Ad Code

Responsive Advertisement

♪ GOOGLE STATION FREE WI-FI စနစ်ကို တစ်ကမ္ဘာလုံးအသုံးပြုနိုင်တော့မည် ♫



Google ရဲ့ အဓိက အားစိုက်လုပ်ဆောင်နေတဲ့ မြန်ဆန်တဲ့ Wi-Fi ကို အိန္ဒိယရဲ့ ရထားဘူတာတွေမှာ လုပ်ဆောင်နေခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ချက်ကို Google က Google Station လို့ နာမည်တပ်ပြီး တခြားနိုင်ငံတွေနဲ့ တစ်ကမ္ဘာလုံးတိုင်အောင် ချဲ့ထွင်ဖို့အတွက် ပြုလုပ်နေတယ်လို့ သိရပါတယ်။

ယခင်က၊ ဒီအရာကို ကန့်သတ်ထားတဲ့ အဓိက ရထားဘူတာရုံ ၁၀၀မှာသာ ရရှိတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဧပြီလကစတင်ပြီး တစ်ပတ်ကို လူတစ်သောင်းကျော်လောက်အထိ အသုံးပြုနိုင်အောင် ဝန်ဆောင်မှု ပေးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Google အနေနဲ့ နောက်နှစ်ကုန်ပိုင်းလောက်မှာ ဘူတာရုံ ၃၀၀ ကျော်မှာ ဝန်ဆောင်မှု ရရှိနိုင်ဖို့အတွက် လုပ်ဆောင်သွားမှာပါ။

ဒီလိုလုပ်ဆောင်လိုက်တာကြောင့် အသုံးပြုသူတွေအနေနဲ့ အလွယ်တကူ HD ဗီဒီယိုတွေ တင်တာတွေ၊ နေရာကို ရှာဖွေတာတွေနဲ့ စာအုပ်နဲ့ ဂိမ်းတွေကို အလွယ်တကူဒေါင်းတာတွေကို ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ Google ကဆိုပါတယ်။ လတ်တလောမှာ ဒီဝန်ဆောင်မှုကို Google က Free အနေနဲ့ ပေးထားတာဖြစ်ပြီး Google က ဝန်ဆောင်မှုကို ဆက်လက်ထိမ်းထားနိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။

ကုမ္ပဏီဟာ Google Station နဲ့တူညီတဲ့ ဝန်ဆောင်မှုမျိုးကို နိုင်ငံတကာမှာ ပေးနိုင်ဖို့အတွက် လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ရှာဖွေနေပါတယ်။ နိုင်ငံတကာအတွက်ဆိုရင်လည်း ဘူတာတွေက ဝန်ဆောင်မှုလို အကန့်အသတ်မရှိပဲ ပေးနိုင်ဖို့အတွက် အလိုရှိနေတာဖြစ်ပြီး တခြား ပါတနာ အော်ပရေတာတွေ၊ ဖိုက်ဘာထောက်ပံ့သူတွေ၊ စနစ်ပြုလုပ်သူတွေကို လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ အင်တာနက်ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေကို ရည်ရွယ်ဟန်မရှိပဲ ဆက်သွယ်ရေးအားနည်းတဲ့ အရှေ့တိုင်းနဲ့ တခြားနိုင်ငံတွေကို ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times

Post a Comment

0 Comments

Close Menu