Ad Code

Responsive Advertisement

Troubleshooting the most likely XAMPP’s issue “Apache is not Running”









XAMPP မှာ အများအားဖြင့် ဖြစ်တက်တဲ့ ပြဿနာတစ်ခုဖြစ်သော Apache is not running. ကိုဘယ်လိုဖြေရှင်းမလဲ… (ဒီပြသနာကို မေးတက်ကြလို့ ပို့စ်တစ်ခုအနေနဲ့တင်ပြလိုက်ပါတယ်။)

ဒါကိုမပြောခင်မှာ XAMPP ဟာ ဘာလဲဆိုတာ အရင်ပြောရပါမယ်။ ရှေ့ပိုင်း PHP သင်ခန်းစာ အစမှာတုန်းကလဲ ပြောခဲ့ဖူးပါတယ်။ အခုလည်း နည်းနည်းပြန်ပြောပါမယ်။ XAMPP ဟာ ကျော်ကြားလှတဲ့ Web development tool တစ်ခုဖြစ်ပါတယ်။ Apache server, Mysql database နဲ့ တခြားလိုအပ်တဲ့ FTP services တချို့ ပေါင်းစပ်ထာတဲ့ All in one software တစ်ခုလဲဖြစ်ပါတယ်။ XAMPP ဆိုတဲ့အမည်နဲ့ပတ်သက်ပြီးရှင်းရမယ်ဆိုရင် A ဟာ Apache ၊ M က MySql ၊ ပထမ P က PHPနဲ့ ဒုတိယ P ကတော့ Perl ကို အသီးသီးကိုယ်စားပြုပါတယ်။ ဒီနေရာမှာ ရှေ့ဆုံးက X သည် Cross-platform ဖြစ်တယ်ဆိုတာထင်ရှားစေချင်လို့ဖြစ်ပါတယ်။ ဆိုလိုတာက ယခု all in one package သည် Operating System(OS) အမျိုးအစားတစ်မျိုးတည်းအတွက်မဟုတ်ဘူး၊ Windows အတွက် XAMPP versions တွေရှိတယ်၊ Linux အတွက် သုံးရမယ့် Versions တွေရှိတယ် စသည်ဖြင့်ပေါ့ အခြား OS တွေအတွက်လဲ အသီးသီးရှိကြပါတယ်။ ဒါကို ဆိုလိုတာဖြစ်ပါတယ် ရှေ့ဆုံးက X ဟာ။ ဒီ installer ကို install လုပ်လိုက်ခြင်းအားဖြင့် သူကနေ လိုအပ်တာတွေ အလိုလျောက်ထည့်သွင်း preconfigured လုပ်ပြီး အဆင်သင့်သုံးနိုင်တဲ့ အနေအထားကိုရဖို့ အကူအညီပေးမှာဖြစ်ပါတယ်။ ဒီ idea လေးက ကျွန်တော်တို့အတွက် တော်တော်လေး အဆင်ပြေစေပါတယ်။ Install လုပ်ပြီးတဲ့နောက်မှာတော့ Services တွေကို အဖွင့်အပိတ်လုပ်နိုင်တဲ့ Button လေးတွေပါတဲ့ Control Panel တစ်ခုကိုရလာမှာဖြစ်ပါတယ်။ Installation လုပ်ပြီးတဲ့ နောက် ပထမဆုံး လုပ်ရမှာက install လုပ်ထားတဲ့ program ကို ဖွင့်ပါ XAMPP control panel ဆိုပြီး Desktop ပေါ်မှာ ရှိပါလိမ့်မယ်။ ဖွင့်လိုက်ရင် ပုံ-၁ အတိုင်းတွေ့ရပါမယ်။

ဒီအခြေအနေကနေစပြီး အလုပ်လုပ်ဖို့ Apache server ကို start လုပ်လိုက်တဲ့အချိန် တစ်ခါတစ်လေမှာ အကြောင်းအမျိုးမျိုးကြောင့် Server မ Run နိုင်ဘဲဖြစ်နေတာတွေကို ကြုံရတက်ပါတယ်။ ပုံ-၂ မှာပြထားသလို Error တွေပြနေပါလိမ့်မယ်။ ဒီထဲကအတိုင်း အမြဲတမ်းပြနေမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး တခြားစာသားတွေလဲ ဖြစ်နိုင်ပါသေးတယ် (အနီနဲ့ပြနေတဲ့ error message တွေကိုပြောတာပါ)။ တခါတရံမှာ start button ကို အကြိမ်ကြိမ်နှိပ်သော်လည်း ဘာ error မှမပြဘဲ server အလုပ်မလုပ်ဖြစ်နေတက်ပါသေးတယ်။
ဒီပြဿနာဖြစ်ရခြင်း အကြောင်းအရင်းက အများအားဖြင့် port နံပတ်များ ရောထွေးကုန်ခြင်း ဖြစ်ပါတယ်။ Network protocols တွေကို အသုံးပြုကြရတဲ့ applications တွေဟာ သီခြား port တစ်ခုဆီကို အသုံးပြုပြီး Network မှာ ချိတ်ဆက်အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ ဒီလိုမျိုး Port နံပတ်တွေနဲ့ IP Address ကြောင့်သာ Network ထဲမှာ Host နဲ့ Service ကို ခွဲခြားနိုင်တာဖြစ်ပါတယ်။ လောလောဆယ်တော့ port အကြောင်း ဒီလောက်ပဲသိထားပါဦး။ တစ်ချိန်တည်းမှာ port နံပတ်တစ်ခုကို Application တစ်ခုကသာသုံးနိုင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ပဲ Apache Not Running error ဖြစ်လာရတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ Apache Web service(HTTP) ရဲ့ default port နံပတ်ဖြစ်တဲ့ 80 ကို တခါတလေမှာ အကြောင်းတိုက်ဆိုင်ပြီး တခြား application တစ်ခုက အရင်ယူသုံးနှင့်ပြီးသား ဖြစ်တက်တာပါပဲ။ အဲဒီတော့ Apache web server အလုပ်မလုပ်နိုင်ဘူးဖြစ်သွားတာပေါ့။ ဒါကိုဖြေရှင်းဖို့ရန်ကတော့ default port နံပတ်ကို အခြား သင့်တော်တဲ့ နံပတ်ပြောင်းမလား ဒါမှမဟုတ် Apache default port နံပတ်ကို ယူသုံးနေတဲ့ တခြား application ရဲ့ service ကိုပိတ်ပစ်မလားဆိုတာပါပဲ။ အောက်မှာ ဥပမာလေးနဲ့ ဆက်ရှင်းသွားပါမယ်။ ပထမဆုံး XAMPP control panelမှာ ဘာ Error မှ မပြဘဲ server အလုပ်မလုပ်တဲ့အခါမှာ error ကိုသိနိုင်ဖို့ အောက်ပါအတိုင်းလုပ်ဆောင်သွားပါ။

၁။ XAMPP install လုပ်ထားတဲ့ directory ထဲကိုဝင်ပါ ပြီးရင် XAMPP ဖိုဒါကို ဖွင့်ပါ၊ အဲထဲရောက်မှ Shift + right click နှိပ်လိုက်ပါ အဲဒီအချိန်မှာ Windows menu လေးပွင့်လာမယ်၊ အဲထဲကနေမှ Open command window here ဆိုတာကိုရွေးနှိပ်ပါ။ ဒါပြီးရင်တော့ command prompt ပွင့်လာပါပြီ။ command prompt ထဲကို XAMPP ဖိုဒါထဲက apache_start.bat ဖိုင်ကို ဆွဲထည့်လိုက်ပါ။ ဒီအချိန်မှာတော့ error message တွေကို တွေ့နိုင်ပြီးဖြစ်ပါတယ်။ နမူနာကို ပုံ-၃ ကြည့်ပါ။
“Only one usage of each socket address (protocol/network address/port) is normally permitted. make_sock: could not bind to address [::]:433” ဒီ error message မှာ ဆိုလိုချင်တာက အပေါ်မှာပြောခဲ့သလို Apache ရဲ့ default HTTPS port နံပတ်ဖြစ်တဲ့ 443 ကို တခြား process တစ်ခုက ယူသုံးထားသလိုမျိုး ဖြစ်နေတာပါ။ Apache အလုပ်လုပ်နိုင်ဖို့အတွက် apache ရဲ့ default configuration အရ HTTP port 80 နဲ့ HTTPS port 443 (၂) ခုလုံးဟာ ပွင့်နေဖို့လိုအပ်ပါတယ်။ ဒီ error ရပြီးတဲ့နောက်မှာ ဘယ် application က port 443 ကို ယူသုံးနေလဲသိရအောင် အောက်ပါ command လေးကို run ကြည့်ပါမယ်။

netstat -o -n -a | findstr 0.0:443
(ဒီ command မှာပါတဲ့ port နံပတ် 443 နေရာမှာ မိမိ error message မှာပြတဲ့ port နံပတ်နဲ့ အစားထိုးပါ ဒါက နမူနာဖြစ်ပါတယ်။)

ပုံ-၄ မှာတွေ့ရတာကတော့ Port 443 ကို အသုံးပြုလျှက်ရှိနေတဲ့ application နဲ့ သူရဲ့ process ID ဖြစ်တဲ့ PID 2064 ဖြစ်ပါတယ်။ ဒီဟာကို သိပြီးတဲ့နောက်မှာ PID 2064 နဲ့ run နေတဲ့ process ဟာ ဘာ application လဲသိချင်ရင်တော့ Windows က Task Manager ကိုသွားပါ Process ဆိုတဲ့ Tab ကို ရွေးပါ၊ အဲမှာ လက်ရှိ run နေတဲ့ process တွေရဲ့ list ကို တွေ့ရပါမယ်။ မိမိအခြေနေနဲ့ ကိုက်ညီတဲ့ PID ကိုရှာကြည့်လိုက်ရုံပဲဖြစ်ပါတယ်။

