Ad Code

Responsive Advertisement

♪ LENOVO ၏ LAPTOP များတွင် LINUX အခြေခံ OS ကို INSTALL ပြုလုပ်၍မရ ♫



Lenov ၏ Yoga laptop များတွင် Linux အခြေခံ operating system များကို install ပြုလုပ်၍  မရသည့် ပြဿနာရှိကြောင်း ကုမ္ပဏီက အတည်ပြုခဲ့သည်။

အဆိုပါ ပြဿနာမှာ storage system သစ် ပြောင်းလဲလိုက်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့ကြောင်း Lenovo  ကပြောကြားခဲ့သည်။ Lenovo ၏ ဝန်ထမ်းတစ်ဦးက Microsoft ၏သဘောတူညီချက် တစ်ခုကြောင့် Linux ကို install ပြုလုပ်၍ မရကြောင်း ပြောကြားပြီးနောက် ရှုပ်ထွေးမှု ဖြစ်ပေါ်ခဲ့သည်။ Lenovo က အဆိုပါ ပြောကြားချက်များကို ငြင်းဆိုသွားခဲ့သည်။ ၎င်းအားနည်းချက်မှာ Windows 10 “signature edition” ပါဝင်သော ကွန်ပျူတာများတွင်သာ ဖြစ်ပေါ်သည်။

Microsoft နှင့်သဘောတူညီချက်တွင် လုပ်ငန်းဆောင်တာများ နှေးကွေးခြင်းကို ရှောင်ရှားသည့်အနေဖြင့် OS နှင့်အတူ “junk” ဆော့ဖ်ဝဲကို pre-install ပြုလုပ်၍မရကြောင်း သိရသည်။ အဆိုပါ Lenovo laptop များကို ရောင်းချနေသည်မှာ လအနည်းငယ် ကြာမြင့်ပြီဖြစ်သည်။ ယခုအားနည်းချက်ကြောင့် Windows 10 နေရာတွင် Ubuntu အစားထိုး အသုံးပြုလိုသူများအတွက် စိတ်ပျက်စရာဖြစ်ခဲ့သည်။

Ubuntu သည် Linux အခြေခံ OS ဖြစ်ပြီး ကျောင်းများ၊ အစိုးရများနှင့် သုံးစွဲသူများစွာ အသုံးပြုလျက် ရှိကြသည်။ Ubuntu သည် Windows ထက် ကွန်ပျူတာ ပရိုဆက်ဆာ သုံးစွဲမှုနည်းပါးပြီး malware အန္တရာယ်နည်းပါးသည်။

Credit to ==> Internet Journal

Post a Comment

0 Comments

Close Menu