Ad Code

Responsive Advertisement

OS ကို အင်စတော လုပ် တဲ့ နည်းများ ထဲ က မှ ISO ဖိုင် ကို USB drive ထဲ တွင် ထည့်သွင်း ပြီး အင်စတော လုပ်တာမျိုးပါ

OS ကို အင်စတော လုပ် တဲ့ နည်းများ ထဲ က မှ ISO ဖိုင် ကို USB drive ထဲ တွင် ထည့်သွင်း ပြီး အင်စတော လုပ်တာမျိုးပါ၊ ISO ဖိုင် တခု တည်း မဟုတ်ပဲ၊ မိမိ အင်စတော လုပ်လိုသော ISO ဖိုင်များ ကို USB drive တခုတည်း တွင် စုပေါင်း ထည့်သွင်း ထားနိုင်ပေသည်၊ ထို့ကြောင့် ISO ဖိုင် တခု အတွက် USB flash drive တခု စီ အသုံးပြုရန် မလို အပ်တော့ ပေ။
Windows ၏ ISO ဖိုင် များကို တရားဝင် ဘယ်လို ဒေါင်းလုတ် လုပ် နိုင်တယ် ဆိုတာ ကို ဒီလင့် http://bit.ly/2b0TdTK မှာ လေ့လာနိုင်ပါတယ်။
Multiboot USB Disk ပြုလုပ် ပုံ ကို ဖေါ်ပြ မှာ ဖြစ်ပါတယ်။
(၁) http://www.winsetupfromusb.com/downloads မှ WinSetupFromUSB ဖိုင်၏ နောက်ဆုံး ဗာရှင်း ကို ဒေါင်းလုတ် လုပ်ရပါမယ်၊ ပြီးလျှင် extract လုပ်ပါ။
(၂) USB flash drive ကို ကွန်ပြူတာ သို့ ဆက်သွယ်ပါ။
(၃) Extract လုပ်ထားသော directory မှ WinSetupFromUSB ကို run ပါ၊ 32-bit (သို့) 64-bit ကို မိမိ ၏ OS အလိုက် run နိုင်ပါသည်၊အင်စတောလေးရှင်း လုပ်ရန် မလိုအပ်ပါ။
(၄) မိမိ အသုံးပြုရန် ကွန်ပြူတာ တွင် တပ်ဆင်ထား သော USB drive ကို auto detect လုပ်ပါတယ်၊ မလုပ်ပါက refresh ပြုလုပ်ပေးရပါမည်။
(၅) အခုရွှေးချယ် သည့် option သည် ပထမဆုံး ISO အင်စတော်လေးရှင်း အတွက် ဖြစ်ပါသည်၊ “Auto format it with FBinst” ကို ရွှေးချယ် ပါ၊ ပြီးလျှင် NTFS option ကို ရွှေးချယ်ပါ။
(၆) “Advanced options” ကို ရွှေးချယ်ပါ။
(၇) “Custom menu names for Vista/7/8/Server Source” ကို ရွှေးချယ်ပါ။
(၈) မိမိ အင်စတော လုပ်မယ့် ISO ဖိုင် ကို ISO ဖိုင် ဒေါင်းလုတ် လုပ်ထားသော နေရာမှ ရွှေးချယ် ပေးရပါမယ်။
(၉) “Go” ကို နှိပ်ပါ၊ ကွန်ပြူတာ တွင် တတ်ဆင်ထားသော USB drive ကို format လုပ်မည့် အကြောင်း “Warning” လာပါမည်၊ “Yes” ကို နှိပ်ပါ။
(၁၀) Partition များကို ဖျက်မယ် လို့ ပြောတဲ့ “Warning” ထပ်လာပါမယ်၊ “Yes” ကို နှိပ်ပါ။
(၁၁) “Folder name” တောင်းပါမယ်၊ ရိုက်ထည့် ပြီးပါက “OK” ကို နှိပ်ပါ။
(၁၂) Boot လုပ် တဲ့ အခါ ပေါ်ချင်သည့် နာမည်ကို ပေးရပါမည်၊ ပြီးလျှင် “OK” ကို နှိပ်ပါ၊
(၁၃) “Process” စတင် ပြီး၊ ပြီးစီး ရန် မိနစ် အနည်းငယ် ကြာပါမယ်။
(၁၄) “Process” ပြီးသွား ပါက “EXIT” ကို နှိပ်ပါ။
ဒုတိယ ISO ဖိုင် ကို multiboot USB disk မှာ ထည့်သွင်း ပုံ ဖြစ်ပါတယ်၊ နောက်ထပ် ISO ဖိုင် များကို လည်း ယခု ဖေါ်ပြပါ နည်း အတိုင်း ထည့်သွင်း နိုင်ပါတယ်။
(၁) WinSetupFromUSB ကို ထပ်မံ run ရပါမယ်။
(၂) မိမိ အသုံးပြုရန် ကွန်ပြူတာ တွင် တပ်ဆင်ထား သော USB drive ကို auto detect လုပ်ပါတယ်၊ မလုပ်ပါက refresh ပြုလုပ်ပေးရပါမည်၊ ပထမ ISO ဖိုင် ထည့်သွင်းထား သော USB drive ဖြစ်ရပါမယ်။
(၃) “Advanced options” ကို ရွှေးချယ်၍ “Custom menu names for Vista/7/8/Server Source” ကို ရွှေးချယ်ပါ။
(၄) “Auto format with FBinst” ကို မရွှေးချယ်ရပါ၊ ရွှေးချယ်မိပါက နဂိုရှိနေ သော ISO ဖိုင် ကို ပါ format လုပ်ပစ်လိုက်ပါလိမ့် မည်။
(၅) မိမိ အသုံးပြုမည့် ISO ဖိုင် နောက် တခု ကို ရွှေးချယ် ထည့်သွင်းပါ။
(၆) ပထမ ISO ဖိုင် ထည့်သွင်းသော နည်းလမ်း အတိုင်း ပြီးဆုံးအောင် လုပ်ရမည် ဖြစ်သည်။
အထက်ဖေါ် ပြပါ အကြောင်း အရာ ကတော့ multiboot USB flash drive က အသုံးပြုပြီး၊ ဘယ် OS နဲ့ boot လုပ်မယ်ကို ရွှေးချယ် နိုင်ပါတယ်၊ အခုဆို ရင် မိမိ အင်စတော လုပ် ချင် သော OS များ ၏ISO ဖိုင် များ မိမိ ၏ USB flash drive တွင် အသင့် ရှိနေပြီ ဖြစ်ပေသည်။
© ® 
I.T.W











Post a Comment

0 Comments

Close Menu