Task Manager > Process(Tab) > Select Columns

ပုံ-၅ Task Manager မှာ PID 2064 နဲ့ Run နေတဲ့ Application ဟာ vmware-hostd.exe ဖြစ်တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီကောင်ကပဲ Apache process ကို မစတင်နိုင်တဲ့ ပြဿနာကို ဖြစ်စေတာဖြစ်ပါတယ်။

၂။ ဒီလိုအခြေနေမျိုးမှာ ဖြေရှင်းဖို့ နည်းလမ်း (၂)ခု ရှိပါတယ်။ ပထမနည်းလမ်းကတော့ ရှင်းပါတယ်။ port 443 နဲ့ လက်ရှိ run နေတဲ့ application ရဲ့ process ကို ရပ်တန့်ပစ်ဖို့ဖြစ်ပါတယ်။ Process ကို kill တယ်လို့လဲ ခေါ်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် ပုံ-၅ မှာတွေ့ရသလို မိမိနဲ့သက်ဆိုင်တဲ့ PID ကို select လုပ်ပြီး ညာဘက်အောက်ခြေမှာရှိတဲ့ End Process ကိုနှိပ်ပေးလိုက်ရုံပါပဲ။ သို့သော်လည်း ဒီနည်းလမ်းဟာ တခါတလေ ပြဿနာကို မဖြေရှင်းပေးနိုင်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ kill လိုက်တဲ့ process ဟာ kill ပြီးတဲ့နောက်မှာ တဖန် အလိုလျောက်ပြန် run နေတက်လို့ပဲဖြစ်ပါတယ်။
ဒုတိယနည်းလမ်းအနေနဲ့ကတော့ Apache ရဲ့ default port 443 ကို လက်ရှိ တခြားဘယ် process ကမှ အသုံးမပြုသေးတဲ့ သင့်တော်ရာ port နံပတ်တစ်ခုခုနဲ့ ပြောင်းလဲအစားထိုးဖို့ဖြစ်ပါတယ်။ ပြောင်းလဲနိုင်ဖို့ရာ XAMPP install လုပ်ထားတဲ့ directory ထဲကနေ httpd-ssl.conf ဖိုင် ထဲကိုဝင်ပြင်ရမှာဖြစ်ပါတယ်။ နမူနာအနေနဲ့ C: drive ထဲမှာ install လုပ်ထားတယ်ဆိုပါစို့။ Windows key + r ကိုနှိပ်ပြီး အောက်က လိပ်စာကို ထည့်လိုက်ပါ၊ ပြီးရင် keyboard ကနေ Enter နှိပ်ပါ။

C:xampp\apache\conf\extra\httpd-ssl.conf

Enter ခေါက်ပြီးရင်တော့ ပုံ-၆ အတိုင်း httpd-ssl.conf ဖိုင် ပွင့်လာမှာဖြစ်ပါတယ်။ ဒါမှအဆင်မပြေသေးရင် ၎င်း directory ထဲကိုသွားပြီး httpd-ssl.conf ကို right-click နှိပ် ပြီးရင် Text Editor တစ်ခုခုနဲ့ ဖွင့်လိုက်ပါ။ ဒီမှာတော့ Notepad++ ဆိုတဲ့ text editor ကိုအသုံးပြုထားပါတယ်။ အဲဖိုင်ပွင့်လာရင် Listen port 443 ကို ရှာပါ။ ပြီးရင် ပုံထဲကလို 4430 နဲ့ အစားထိုးချင်ထိုး ဒါမှမဟုတ် တခြား ဘယ် process ကမှ အသုံးပြုမှာ မဟုတ်ဘူးလို့ သင့်အနေနဲ့ သေချာသိပါက အဲနံပတ်နဲ့ အစားထိုးသုံးသင့်ပါတယ်။ change ပြီးရင်တော့ ဖိုင်ကို save ဖို့ မမေ့ပါနဲ့ (Ctrl + s)။ ဒါပြီးရင်တော့ ပုံမှန်အလုပ်လုပ်ပြီလို့ထင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ vmware တို့ PID 2064 တို့ ဆိုတာ နမူနာတွေ ဖြစ်တယ်ဆိုတာ သတိထားပေးပါ။ စာဖတ်သူမှာ ကြုံရတဲ့ အခြေအနေနဲ့ကွဲပြားနိုင်ပါတယ်။ ဥပမာ vmware နေရာမှာ Skype တို့ Internet Explorer တို့လဲ ဖြစ်ချင်ဖြစ်နေတက်ပါတယ်။ ဒါပေမဲ့ ဖြေရှင်းရမယ့် နည်းလမ်းကတော့ ဒီအတိုင်းပါပဲ။

Credit to C# and programming languages for beginners

Post a Comment

0 Comments

Close Menu