Ad Code

Responsive Advertisement

♪ FACEBOOK LOGIN APPROVALS ကို အသုံးပြုပြီး FACEBOOK အကောင့်ကို လုံခြုံရေးနှစ်ထပ်ဖြင့် ကာကွယ်နည်း ♫

5

Facebook, Google အပါအ၀င် ၀က်ဆိုက်များစွာက 2-Step Verification ဆိုတဲ့ လုံခြုံရေးနှစ်ထပ် နည်းစနစ်ကို ပံ့ပိုးပေးထားပြီး သူတို့ရဲ့ ၀န်ဆောင်မှုကို အသုံးပြုသူများရဲ့ အကောင့်များကို ကာကွယ်ခွင့်ပေးထားပါတယ်။ Google ကတော့ အဲဒီ လုံခြုံရေးနည်းစနစ်ကို 2-Step Verification လို့ ခေါ်ပြီး Facebook ကတော့ Log In Approval လို့ ခေါ်ပါတယ်။ ဘယ်လိုပဲ ခေါ်သည်ဖြစ်စေ နည်းစနစ်ကတော့ အတူတူပဲ ဖြစ်ပါတယ်။ အဲဒီ နည်းစနစ်က သင့်အကောင့်ကို သင့်ဖုန်းနဲ့ ပူးချည်ထားတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သင့်ဖုန်းဟာ သင့်အကောင့်ရဲ့ သော့တစ်ချောင်းပဲ ဖြစ်ပါတယ်။


Login Approvals ဆိုတာ
Login Approvals နည်းစနစ်ကို အသုံးပြုရင် သင့်အကောင့်ရဲ့ User Name, Password ကို အခြားလူတစ်ယောက်က ခိုးယူသွားရင်လည်း သင့်ဖုန်းဟာ ခိုးယူသူထံမှာ မရှိတဲ့ အတွက် သင့်အကောင့်ထဲကို ခိုးယူသူက ၀င်လို့ မရနိုင်ပါဘူး။



Facebook Login Approval ကို အသုံးပြုရင် သင် အသုံးမပြုဖူးတဲ့ ဘရောက်စာ သို့မဟုတ် Device တစ်ခုကနေ သင့်အကောင့်ကို ၀င်ရင် User Name, Password ထည့်ပေးရပါမယ်။ အဲဒီနောက်မှာ Facebook က သင့်ဖုန်းထံ ကုဒ်တစ်ခု ပို့ပေးမှာ ဖြစ်ပါတယ်။ အဲဒီ ကုဒ်ကို ထပ်ထည့်ပေးမှသာ သင့်အကောင့်ထဲကို ၀င်နိုင်မှာပါ။ Facebook က ကုဒ်ပို့ပေးတာကို မစောင့်ချင်ရင် Code Generator ကို အသုံးပြုနိုင်ပါတယ်။



အရင်တုန်းက Facebook က မြန်မာနိုင်ငံက တစ်ခုတည်းသော Mobile Carrier ရဲ့ ဖုန်းများထံ ကုဒ်မပို့ပေးတဲ့ အတွက် Login Approvals ကို အသုံးပြုလို့ မရခဲ့ပါဘူး။ အခုတော့ Telenor က သူ့ရဲ့ ဖုန်းကို အသုံးပြုရင် Facebook ရဲ့ Login Approvals ကို အသုံးပြုနိုင်ပါတယ်လို့ Facebook မှာ ကြေညာထားတဲ့ အတွက် ဒီဆောင်းပါးကို ရေးသားပေးလိုက်ရတာ ဖြစ်ပါတယ်။

Login Approvals ကို Enable ပြုလုပ်ခြင်း။ 
ပထမဆုံး Facebook ရဲ့ Settings ထဲသွားပြီး Mobile ကဏ္ဍမှာ တယ်လီနော ဖုန်းကို Add ပေးရမှာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ Security ထဲသွားပြီး Login Approvals ထဲသွားပါ။ “ Require a security code…….” မှာ အမှန်ခြစ်ပေးပါ။


1


နောက်အဆင့်မှာ Get Started ကိုနှိပ်ပါ။


2


သင့်ဖုန်း အမျိုးအစားကို ရွေးပေးပြီး Continue ကိုနှိပ်ပါ။


3


သင့်ရဲ့ ဖုန်းမှာ Code Generator ကို Activate လုပ်ခိုင်းပါလိမ့်မယ်။ Activate လုပ်ပြီးမှ Continue ကိုနှိပ်ရမှာ ဖြစ်ပါတယ်။


4


ဖုန်း မှ Facebook ကို ဖွင့်ပြီး Menu ကနေ Code Generator ထဲသွားပါ။ Activate ကိုနှိပ်ပါ။
သင့်ဖုန်းမှ Code Generator မှာ ကုဒ်တွေ ပေါ်လာရင် ကုဒ်ကို ထည့်ပေးပြီး Confirm ကိုနှိပ်ပါ။


5


နောက်အဆင့်မှာ Continue ကိုနှိပ်ပါ။


6


ပြီးရင် သင့်ဖုန်းထံ ပေးပို့ထားတဲ့ Confirmation Code ကို ထည့်သွင်းပေးပြီး Continue ကိုနှိပ်ပါ။


7


နောက်အဆင့်မှာ သင့် Facebook ရဲ့ Password ကို တောင်းရင် ထည့်ပေးပြီး Submit ကိုနှိပ်ပါ။


9


နောက်အဆင့်မှာ Login Approvals ကို ချက်ချင်း အသုံးပြုဖို့ “No thanks….. “ မှာ အမှန်ခြစ်ပေးပြီး Close ကိုနှိပ်ပါ။


9

Login Approvals Code
သင့်ဖုန်း သင့်နားမှာ မရှိတဲ့ အချိန်များမှာ သင့်အကောင့်ထဲ ၀င်ချင်တယ်ဆိုရင် အခက်မတွေ့စေဖို့ Facebook က နည်းလမ်းတစ်ခုကို ပြုလုပ်ပေးထားပါသေးတယ်။ အဲဒါကတော့ Login Approvals Code ဖြစ်ပါတယ်။ Login Approvals ထဲပြန်သွားပြီး Get codes ကို နှိပ်ပါ။


10


သင့် Facebook ရဲ့ Password ကို တောင်းရင်ထည့်ပေးပါ။ ကုဒ်ဆယ်ခု ပေးပါလိမ့်မယ်။ ကုဒ်တစ်ခုကို တစ်ခါသာ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ ကုဒ်များကို သေချာမှတ်သားထားပါ။


11


App Passwords
သင်ဟာ Login Approvals ကို အသုံးပြုနေချိန်မှာ အချို့ Facebook Apps များဟာ လုံခြုံရေးကုဒ်များကို လက်ခံနိုင်ခြင်း မရှိပါဘူး။ အဲဒီအတွက် Facebook Apps များအတွက် App Passwords ကို ပြုလုပ်ထားသင့်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် Security Settings ထဲသွားပြီး App Passwords ထဲဝင်ပါ။ Generate app passwords ကိုနှိပ်ပါ။



အင်တာနက်မှာ အကောင့်များ ဖောက်ထွင်းခံနေရတဲ့ သတင်းများ မကြာခဏ ဆိုသလို ကြားနေရပါတယ်။ အဲဒီအတွက် သင့်အကောင့်များကို လုံခြုံစေဖို့အတွက် Login Approvals ဆိုတဲ့ နည်းစနစ်ကို အသုံးပြုသင့်ကြောင်း ရေးသားပေးလိုက်ပါတယ်။


Post a Comment

0 Comments

Close Menu