Ad Code

Responsive Advertisement

ဘယ်လိုနေပြီး ၊ ဘယ်လိုသေကြမှာလဲ



ဘယ်လိုနေပြီး ၊ ဘယ်လိုသေကြမှာလဲ 
==========================
■ ခုလူတွေ ရှေးကနဲ့စာရင် တော်တော်ရိုင်းလာတယ်၊တော်တော်ဆိုးလာတယ်၊ သို.သော် နောက်လာမယ့်လူတွေနဲ.စာရင် ဒါတွေ တော်တော် တော်တယ်နော်။
■ နောက်ပေါင်းရမယ့်လူတွေကလည်း ခုလိုလူမျိုးခုလို ပတ်ဝန်းကျင်မျိုး မဟုတ်တော့ဘူးဗျ။
■ ဆုတ်ခေတ် နက်ဖြန်ခါ ဒီထက်ဆုတ်မယ်၊နောက်နေ. ဒီထက်ဆုတ်မယ်။ တက်လိမ့်မယ်မထင်နဲ.။ဆုတ်ခေတ်၊ ဆုတ်တာက ရိုးရိုးဆုတ်တာမဟုတ်ဘူး၊
တလိမ်.လိမ်.ဆုတ်နေတာ။ များများမဟုတ်ဘူး၊နောက်ထပ် နှစ်ဆယ်လောက် ဆက်နေကြည်.၊အဲဒီအခါ အခုလက်ရှိလူတွေကို ကျေးဇူးတင်လိမ်.မယ်။
■ တစ်ဘဝနဲ.ပြီးမှာ မဟုတ်ဘူးနော်၊ ပြီးတော. ကျင့်နည်းကလည်း
သာသနာနဲ.ကြုံမှ ၊ တို့က သာသနာရှိနေတုန်း တခြားရောက်နေရင်
ဒီနည်းသည် တို့နဲ့မဆိုင်၊ သာသနာတို့နဲ့မဆိုင်ဖြစ်သွားမယ်နော်။
■ အရူပဘုံ၊ ရူပဘုံဆိုတဲ့နေရာမျိုး. တစ်ဖက်သတ်အကျင့်နဲ.ရောက်သွားရင်လည်း
တို.သာသနာနဲ.လွဲမှာနော်၊ သာသနာက နှစ်ထောင့်ငါးရာကျော်ပြီလေ၊
နောက်တစ်ခါလူလာဖြစ်ရင် ဒီသာသနာရှိမှာလား။နောက်တစ်ခါလူလာဖြစ် သာသနာကြုံဖို.တော်တော်ခက်မယ်။ကြုံတယ်ပဲထား ၊ ကြိုက်ဦးမှဗျ။
■စာအဆိုကမြေဆီကအနှစ်တစ်ရာမှာတစ်လက်မတစ်လက်မ လျော.တာကိုး၊ မြေဆီမှီ၍အစာဖြစ်ရတာ ၊ဘာလို့.လျော့တုန်း၊ ဥတုကလည်း အအေးပိုင်းကနေ အပူဘက်ကူးနေတာ၊
■ နောက်တစ်ခါလူလာဖြစ်ရင် ကိုယ်ပဋိသန္ဓေနေရမယ့် အမေအဖေကလည်း
ရုပ်ဓါတ်သေးသေး၊ စိတ်ဓါတ်သေးသေးနေမှာ။ အဲဒီထဲကို လူလာဖြစ်ရတော့
တို့ရုပ်ဓါတ် စိတ်ဓါတ်လည်း ခုလောက်ကို ရှိမှာမဟုတ်တော့ဘူး။
■ ဥတုပူရင် အာဟာရပူမှာပေါ့၊ အာဟာရပူရင် စားရတဲ့ရုပ်ကလည်း
လှီလာမယ်၊ စိတ်ကလည်းသေးလာမယ်။ အဲတော့
ကောင်းတာလည်း ခံနိုင်စိတ်မရှိတော.ဘူး၊ ဆိုးတာလည်း
