Email ဆိုတာ အွန်လိုင်းပေါ်ကနေ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့အတွက်အသုံးပြုတဲ့ အခြေခံအကျဆုံး ၊ အဟောင်းနွမ်းဆုံး နဲ့ အသုံးအဝင်ဆုံး နည်းပညာတစ်ခုဖြစ်ပါတယ် ။ ယနေ့ခေတ်မှာ ပိုမိုလွယ်ကူ မြန်ဆန်တဲ့ Communication Platform တွေ ၊ Social Media တွေ ပေါ်ပေါက်လာတဲ့တိုင်အောင် လူအများစုရဲ့ နေ့စဉ်ဘဝမှာ Email ဟာ အရေးပါနေဆဲပဲဖြစ်ပါတယ် ။
လူတစ်ယောက်မှာ အနည်းဆုံး ကိုယ်ပိုင် Email အကောင့် တစ်ခုစီတော့ရှိပြီး ယခင်က တစ်ယောက်နဲ့ တစ်ယောက် အွန်လိုင်းမှာ Chat ဖို့အတွက်နဲ့ ဆယ်သွယ်ဖို့ အတွက်သာ Email ကိုသုံးကြပေမယ့် ယခုအခါမှာတော့ Email နဲ့ ချိတ်ဆက်ပြီးကစားရတဲ့ အွန်လိုင်း ဂိမ်းတွေပါ ထွက်ပေါ်လာတဲ့အတွက် Email တွေကို တစ်ခုထက်ပိုပြီး အသုံးပြုလာကြပါတယ် ။ လုင်ငန်းရေးရာမှာတော့ email က အသုံးအဝင်ဆုံး အရာတစ်ခုဖြစ်ပါတယ် ။
Gmail, Yahoo, Outlook, iCloud စတဲ့ email platfrom တွေ အမြောက်အများရှိသလို mobile user တွေအတွက် email apps တွေလည်းအမြောက်အများရှိနေပါတယ် ။ မြန်မာနိုင်ငံက လူအများစုကတော့ Gmail ကိုအသုံးများတဲ့ အတွက် Gmail App ကိုပဲအသုံးပြုလေ့ရှိပါတယ် ။ Gmail App က Gmail User တွေအတွက်တော့ ပြည့်စုံကောင်းမွန်တဲ့ App တစ်ခုဖြစ်ပေမယ့် အခြားသော Platform က Email တွေကို အသုံးပြုလို့မရနိုင်တဲ့အတွက် အခြားသော Email User တွေအတွက်အခက်တွေ့နိုင်ပါတယ် ။ ဒါ့ကြောင့် Android User တွေအတွက် အခမဲ့ရယူနိုင်တဲ့ အကောင်းဆုံးသော Email App တွေကို ဖော်ပြပေးလိုက်ပါတယ်။
Alto ဟာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပြည့်စုံကောင်းမွန်တဲ့ email app တစ်ခုဖြစ်ပြီး email လောကရဲ့ရှေ့ဆောင်လမ်းပြတွေထဲကတစ်ခုဖြစ်တဲ့ AOL ကထုတ်တာဖြစ်ပါတယ် ။ Alto မှာ AOL သာမက အခြားသော email platform တွေဖြစ်တဲ့ Gmail, Yahoo, Outlook, iCloud, Exchange အစရှိတာတွေ ကိုပါ အသုံးပြုလို့ရပါတယ် ။ ရှင်းလင်းပြီး အရောင်အသွေးစုံလင်တဲ့ ဒီဇိုင်းအသွင်အပြင်ကို ပုံဖော်ထားပြီး Swipe Action တွေကို စိတ်တိုင်းကျ ပြုပြင်လို့ရပါတယ် ။ အောက်ကလင့်မှာ အခမဲ့ Download ရယူနိုင်ပါတယ် ။
Download Alto On Google Play
Aqua Mail ဟာ အကောင်းဆုံး Email App တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ် ။ Yahoo, Hotmail, iCloud, Gmail, AOL, Microsoft Exchange နဲ့ အခြားအခြားသော ရှိရှိသမျှ Mail Platform အားလုံးနည်းပါး ကို ထောက်ပံ့ထား ပါတယ် ။ Widgets တွေကို အသုံးပြုနိုင်ပြီး message တွေရိုက်တဲ့အခါ auto-fit စနစ်ကို လည်းအသုံးပြုနိုင်ပါတယ် ။ Material ဒီဇိုင်းနဲ့ ပုံဖော်ထားပြီး လွယ်ကူရိုးရှင်းစွာအသုံးပြုနိုင်တဲ့ email app တစ်ခု ဖြစ်ပါတယ် ။ အောက်ကလင့်မှာ အခမဲ့ Download ရယူနိုင်ပါတယ် ။
Download Aqua On Google Play
လူကြိုက်အများဆုံး Email App တွေထဲက တစ်ခုဖြစ်ပြီး Blue Mail ဟာလည်း Gmail, Yahoo, Outlook, Office 365 နဲ့ အခြားသော POP3, IMAP, Exchange clients တွေအကုန်လုံးကို ထောက်ပံ့ပေးပါတယ် ။ Notification Setting တွေအမြောက်အများပါဝင်တဲ့အတွက် ဝင်ထားသမျှ email accounts တွေအားလုံး အတွက် Notification ပုံစံတွေကို ခွဲခြားသတ်မှတ်နိုင်ပါတယ် ။ Android Wear support နဲ့ configurable menus တို့လိုမျိုး fun stuff အချို့လည်းပါဝင်ပါသေးတယ် ။ နာမည်နဲ့လောက်အောင် အပြာရောင် နဲ့ ရိုးရှင်းစွာ ပုံဖော်ထားပြီး အသုံးပြုရတာလည်း လွယ်ကူရိုးရှင်းပါတယ် ။ အောက်ကလင့်မှာ အခမဲ့ Download ရယူနိုင်ပါတယ် ။
Download Blue On Google Play

Alto

Aqua Mail

Blue Mail

Credit to ==> Digital Times
0 Comments
You are welcome to share your ideas with us in comments! (မှတ်ချက်များပေးရာတွင် သင်၏အကြံဉာဏ်များကို ကျွနိုပ်တို့နှင့် မျှဝေရန် ကြိုဆိုပါသည်။)
Emoji