Ad Code

Responsive Advertisement

Pokemon ( သို့မဟုတ်) ပျားရည်အောက်က ဓားသွားလား




သေချာ စ-ဆုံး ဖတ်စေချင်ပါတယ်

Pokemon ( သို့မဟုတ်) ပျားရည်အောက်က ဓားသွားလား
=======================================
Pokémon GO Company ကို Niantic Company ကပွဲထုတ်ပေးခဲ့ တယ်။ သူ့ ရဲ့  တည်ထောင်သူနဲ့  CEO John Hanke ရဲ့ နောက်ကြောင်းရာဇ၀င် ကိုလိုက်ကြည့် လိုက်တော့ အောက်ပါအတိုင်းတွေ့ ရတယ်။

၁) John Hanke ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံရေးရာနဲ့ ပတ်သတ်တဲ့  section မှာအလုပ်လုပ်ဖူးတယ်။

၂) John Hanke ဟာ Keyhole, Inc. ရဲ့ တည်ထောင်သူ နဲ့  CEO လဲဖြစ်ခဲ့ တယ်။ Keyhole ဟာ geospatial data visualization applications တွေကိုအဓိကထုတ်တယ်(အဓိကက Satellite image တွေ တည်နေရာတွေကနေ စစ်သုံးမြေပုံတွေ တည်နေရာတွေအဓိကကြည့် တာဖြစ်တယ် နောက်ပိုင်း
Google က၀ယ်ပြီး Google Earth ဖြစ်လာတယ်)Keyhole Inc ကို Google က၀ယ်ပြီးနောက်ပိုင်း Google Earth Division ဖြစ်လာတယ်။ နိုင်ငံဒေသကမြေပုံအသီးသီး Satellite View တွေနဲ့ ကြည့် လို့ ရအောင် စတင်လုပ်ဆောင်ခဲ့ တဲ့ Company ပဲ

၃) အဓိက မသင်္ကာစရာက John Hanke တည်ထောင်ခဲ့ တဲ့  Keyhole, Inc ရဲ့ နောက်ခံအကြောင်းပဲ(အခုသူက Google က၀ယ်သွားတော့ နောက်ခံအကြောင်းတွေနဲနဲမှေးမှိန်သွားတယ်) ရသလောက်ပြောရမယ်ဆိုရင် Keyhole, Inc
ရဲ့ မတည်ထည့် ဝင်ငွေကို In-Q-Tel လို့ ခေါ်တဲ့  CIA နဲ့ အခြားထောက်လှမ်းရေး အေဂျင်စီတွေကို သတင်းနည်းပညာပံ့ ပိုးပေးရတဲ့  Company က Backing အများကြီးပေးတည်ထောင်ထားခဲ့ တာတွေ့ ရတယ်။

၎)Pokémon GO တည်ထောင်သူ John Hanke ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန National Geospatial-Intelligence Agency (NGA) ရယ် US Department of State လို့ ခေါ်တဲ့  နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ ပေါ်တင်ကော နောက်ကွယ်ကကောပတ်သတ်မှုတွေအများဆုံးသူဖြစ်တယ်။

(၅) Pokemon ကစားနည်းက GPS နဲ့ ချိတ်ဆက်ပြီး ကစားရသလို ၊ ဖုန်းရဲ့ Camera ပါ ဖွင့်ပြီးဆော့ရတဲ့ ကစားနည်းလို့သိရပါတယ်။ထိုင်ပြီးဆော့လို့မရဘူး။ ဒါဆို စဉ်းစားစရာဖြစ်လာတာက ကိုယ်သွားသမျှကို GPS က တဆင့် မှတ်တမ်းတင် ထားနိုင်သလို ၊ ကင်မရာပါ ဖွင့်ရတဲ့ အတွက် ပတ်ဝန်းကျင် အခြေအနေကိုပါ မြင်နိုင်၊မှတ်တမ်းတင်နိုင်တယ်။ကိုယ်သွားသမျှ၊ ကိုယ့်ကင်မရာက မြင်ကွင်းမှန်သမျှကို ဂိမ်းဆာဗာ က နေ မှတ်တမ်းတင်ထားလိုက်ရင်...ဒါဟာ
Proxy Spy with game ( ဂိမ်းမှတဆင့် သတင်းထောက်လှမ်းခြင်း) လုပ်သလို ဖြစ်သွားမယ်။ 

(၆)ဂိမ်းမှာ ထူးခြားမှုတစ်ခုက ပိုကီစတော့ Pokestop တွေဟာ ဆူးလေ လေနေရာမျိုး၊ မြို့တော်ခန်းမ ၊ ဒေါ်အောင်ဆန်းစုကြည် အိမ်လို နေရာမျိုးမှာ ရှိနေတတ်တာတွေ ဖြစ်ပါတယ်။ပိုကီစတော့ Pokestop ကို Pokemon ဆော့သူတွေက လာကြရတာဖြစ်တဲ့ အတွက် လူစုလူဝေး အဖြစ် အသင့်ဖြစ်နေအောင် Game နဲ့ စုစည်းပေးထားလိုက်တယ်။

(၇)ပိုကီစတော့ Pokestopတွေဟာ လုံခြုံရေးအဆင့်ရှိတဲ့နေရာတွေ ဖြစ်နေတဲ့ အတွက် ပြဿနာ ရှိနိုင်တယ်။users တွေဟာ Game မှာ စွဲလမ်းမှုတွေဖြစ်
လာပြီး Tempo မြင့်နေတဲ့ အချိန်မျိုး ၊ Government ရဲ့ လုံခြုံရေး ၊ National
Security အဆင့်ရှိတဲ့ နေရာတွေက Pokestopတွေကို သွားခွင့်မရခဲ့ရင်..ဒါဟာ
အစိုးရနဲ့ Gamer ပြည်သူတွေအကြား အဆင်မပြေမှုတွေကို မွေးဖွားပေးလိမ့်မယ်။

(၇) နောက်တစ်ခုက Pokemon နဲ့ မျှားပြီး အမေရိကန်ဟာ ဂိမ်းကနေတဆင့်
စစ်ဓာတ်စစ်ဆင်ရေးတွေ လုပ်နေတယ်လို့စိုးရိမ်စရာဖြစ်ကြောင်း ရုရှားကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီ(ကာလုံ) ဒုတိယ ဥက္ကဌ Mr. Klintsevich က ပြော
သလို ၊ နိုင်ငံတော်လုံခြုံရေးအတွက်တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှစိုးရိမ်ပူပန်ချက် Mirror UKက သတင်းတွေဟာလည်း စဉ်းစားစရာကောင်းပါတယ်။

(၈) နောက်တစ်ခုက စိတ်ဓာတ်စစ်ဆင်ရေး မဟာဗျူဟာပါ။ဒုတိယကမ္ဘာစစ်ပြီးလို့ စစ်အေးကာလမှာ တိုင်းပြည်နဲ့တစ်ပြည်ကို ယခင်လို စစ်ချီသိမ်းတာမျိုး မရှိတော့ ပဲ အလိုလိုနောက်ကျနေအောင်၊ အလိုလို အညံ့ခံလာအောင် စိတ်ဓာတ်
စစ်ဆင်းနည်းပေါင်းစုံကို သုံးလာကြတာ အားလုံးအသိပါ။ဆွန်ဇု ကလည်း 
"စစ်မဟာဗျူဟာ နည်းအရ စစ်ဆင်းရာမှာ ရန်သူ့တိုင်းပြည်တစ်ခုလုံး ပကတိ အညံ့ခံလာခြင်းသည် အကောင်းဆုံး အောင်နိုင်ခြင်း " ဟု ဆိုတယ် မဟုတ်လား။တိုင်းပြည် တစ်ပြည်ရဲ့ အနာဂတ် နဲ့ ခွန်အားဟာ လူငယ်တွေရဲ့ တွေးတော ကြံဆမှု ၊ လုပ်ကိုင်ဆောင်ရွက်မှု ၊ကြံစည်ကြိုးစားမှုတွေ ဟာ အဓိက မဟုတ်ပါလား။ဒီလို အဓိကကျတဲ့ လူငယ်တွေကို တွေးတောကြံဆမှုတွေမလုပ်နိုင်
အောင် ၊ အလုပ်အကိုင်တွေထိခိုက်နေအောင် ၊ ကြံစည်ကြိုးစားအားထုတ်မှုတွေ မလုပ်နိုင်အောင် ပစ်မှတ်ထား ဆွဲဆောင်ခံနေရပြီဆိုရင်လည်း အဲ့ဒီနိုင်ငံရဲ့
နစ်နာမှုတွေပါပဲ။ Pokemon ဟာ အမေရိကန်တွေရဲ့ စိတ်ဓာတ် စစ်ဆင်ရေး
မဟာဗျူဟာ Tools တွေ ထဲက အရိုးရှင်းဆုံး တစ်ခုလား ဆိုတာတော့ စဉ်းစား
သင့်ပါတယ်။

