Ad Code

Responsive Advertisement

အသစ်ပြန်လဲပေးမယ့် Samsung Galaxy Note 7 ဖုန်းဘက်ထရီက စိတ်ချမှုရှိရဲ့လားဆိုတာ စစ်ဆေးနိုင်မယ့်နည်းလမ်း

Samsung ကုမ္ပဏီဟာ ဘက်ထရီပြဿနာပါတဲ့ Note 7 အလုံးတွေကို အနာအဆာကင်းတဲ့အလုံးသစ်နဲ့ ပြန်လည်လဲလှယ်ပေးတော့မှာ ဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုတော့ အလုံးရေအကုန်ပြန်လဲပေးနိုင်ဖို့က ရက်သတ္တပတ်အနည်းငယ်ကြာမြင့်မှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်လက်ထဲကို Note 7 အလုံးသစ်ရောက်လာတဲ့အခါမှာလည်း ဒီဘက်ထရီကကော စိတ်ချရရဲ့လားဆိုတာ သုံးစွဲသူပြည်သူတွေ သံသယမကင်းဖြစ်နေမှာ မလွဲမသွေပါပဲ။
ဒီအတွက် ဘက်ထရီအန္တရာယ်ကင်း၊မကင်းစစ်ဆေးနိုင်မယ့် နည်းလမ်းကို Samsung ကုမ္ပဏီက ထုတ်ပြန်ပေးလိုက်ပြီဖြစ်ပါတယ်။
မနေ့ကထုတ်ပြန်ခဲ့တဲ့ ရှင်းလင်းချက်အရ Galaxy Note 7 စမတ်ဖုန်းတွေ ထပေါက်ကွဲရတဲ့အကြောင်းရင်းဟာ ဖုန်းမှာ အသုံးပြုထားတဲ့ ဘက်ထရီရဲ့ ဘက်ထရီဆဲလ်မှာ ထုတ်လုပ်ရေးလုပ်ငန်းစဉ်အတွင်း အမှားအယွင်းတွေရှိသွားတာကြောင့်  ဖြစ်တယ်လို့ဆိုပြီး၊ ယခုအလုံးသစ်တွေမှာတော့ ဒီလိုအမှားမျိုးမရှိအောင် ဂရုစိုက်ထားတယ်လို့ Samsung က ပြောကြားခဲ့ပါတယ်။
Note 7 အလုံးသစ်တွေကို စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး၊ သြစတြေးလျနိုင်ငံမှာ စတင်လဲလှယ်ပေးတော့မှာဖြစ်ကာ၊ ယခုအလုံးသစ်တွေမှာ ဘက်ထရီပြဿနာမရှိကြောင်း စစ်ဆေးအတည်ပြုပေးထားတာ တွေ့ရတော့မှာပါ။
လဲလှယ်ပေးမယ့် Note 7 ဗူးအသစ်ရဲ့ ဘားကုဒ်အောက်မှာ လေးထောင့်ပုံအမည်းကွက်လေးတစ်ကွက်နဲ့ အပြာရောင် ‘S’ စာလုံးကြီးတစ်လုံး ပါဝင်လာမှာဖြစ်ပြီး၊ ‘S’ ဆိုတာ ‘Safe’ ကို အတိုကောက်ရေးထားတာဖြစ်ပါတယ်။
identify-safe-galaxy-note-7-720x299
အကယ်၍ သင့် Note 7 အလုံးသစ်မှာ ဒီလိုအမှတ်အသားတွေ အကြောင်းကြောင်းကြောင့် မပါလာဘူးဆိုရင်၊ ဖုန်းရဲ့ IMEI နံပါတ်ကို Samsung online database ထဲရှာပြီး စစ်ဆေးနိုင်မှာဖြစ်ပါတယ်။
သြစတြေးလျအပြင် တခြားဈေးကွက်တွေမှာလည်း ယခုအတိုင်းပဲ စစ်ဆေးရမှာဖြစ်ပြီး၊ အကယ်၍ နှစ်မျိုးလုံးစစ်ဆေးလို့ မတွေ့ရင်တော့ သင့်ဖုန်းကို လဲလှယ်ပေးတဲ့ဆိုင်နဲ့ အမြန်ဆုံးဆက်သွယ်လိုက်ပါ။
Ref: Digitaltimes.com.mm

Post a Comment

0 Comments

Close Menu