Ad Code

Responsive Advertisement

မြန်မာလုပ်သားလေးဦးအနက် ကိုပြည့်ဖြိုးလင်းဦး အသက် ၂၇ နှစ် ထိခိုက်ဒဏ်ရာရ ကျိုက္ခမီမြို့ သံဖြူဇရပ်မြို့နယ် မွန်ပြည်နယ်

လုပ်အားခတောင်းဆိုတဲ့ မြန်မာလုပ်သားလေး
ဦးအား သူဌေးတပည့်များက အနိင်ကျင့်ထိုးကြိတ် ထွက်ပြေးလာပြီး AACရုံးတွင် လာရောက်ခိုလှုံအကူအညီတောင်း .....
=======================
၃၁ ရက် သြဂုတ်လ ၂၀၁၆
ဖက်လန်စံ
ထိုင်းနိင်ငံ ဘန်ကောက်မြို့ ဖက်လန်စံ(၃၇)လမ်းတွင်ရှိ
သော Light ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာလုပ်သားလေးဦးက လုပ်အားခများရှင်းပေးပါရန် တောင်းဆိုလို့ဆိုပြီး အလုပ်ရှင်သဌေး၏ တပည့်များကနေထိုင်သည့် အ
ခန်းထိလိုက်လာပြီး အနိင်ကျင့်ထိုးကြိတ်ခဲ့ရာ မြန်မာလုပ်သားလေးဦးထဲမှ ဦးဆောင်တောင်းဆိုသောကိုပြည့်ဖြိုးလင်း
မှာဘယ်ဖက်မျက်ခုံးကွဲငါးချက်ချုပ်ရပြီးကျောပြင်နဲ့နံရိုးကိုခြေထောက်ဖြင့် အချက် ၃၀ ကျော်ကန်ခဲ့တဲ့အတွက် နံရိုးများနာကျင်ဒဏ်ရာရခဲ့ပြီး ဌင်း၏ဇနီးဖြစ်သူမှာ ပါးချိတ်ရောင်ကိုင်းသည်ထိ ထိုးကြိတ်ခံခဲ့ရပြီး''AAC''အဖွဲ့ ရုံးခန်းသို့ 
ထွက်ပြေးခိုလှုံလာခဲ့ပါသည်။
အလုပ်ရှင်သဌေးတပည့်များက ''ဒါ ငါတို့နိင်ငံ မင်းတို့
မြန်မာတွေကို ငါတို့လုပ်ချင်သလို လုပ်ရတယ်''ဆိုပြီးထိုး
ကြိတ်ခဲ့တာဖြစ်ပြီး ပတ်စပို့စ်လုပ်ပေးမယ်ဆိုပြီး လုပ်အားခ
ငွေထဲမှ လစဉ်ဖြတ်ယူထားတာ တစ်ဦးကို ၂၈,၅၀၀ ဘတ်ထိ
ရှိနေပြီး ပတ်စပို့လည်းမလုပ်ပေးဘူးလို့ ထွက်ပြေးလာသော
အလုပ်သမားများက AAC ကိုပြောပါတယ်။
ထိုးကြိတ်ခံရတာ ၃၀ ရက်နေ့နေ့ခင်း ၁၁ နာရီမှာဖြစ်ပြီးAAC
ရုံးကို ရောက်ရှိလာတာကတော့ ညနေ ၃ နာရီပါ။ လက်ရှိ
AAC က ဒဏ်ရာများကိုဆေးကုသပေးနေပြီး ဌင်းတို့လေး
ဦးအား ကျွေးမွေးစောင့်ရှောက်ထားကာ အလုပ်ရှင်သဌေး
အားလုပ်ခလက်ကျန်ငွေများ ပတ်စပို့ဖိုးဖြတ်တောက်ငွေများ
တောင်းဆိုသွားမှာဖြစ်ပြီး အနိင်ကျင့်ထိုးကြိတ်ခဲ့တဲ့ သဌေး
တပည့်များကိုလည်း တရားစွဲဆိုသွားပေးသွားမှာပါ။
AAC အဖွဲ့ရုံးခန်းမှာ ရောက်ရှိလာသောမြန်မာလုပ်သား
လေးဦးကတော့ ကိုပြည့်ဖြိုးလင်း အသက် ၂၇ နှစ် ကျိုက္ခမီ
သံဖြူဇရပ်မြို့နယ် မွန်ပြည်နယ် မတင်တင်ဝင်း အသက် ၂၆
နှစ် ကော့သောင်းမြို့ တနင်္သာရီတိုင်းနှင့် ကိုထိန်ဝင်း အသက်
၄၀ နှစ် ဇနီးဖြစ်သူ မစန်းမွှေး အသက် ၃၃ နှစ် ဇေယျသီရီ
၂ ရပ်ကွက် မြိတ်မြို့ တနင်္သာရီတိုင်း တို့မှဖြစ်ပြီး ပတ်စပို့စ်
ပန်းရောင်ဘတ်များကိုလည်း အလုပ်ရှင်မှသိမ်းဆည်းထား
ခြင်းခံရပါသည်။
ပုံအညွှန်း- ဒဏ်ရာများနဲ့ AAC ရုံးရောက် လုပ်သားလေးဦး
နဲ့ AAC အဖွဲ့ဝင်များကို တွေ့ရစဉ်
မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ









Post a Comment

0 Comments

Close Menu