(၉) နောက်ဆုံး Pokemon ဂိမ်းကစားတဲ့ နိုင်ငံက လူငယ်တွေဟာ အချိန်ကုန်မယ် ၊ ငွေကုန်မယ် ၊ကိုယ်ရဲ့အချိန်တွေကို ဂိမ်းထဲမှာ နစ်မြှပ်လိုက်ရတာ ဖြစ်တဲ့အတွက် ဘ၀တိုးတက်ရာတိုးတက်ကြောင်း၊ နိုင်ငံတိုးတက်ရာတိုးတက်ကြောင်း
တွေ လုပ်ဆောင်ဖို့ လစ်ဟင်းသွားမယ်။တန်ဖိုးရှိတဲ့အချိန်တွေ အလှည့်စား ခံလိုက်ရတယ်။အခြားတစ်ဖက်က လူတွေကတော့ ဘာရမလဲဆိုတော့ GPS ဖွင့်ပြီး
သွားရတဲ့ အတွက် အခြားနိုင်ငံရဲ့ မြေမြင်အချက်အလက်တွေ ကို Gamer က တဆင့် ခိုင်းပြီး Proxy spy လုပ်နိုင်တယ်။ Camera က တဆင့် မှတ်တမ်းတင်နိုင်မယ်။ အခြားနိုင်ငံရဲ့ အချက်အလက်တွေကို ဂိမ်းတစ်ခုရင်း ပြီး သာသာ ယာယာ ပဲ ရယူလိုက်နိုင်သလို ၊အဲ့ဒီနိုင်ငံရဲ့ လူငယ်ထုကိုလည်း တိုးတက်မှု
နှောက်နှေးအောင် ၊ အချိန်တွေကိုအကျိုးရှိစွာအသုံးမချနိုင်အောင် ဂိမ်းတစ်ခု
နဲ့ လှည့်စား ဟန့်တား ထားနိုင်မယ်မဟုတ်ပါလား..။

(၁၀) Pokemon ဂိမ်းကစားတာဟာ လမ်းလျှောက်ကစားရတဲ့အတွက် ကျန်းမာရေးကောင်းတယ်လို့ ဆိုပါတယ်။လမ်းလျှောက်တာဟာ ကောင်းပါတယ်။
သို့သော် Pokemon ကဟိုကိုသွားပါ ဒီကိုသွားပါ ခိုင်းမှ လမ်းလျှောက်တတ်တာလား ၊ ကိုယ့်ဘာသာ ကိုယ် ရော ကျန်းမာရေးအတွက် လမ်းလျှောက်လို့မရဘူးလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။Pokemon ကစားတာ ပျော်ရတယ်၊ ကျန်းမာရေး ကောင်းတယ်ဆိုတဲ့ အချက်ကလေး တစ်ခုအတွက် ၊ကျန်တဲ့အရာတွေဖြစ်တဲ့ အချိန်တွေ ၊ လုပ်အား၊ တွေးတောကြံဆမှု ၊ မြေပြင်အချက်အလက်တွေကို ချိုးဖျက် ပေးအပ်သင့်သလားဆိုတာ စဉ်းစားစရာပါပဲ ခင်ဗျာ။

Ref-
- Pokemon နဲ့ အမျိုးသား လုံခြုံရေး - ၀င်းသူ
- မြန်မာပြည်ရောက် Pokemon - စုမွန်
- Beginner's Guide- How to play pokemon Go !
- All the Pokemon Go News From Around the World

Photo Credit by Mi Thein
Credit to Chan Thar
Video Facebook Link: NewsBeatSocial
Vedio Fac3book Link: elevenbroadcasting

ကျိုက္ခမီသားလင်းနိုင်ဦးအကြံပေးချင်တာကတော့  Pokemonဂိမ်း ဆော့ချင်တယ်ဆိုရင်လည်း သတိ ၀ီရိယနဲ့ ကစားကြပါ။
ကိုယ့်အတွက် အကျိုးရှိမရှိ ဦးနှောက်နဲ့ သုံးသပ်ပါ။
ကိုယ်ပိုင်အချိန်တွေကို အကျိုးရှိမည့် အလုပ်နဲ့သာ အသုံးချပြီး ကုန်ရှုံးစေချင်ပါတယ်။

မေတ္တာဖြင့်
ကျိုက္ခမီသားလင်းနိုင်ဦး

Post a Comment

0 Comments

Close Menu