ခံနိုင်စိတ်မရှိတော.ဘူး။ တို့တရားအားထုတ်တဲ.ပုဂ္ဂိုလ်က
ကောင်းကောင်းဆိုးဆိုး သိချင်တာ တစိုက်မတ်မတ်ကြည့်ရတာလေ။
အဲတော့ တို့ဟိုကျတော့ ဒါတွေ ခံနိုင်မှာ မဟုတ်တော့ဘူး။
■ အဲတော့ ဥတုပူရင် အဆီဆုတ်မှာပေါ.၊
အဆီဆုတ်ရင် အစာကြမ်းမယ်၊ စားတဲ.အစာကြမ်းရင်
အကြောအချဉ်တွေမာကြောလာတယ်၊ အကျိတ်အဖုတွေ
ကြီးထွားလာတယ်၊ ဒါကြောင်.မို. စိတ်တွေက ထန်လာတယ်။
ရုပ်ဓါတ်လည်းမခံနိုင်တော့ စိတ်ဓါတ်လည်းမခံနိုင်ဘူး လောကဓံကို။
■ အဲတော့ အကြိုက်တွေ့လည်း ဆွေ့ ဆွေ့ ခုန် ဘာဖြစ်ဖြစ်ပဲ၊
အမုန်းတွေလည်း ဆွေ့ ဆွေ့ ခုန် ဘာဖြစ်ဖြစ်ပဲ။အဘိဇ္ဈာဆိုတဲ. အလိုကြီးမှု အားကြီးလာပြီ။ဗျာပါဒ အားမလို အားမရစိတ် အားကြီးလာပြီ။
■ ဒါ အခု လက်ရှိ၊ နောင်ဒီထက်ဆိုးမှာနော်။
အဲတော့ ဥတုပူလို့ အစာပူတယ် ၊ အစာပူလို. ရုပ်ပူတယ်၊
ရုပ်ပူလို. စိတ်ပူတယ်၊ စိတ်ပူတော့ကံပူတွေ လုပ်မှာပေါ.။
ကံနဲ.စိတ်နဲ. ခပ်ပူပူလုပ်တော့ ဥတုကလည်း ပိုပူမှာပေါ.။
တိုးတက်ဖို. မြင်သေးသလား။ လူ့ဘုံပြန်လာချင်သေးသလား။
■ အဲတော. နောက်တစ်ခါ လူလာဖြစ်ရင် ဒီအခွင့်အရေး ဘာမှမရှိဘူး၊
ဒီပတ်ဝန်းကျင်မျိုး ဘာမှမရှိဘူး။ ကိုယ့်ကိုယ်ကိုလည်း
ခုအခွင့်အရေးမျိုး မရနိုင်တော့ဘူးလေ။ အဲတော့ တို့ဘာလုပ်ရမလဲ။
■ ကျင့်ပုံ ကျင့်နည်း ဘုရားဟော တရားတွေကလည်း အဆင်သင့်၊
နည်းပေးလမ်းပြလုပ်မယ့် သံဃာတော်တွေကလည်း အဆင့်သင့်
ဒီထက် ပြည့်စုံစရာ မရှိတော့ဘူး။
■ တို့ထဲက ဒကာ၊ ဒကာမတွေက ဘယ်တော့ ကျင့်ကြံမှာတုန်းဗျာ။
လူ့ဘဝရောက်တုန်း၊သာသနာလည်း ပွင့်တုန်း၊တရားပြပေးမယ့်သူ ရှိတုန်း၊ကျန်းမာရေးလည်း ကောင်းတုန်း၊
ဒီတုန်းလေးတုန်းကို တိုင်ထောင်ပြီး အိမ်တစ်ဆောင်လောက် မဆောက်နိုင်ရင်
ဘယ်လိုနေပြီး ဘယ်လိုသေကြမှာပါလိမ့်ဗျာ...
《မဟာဗောဓိမြိုင်ဆရာတော်ကြီး》
ဓမ္မရံသီမှတဆင့်
MS

Post a Comment

0 Comments

Close Menu