Ad Code

Responsive Advertisement

Samsung Galaxy On5 SM-G550T1 ဖုန်းကို TWRP Recovery ထည့်သွင်းနည်း

Samsung Galaxy On5 SM-G550T1 ဖုန်းကို 
TWRP Recovery ထည့်သွင်းနည်းကို တင်ပေးလိုက်ပါတယ်။
ဒီဖုန်း၏ 6.0.1 Marshmallow ဗားရှင်းကို Root လုပ်မယ်ဆိုရင်တော့
TWRP Recovery ကိုအရင်ထည့်သွင်းပေးရမှာပါ၊ ပြီးတော့မှ Supersu.zip ဖိုင်ဖြင့်
Custom Recovery Mode မှ အလွယ်တကူ Flash ပေးပြီး Root လုပ်ယူနိုင်ပါတယ်။

 ဒီတော့ Custom Recovery ထည့်သွင်းနည်းကို အောက်ပါအတိုင်း
လေ့လာကြည့်လိုက်ပါ ဒေါင်းလော့လင့်လည်း အဆင်ပြေမယ်ထင်ပါတယ်။


 လိုအပ်ချက်များ
=========
၁။ Samsung USB Driver for window

၂။ TWRP Recovery for Samsung Galaxy J5 (2015) All Models

၃။ Odin Flash Tool for windows








  TWRP Recovery  ထည့်သွင်းနည်း
====================
၁။ ဖုန်းမှာ OEM & USB Debugging mode ကိုဖွင့်ထားပါ

၂။ ဒေါင်းလို့ရလာတဲ့ Odin zip ဖိုင်ကိုဖြည့်လိုက်ပါ

၃။ ဒေါင်းလော့ရလာတဲ့ TWRP Recovery ဖိုင်ကိုတော့
zip မဖြည်ပါနဲ့ ဒီအတိုင်းထားပါ

၎။ Odin ကိုဖွင့်ပါ  AP or PDA ဆိုတဲ့နေရာကို တစ်ချက်နှိပ်ပေးပြီး
ဒေါင်းလော့ရယူထားတဲ့ TWRP Recovery.zip ဖိုင်ကိုထည့်လိုက်ပါ။

၅။ ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
 volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

၆။ ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

၇။ Odin Flash Tool တွင် auto reboot ဆိုတဲ့နေရာမှ အမှန်ခြစ်ပေးထားပါ။

၈။ Odin မှ ဖုန်းကိုသိပြီဆိုရင် Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

၉။ Process တစ်ခုပြီးအောင်စောင့်နေလိုက်ပြီး Odin မှာ အောင်မြင်ကြောင်း
PASS ပြတဲ့အခါ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြုတ်လိုက်ပါ။

၁၀။ ဖုန်းကို ပါဝါပိတ်ပြီး Volume Up + Home+ Power ကီးများကို
တွဲနှိပ်ပြီး Custom Recovery Mode သို့ဝင်ကြည့်လိုက်ပါ။

၁၁။ Team win twrp recovery screen ဖြင့်တက်လာခဲ့ရင်တော့
သင့်ဖုန်းမှာ Twrp Recovery ထည့်သွင်းပြီးပါပြီ။

ဇူးနစ်(နည်းပညာ)


www.zunite.org

Post a Comment

0 Comments

Close Menu