Ad Code

Responsive Advertisement

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူများ ရဲစခန်း၊ ရပ်ကွက်နှင့် ကျန်းမာရေးထောက်ခံစာများ မလိုတော့

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများကို သြဂုတ် ၁၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ယခုနှစ်တက္ကသိုလ်ဝင် ခွင့်လျှောက်ထားသူများသည် သက်ဆိုင်ရာ ရဲစခန်း၊ မြို့နယ်၊ ရပ်ကွက်နှင့် မြို့နယ် ကျန်းမာရေး ဌာန၏ထောက်ခံစာများ ယူရန်မလိုဘဲ ၀င်ခွင့်လျှောက်လွှာပုံစံအိတ် ဖြင့်သာ လျှောက်ထားရမည်ဖြစ် ကြောင်း အဆင့်မြင့်ပညာဦး စီးဌာနမှ သတင်းရရှိသည်။

၂၀၁၆ တက္ကသိုလ်ဝင်စာမေး ပွဲအောင်မြင်သူများ၏ တက္ကသိုလ် ၀င်ခွင့်လျှောက်လွှာများကို အ ဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန် ရုံးခွဲ)မှ ဖွင့်လှစ်ထားသည့် ပညာ ရေးတက္ကသိုလ် အားကစားခန်းမ ၌ သြဂုတ် ၁၈ ရက်တွင် စတင် လက်ခံလျက်ရှိသည်။

တက္ကသိုလ်ဝင်ခွင့်လျှောက် လွှာလက်ခံရာတွင် တက္ကသိုလ်ဝင် ခွင့်လျှောက်လွှာပုံစံအိတ်၌ ပါ ဝင်သည့် လျှောက်လွှာများ၊ သက် ဆိုင်ရာ ကျောင်းမှ ထုတ်ပေးသည့် အမှတ်စာရင်းနှင့် အရည်အချင်း မှတ်တမ်းလွှာစုံ၊ မစုံစစ်ဆေး၍ လက်ခံခဲ့ပြီး အခြားထောက်ခံစာ တင်ပြရန် မလိုကြောင်း အဆင့် မြင့်ပညာဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။

‘‘ဝင်ခွင့်လျှောက်လွှာတင်တဲ့ နေရာမှာ အရင်ကလို ရပ်ကွက်တို့၊ ရဲစခန်းတို့၊ ဆေးရုံထောက်ခံစာတို့ မယူရတော့ ကျောင်းသားတွေ ရော၊ ကျောင်းသားမိဘတွေရော ငွေကုန်ကြေးကျလည်း မများ တော့ဘူး။ လူလည်း မပင်ပန်း တော့ဘူး။ အရင်ကဆို ဝင်ခွင့် တင်ဖို့အတွက် ထောက်ခံစာတွေ ကို တော်တော်တိုးဝှေ့ပြီး ယူရ တာ’’ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ အငြိမ်းစားအထက်တန်းပြဆရာမကြီးတစ်ဦးက ပြော သည်။‘‘ဒီနှစ်က အဆင့်မြင့်ပညာ ဦးစီးဌာနကနေ ထုတ်ပေးလိုက် တဲ့ ၀င်ခွင့်လျှောက်လွှာပုံစံအိတ် အတိုင်းပဲ ပြန်တင်ရမှာပါ။ကျောင်းက လိုအပ်တဲ့ အမှတ်စာ ရင်းနဲ့ CPR ကိုပဲ တောင်းပါတယ်’’ ဟု တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ လက်ခံနေသည့် အဆင့်မြင့်ပညာ ဦးစီးဌာန(ရန်ကုန်ရုံးခွဲ) ကျောင်း သားရေးရာဌာနမှ ဒေါ်မြင့်မြင့်စိန် ကပြောကြားသည်။

၂၀၁၆ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို သြဂုတ် ၁၈ ရက်မှ ၃၁ ရက်အထိ ပိတ်ရက်မရှိ ရုံးချိန်အတွင်း လာရောက် လျှောက်ထားနိုင်ကြောင်းအဆင့် မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ) က ကြေညာထားသည်။

‘‘သြဂုတ် ၃၁ ရက် နောက် ဆုံးထားပြီးတော့ လက်ခံပေမယ့် နောက်ကျတဲ့ နယ်ကကျောင်း သားရော၊ ရန်ကုန်က ကျောင်း သားတွေအတွက်ကို အဆင့်မြင့် ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)မှာ ပြန်လက်ခံပေးပါတယ်။ မေဂျာ တွေ မကျမချင်း လက်ခံလို့ရတဲ့ အချိန်အထိ လက်ခံပေးပါတယ်’’ ဟု ဒေါ်မြင့်မြင့်စိန်ကပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန် မိမိတို့စာမေး ပွဲဖြေဆိုကြသည့် သက်ဆိုင်ရာ  စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ)ထံတွင် အ မှတ်စာရင်း၊ အရည်အချင်းမှတ် တမ်းစာချုပ်ရမှတ်အဆင့်၊တက္က သိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် လျှောက်လွှာပုံစံအိတ်ကို သြဂုတ် ၁၇ ရက်မှစ၍ ကိုယ်တိုင်ထုတ် ယူနိုင်ပြီဖြစ်ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်။

‘‘လျှောက်လွှာအိတ်ထဲမှာပါ တဲ့ လျှောက်လွှာကတ်ပြားတွေနဲ့ပဲ တင်ခဲ့တယ်။ အမှတ်မီမယ်ထင်တဲ့ တက္ကသိုလ်တွေကို ဦးစားပေး လျှောက်ခဲ့တယ်’’ဟု ၂၀၁၆ တက္က သိုလ်ဝင်ခွင့် လာရောက်လျှောက် ထားသည့် ကျောင်းသားတစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင်ခွင့်ရွေးချယ် ရာတွင် တက္ကသိုလ်အလိုက် လျှောက်ထားသည့် ကျောင်းသား များကို တက္ကသိုလ်မှ လက်ခံနိုင် သည့် အရေအတွက်အတိုင်း တက္ကသိုလ်ဝင်စာမေးပွဲရမှတ်များ အပေါ် အဓိကအခြေခံသည့် ယှဉ် ပြိုင်စနစ်ဖြင့် ဦးရေစိစစ်၍ ၀င်ခွင့် လက်ခံမည်ဖြစ်ကြောင်း တက္က သိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့က ကြေညာထားသည်။
Credit to 7daydaily.com

Post a Comment

0 Comments

Close Menu