Ad Code

Responsive Advertisement

Dead သွားတဲ့ Xiaomi Redmi Note 3G ကို Unbrick လုပ်နည်း




ပြင်ဆင်ချက်:

  • Xiaomi USB Driver or VCOM Driver (Window 7) (Mediatek ဖုန်းအတွက် Driverကိုပြောတာနော်)
  • SP Flash Tool
  • Fastboot ROM (ပို့ စ်အောက်ဆုံးတွင် လင့်ခ် ပေးထားသည်)
  • Redmi Note 3G WCDMA ဖုန်း
  • Laptop or Desktop PC
  • Xiaomi USB cable


    မှတ်ချက်: 

    • သင့်ဖုန်းရဲ့ ဒေတာတွေကို ပျက်နိုင်တဲ့အတွက် ဖန်းဝဲမတင်ခင် backup လုပ်ထားပါ!
    • ဒေါင်းလော့ လင့်ခ် တွေကို ပို့စ်ရဲ့အောက်ဆုံးမှာ တင်ပေးထားပါတယ်.
    • အခု Firmware တင်တဲ့နည်းလမ်းမှာ Fastboot mode ထဲဝင်စရာမလိုပါ.
    • ယခုနည်းလမ်းက Deadboot ဖြစ်သွားတဲ့ Redmi note 3g ကို ပါဝါပြန်နှိုးလို့ရပါတယ်!

    Procedures:
    အဆင့် ၁: Download လုပ်ထားတဲ့ 
    VCOM Driver ကို ကွန်ပျူတာမှာ ထည့်သွင်းပါ. 

    မှတ်ချက်: MT65xx Driver (Vcom Driver) သွင်းနည်းမသိရင် Google မှာရှာဖတ်ပါ ပို့ စ်တွေမှအများကြီးပါ ဥပမာ။  ။ How to install mt65xx driver on pc ဘာညာပေါ့.

    အဆင့် ၂: သင့် Redmi Note ဖုန်းကို ပါဝါပိတ်ပီး ဘက်ထရီ ထုတ်ပါ.

    အဆင့် ၃: ဒေါင်းထားတဲ့ Fastboot ROM ကို Computer ပေါ်မှာဖြည်လိုက်ပါ.

    မှတ်ချက်: ဖိုင်ဖြည်ရာတွင် Fastboot Rom  .tgz ကို .rar လို့ပြောင်းပါ(lcsh92_wet_jb9_global_images_JHDMIBH38.0_4.2_in_c3ec538a7e.tgz  ကို lcsh92_wet_jb9_global_images_JHDMIBH38.0_4.2_in_c3ec538a7e.rar)

    အဆင့် ၄: ဒေါင်းထားတဲ့ SP Flash Tools ကို ကွန်ပျူတာတွင် ဖြည်ထားပါ.

    အဆင့် ၅:  Flash_tool.exe ကို Right click ထောက်ပီး  "Run as adminstrator" ကိုနှိပ်ပါ.

    အဆင့် ၆: SP Flash Tools ကို ဖွင့်ပြီးရင်,  Scatter Loading ကိုနှိပ်ပါ.

    အဆင့် ၇ :  Fastboot ROM folder ထဲမှာရှိတဲ့ 
    "MT6592_Android_scatter.txt" ရွေးပါ . (မှတ်ချက်-Scatter ဖိုင်ကို images folder ထဲမှာ တွေ့နိုင်ပါတယ်၊ MT6592_Android_scatter.txt ဆိုတဲ့ နာမည်မဟုတ်ပဲ Android_scatter.txt or scatter.txt လို့ဖြစ်နေလဲရပါတယ်)


    အဆင့် ၈: အောက်က ပုံမှာ ပြထားတဲ့အတိုင်း Download ကိုနှိပ်ပါ




    အဆင့် ၉: ဖုန်းကို ဘက်ထရီထည့် Volume အပေါင်းကိုနှိပ် ပြီးတာနဲ့ကွန်ပျူတာကို usb ကြိုးနဲ့ချိတ်ပါ. 


    မှတ်ချက်: flash tool မှာအနီရောင်ဘားတန်းလေးမပေါ်ရင် ကွန်ပျူတာနဲ့ ဖုန်းကို ပြန်ချိတ်ပါ 
    (ချိတ်နေတဲ့အချိန်မှာတော့ ဖုန်းရဲ့ အသံချဲ့ခလုပ်ကို ဖိထားပေးပါ).

    အဆင့် ၁၀: ဖုန်းကို computer က သိသွားပြီဆိုတာနဲ့ Spflash Tool ရဲ့ အောက်ဆုံးမှာ အနီရောင်ဘားတန်းလေးကိုတွေ့မှာပါ ၊ အ၀ါရောင်ဘားတန်းလေးပြေးတာပြီးတဲ့အထိစောင့်ရုံပါပဲ.
    အဆင့် ၁၁: Download Ok ဆိုပြီး အစိမ်းရောင်အမှန်ခြစ်ကြီးပေါ်လာရင် Firmware တင်တာ အောင်မြင်စွာ ပြီးသွားပါပြီ.


    အဆင့် ၁၂: ဖုန်းကို ဘက်ထရီ ပြန်ထုတ် ပြန်ထည့် ပီးတာနဲ့ ပါဝါ ဖွင့်လို့ရပါပြီ.
    (ပါဝါတက်တဲ့အချိန်က 2-3 minutes ကနေ 15 minutes လောက်ထိကြာနိုင်ပါတ
    ယ်).
     အောက်ကပုံလိုပေါ်လာရင် fastboot ROM ကို Redmi Note မှာ တင်တာ အောင်မြင်ပါပြီ :)!  

    Download Links:

    VCOM USB Driver:
    Download
    SP Flash Tool Version 5.1352.01:
    Download
    Fastboot ROMs ဒေါင်းရန်:
    Download-596MB
    Credit to https://mmtechzone.blogspot.com

    Post a Comment

    0 Comments

    Close Menu