Ad Code

Responsive Advertisement

♪ PROFESSIONAL WEB DEVELOPER WITH PHP & MYSQL တန်းခွဲသစ်အား စတင် ဖွင့်လှစ်တော့မည် ♫



Myanmar WWW Institute (M3WI) သင်တန်းကျောင်းမှ PHP (Professional PHP Web Developer) တန်းခွဲသစ်အား စတင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

PHP 5 ကိုအသုံးပြု၍ Dynamic Web Application များကို ကိုယ်တိုင်ရေးသားနိုင်စေရန် သင်ကြားပေးသော သင်တန်းဖြစ်သည်။ အခြေခံအားဖြင့် HTML 5, Javascript အသုံးပြုခြင်းများကိုလည်း တည့်သွင်းသင်ကြားပေးမည်ဖြစ်သည်။ ထို့အပြင် PHP 5 ၏ New Feature ဖြစ်သည့် OOP Concept များ ၊ Database အပိုင်းတွင် MySQL ကိုအသုံးပြုပြီး Dynamic Web Page များကို တည်ဆောက်ရေးသားရမည်ဖြစ်သည်။ PHP & MySQL ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်မည်ဖြစ်ပြီး Logical Thinking, Problem Solving များကိုပါ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။

ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် (IT) မှ ကျောင်းသား/သူများ၊ PHP Web Developer အဖြစ် နိုင်ငံတကာတွင် အိုင်တီလုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်လိုသူများ၊ Web နည်းပညာအခြေခံရှိပြီးသူများ တက်ရောက်သင့်သော သင်တန်းဖြစ်ပါသည်။

Module တစ်ခုပြီးတိုင်း Quiz များ ဖြေဆိုရခြင်းနှင့် Assignment ၊ Project များ ပြုလုပ်ရမည်ဖြစ်၍ သင်တန်းပြီးဆုံးပါက လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်စေရန် အထောက်အကူဖြစ်စေမည့် သင်တန်းဖြစ်ပါသည်။

PHP (Hypertext Processor) သည် ပေါ့ပါးပြီး သင်ယူရလွယ်ကူသော Language တစ်ခုဖြစ်သောကြောင့် အများဆုံးအသုံးပြုလျှက်ရှိသော Serverside Program Language တစ်ခုဖြစ်လာသည်။ ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Social Website ဖြစ်သည့် Facebook သည် PHP ဖြင့်တည်ဆောက်ထားသော Social Website တစ်ခုဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းတွင်သာမက နိုင်ငံတကာတွင် လစာကောင်းသော အိုင်တီပညာရှင်အဖြစ် ရပ်တည်လိုသူများ မဖြစ်မနေ တက်မြောက်ထားသင့်သည့် Language တစ်ခုလည်းဖြစ်သည်။

သင်တန်းတွင် စာတွေ့သင်ခန်းစာများထက်  Web Developer တစ်ဦးအဖြစ် ရေရှည်ရပ်တည်နိုင်စေမည့် သဘောတရားများ၊ အတွေးအခေါ်နည်းဗျူဟာများကို လက်တွေ့လုပ်ငန်းခွင် ပရောဂျက်များနှင့် ယှဉ်တွဲသင်ကြားပေးသွားမည်ဖြစ်ပါသည်။

သင်တန်းချိန်မှာ (စနေ+တနင်္ဂနွေ) နံနက် (၉း၁၅ မှ ၁၂း၁၅ နာရီအထိ) ဖြစ်ပြီး သင်တန်းကာလမှာ (၄)လခန့် ကြာမြင့်မည်ဖြစ်သည်။

ယင်းသင်တန်းအား လူဦးရေကန့်သတ်ထားသဖြင့် ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့် Myanmar WWW Institute (M3WI) သင်တန်းတည်ရှိရာအဆောင် (၅)၊ အခန်း (၄)၊ MICT Park ၊ လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊ ရန်ကုန်။ ဖုန်း –  ၅၂၁၁၂၅၊ ၆၅၂၂၈၈၊ ၀၉ ၉၇၂၅၁၄၁၀၃ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Credit to ==> Myanmar Digital Life Journal

Post a Comment

0 Comments

Close Menu