Ad Code

Responsive Advertisement

ကျောက်ဆည်နည်းပညာ တက္ကသိုလ်တွင် အဖြေလွှာ စာရွက်အချို့ မီးရှို့ဖျက်ဆီးခံရ


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ ကျောက်ဆည်နည်းပညာတက္ကသိုလ်တွင် စက်တင်ဘာ ၃၀ ရက်၊ နံနက် ငါး နာရီဝန်းကျင်တွင် ယခုနှစ်ဖြေဆိုထားသည့် အဖြေလွှာစာရွက်အချို့ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီဌာနရုံးမှ သိရှိရသည်။

အဆိုပါမီးလောင်မှုတွင် ကျောင်းဆောင်အားမီးစွဲလောင်ခြင်းမရှိခဲ့သော်လည်း အဖြေလွှာအချို့ မီးလောင်ပျက်စီး ခဲ့ပြီး နံနက် ငါး နာရီ ၅၀ မိနစ်တွင် မီးလုံးဝညှိမ်းသတ်နိုင်ခဲ့ကာ တရားခံကို အမူဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
"မြို့နယ်မှူးကိုတာဝန်ပေးထားတော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ သွားပြီးစစ်ဆေးနေပါတယ်။ ပြန်လာမှ အဖြေ သိရမှာပါ။ မီးရှို့ခံရတာ နံနက်ပိုင်းပါ။ လတ်တလောအရ ခန့်မှန်းခြေနဲ့ ပြောတာဆိုတော့ ကျောင်းထဲမှာဖြစ်တဲ့ အတွက် ကျောင်းသားလို့ယူဆတာပါ။"ဟု ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇင်ထွန်းကပြောသည်။

 ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ အဖြေလွှာအချို့ မီးရှို့ဖျက်ဆီးခံရမူနှင့် ပတ်သက်၍ ကျောင်းလုံခြုံရေး တာဝန်ခံ ဦးတင်ထူးထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းက ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းရန်သာ ပြန် လည်ဖြေကြားခဲ့ပြီး အဖြေလွှာအရေအတွက် မည်မျှဆုံးရှုံးသွားသည်ကို မသိရသေးပေ။ မီးလောင်ကျွမ်းမူကြောင့် အဖြေလွှာအချို့ဆုံးရှုံးခဲ့ပြီး တန်ဖိုးခုနှစ်ထောင်ကျပ်ဖြစ်ကာ ကျောက်ဆည်မြို့မ ရဲစခန်းတွင် (ပ) ၆၃၇/ ၂၀၁၆၊ ပြစ်မူပုဒ်မ(၄၃၆)ဖြင့် အမူဖွင့်အရေးယူဆောင်ရွက်နေကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦးထံမှ သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
http://www.thithtoolwin.com/

Post a Comment

0 Comments

Close Menu