Smart phone အသုံးပြုသူတွေအနေနဲ့ ဖုန်းရဲ့ Setting ထဲမှာပါတဲ့ “USB Tethering” ဆိုတဲ့
function လေးကိုသိပြီးသားသူတွေရှိသလို မသိသေးလို့မေးလာတဲ့သူတွေအတွက် အကြံပြုပေးလိုက်ပါတယ်။
ဒီ function ဟာ Setting ထဲက “Tethering & Wi-Fi hotspot” ဆိုတဲ့ထဲမှာပါတဲ့ တစ်ခုပဲဖြစ်ပါတယ်။
ကျတော်တို့ Wi-Fi hotspot ဆိုတာကိုတော့ အားလုံးသိပြီးသားဖြစ်ပါတယ်။ ကိုယ့်ဖုန်းက internet ကို
အခြားဖုန်းများ / အခြား Computer ( PC ) များသို့ဝေမျှအသုံးပြုချင်တဲ့အခါမှာ ဒီ function လေးကိုအသုံး
ပြုကြတာဖြစ်ပါတယ်။
အဲဒီထဲမှာပါတဲ့ နောက်တစ်ခု “USB Tethering” ဆိုတဲ့ function လေးကိုတော့သိတဲ့သူနည်းပါတယ်။
ဒီ function ဟာအများဆုံးအနေနဲ့ မိမိဖုန်းက internet ကို Computer ( PC ) သို့မျှဝေအသုံးပြုချင်တဲ့အခါမှာ
အသုံးပြုရတဲ့ function တစ်ခုဖြစ်ပါတယ်။ ဒီလိုအသုံးပြုဖို့အတွက်ဆိုရင် မိမိမျှဝေအသုံးပြုချင်တဲ့ PC မှာ
ဒီဘက်ကနေပေးမဲ့ ဖုန်းရဲ့သက်ဆိုင်ရာ Driver ကို install လုပ်ပေးထားဖို့တော့လိုအပ်ပါတယ်။
ဒါမှသာဖုန်းနဲ့ PC ကိုချိတ်ဆက်တဲ့အခါမှာ ဖုန်းကို PC ကနေ detect သိနိုင်မှာဖြစ်ပါတယ်။
PC မှာ ဖုန်းရဲ့သက်ဆိုင်ရာ driver ကို install ပြီးရင်တော့ ဖုန်းရဲ့ Setting ထဲကနေ USB Debugging mode
ကို on ပေးထားပါ။ ပြီးရင်ဖုန်းနဲ့ PC ကို USB ကြိုးနဲ့ချိတ်ဆက်ပေးလိုက်ပါ။ ဖုန်းကို PC ကနေသိပြီဆိုရင်တော့
Setting ထဲကနေ “Tethering & Wi-Fi hotspot” ထဲသို့သွားကာ “USB Tethering” ဆိုတဲ့ function ကို
ရွေးချယ်ကာ ဖုန်းရဲ့ internet connection ကို PC သို့အဆင်ပြေပြေမျှဝေအသုံးပြုနိုင်ပြီဖြစ်ပါတယ်။
အဆင်ပြေပါစေ။
Warmly Welcome
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji