္တာဖြင့် အဆင်ပြေပါစေ
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu