Ad Code

Responsive Advertisement

♪ “SAMSUNG က GEAR S3 စမတ်နာရီကိုမိတ်ဆက်” ♫


Samsung က IFA 2016 ပွဲမှာ Gear S3 စမတ်နာရီကိုမိတ်ဆက်လိုက်ပါတယ်။ ယခင်မျိုးဆက်များထက် စွမ်းရည်များပိုမို ပါဝင်လာပါတယ်။ နှစ်မျိုးထုတ်လုပ် ပေးထားပြီး Gear S3 Frontier နဲ့ Gear S3 Classic လို့ အမည်ပေးထားပါ တယ်။ Frontier ဟာ ၆၂ ဂရမ်နဲ့ Classic ဟာ ၅၇ ဂရမ် အလေးချိန်ရှိပါတယ်။ Frontier မှာရာဘာလက်ပတ်ကိုတပ်ဆင်ထားပြီးခလုတ်များစွာပါပါတယ်။

နာရီများမှာလှည့်နိုင်တဲ့ ထိန်းချုပ်ခလုတ်များပါရှိပြီးTizen OS မောင်းနှင်မှာပါ။ ၁.၃ လက်မ 360x360 Pixels Display တပ်ဆင်ထားပါတယ်။ အရွယ်ကြီးမား တဲ့အတွက် ဘက်ထရီသက်တမ်းကောင်းမွန်ပါတယ်။ 380mAh Battery တပ်ဆင် ထားပြီးတစ်ခါအားသွင်းထားရင် ၃ ရက်ကနေ ၄ ရက်အထိအသုံးခံ ပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ပါရှိပါတယ်။ ဘက်ထရီသက်တမ်းကိုတိုးမြှင့်ပေး တဲ့ Power Saving Mode လည်းပါပါတယ်။ Always-On Display က ဘက်ထရီ ကိုချွေတာပေးပြီးအရောင် ၁၆ သန်းကိုတောင် ပြသပေးနိုင်ပါတယ်။

Samsung ရဲ့ ရာဘာနဲ့ သားရေလက်ပတ်များအစားအခြား ၂၂ မီလီမီတာ လက်ပတ်ကြိုးများကိုလဲလှယ် သုံးနိုင်ပါတယ်။ Gyro, Accelerometer, Barometer, GPS, Heart-Rate Monitor များပါရှိပါတယ်။ လမ်းလျှောက်ခြင်း၊ ပြေးခြင်းများ ပြုလုပ်ရင် ခြေလှမ်းများကိုတိုင်းတာပေးနိုင်ပါတယ်။ စက်ဘီးစီး ခြင်း၊ တောင်တက်ခြင်းများ ပြုလုပ်ရင်လည်းကိုယ်လက်လှုပ်ရှားမှု ဒေတာများ ကိုတွက်ချက် တိုင်းတာပေးနိုင်ပါတယ်။ အားကစားပြုလုပ်သူများအတွက် အဆင်ပြေစေပါတယ်။

စမတ်နာရီကိုစမတ်ဖုန်းဖြင့် ကြိုးမဲ့ချိတ်ဆက်ပြီးနာရီ ကနေအီးမေးပို့ခြင်း၊ Message ပို့ခြင်းနဲ့ အခြား Apps များစွာကိုအသုံးပြုနိုင် ပါတယ်။ Samsung က Gear S3 ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မကြေညာ သေးပါဘူး။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
www.pyaephyo.com
http://www.winkabarkyaw.net/

Post a Comment

0 Comments

Close Menu