Ad Code

Responsive Advertisement

ဤကမ္ဘာကြီး ဤလောက၌ နေထိုင်ကြကုန်သော အားလုံးအားလုံးများသည် "ငြိမ်းချမ်းကြပါစေ"


 ကျွန်တော် "ကျိုက္ခမီသား လင်းနိုင်ဦး" သည် 7 Oct 2016 နံနက်စောစောအချိန်ခန့်တွင် အပေါ်မှာပြထားသည့် မြတ်စွာဘုရားပုံတော်ကို "ကျိုက္ခမီမြို့ရှိ ရန်အောင်မြေရပ်ကွက် သာယာကုန်း (၁)လမ်း ကျွန်တော်တို့အိမ်ရှေ့ ကနေ နေထွက်ရာအရပ်ကောင်းကင်မှ မြတ်စွာဘုရားပုံကို မြင်မက်ခဲ့ပါသည်။

ကျွန်တော်မြင်လိုက်သည့်ပုံနှင့် အပေါ်မှာ မြထားတဲ့ပုံ ကွဲပြားမှုနည်းနည်းတော့ရှိပါသည်။
ကောင်းကင်မှာ ပေါ်တဲ့မြတ်စွာဘုရားပုံက ပိုကြီးပြီး ပိုဝပါသည်။ 
အနီးကပ်ဖူးရသလို မြင်မက်ခဲ့ပါသည်။
အိပ်မက်ခဲ့တဲ့ပုံက ပိုပြီးကြည်လင်မှုရှိပါသည်။ 
ပုံမှာပါသည့်အရောင်ထက် ပိုပြီ ဖြူပါသည်။
နေထွက်ရာအရပ်၌ မြတ်စွာဘုရားပုံကိုမြင်ရတာဖြစ်ပြီး 
အပေါ်ကပုံနဲ့ ဆန့်ကျင်ဘက်မျက်နှာမူနေတာဖြစ်ပါသည်။
၉၀ဒီဂရီဘက်သို့ မျက်နှာ်မူနေတာ ဖြစ်ပါသည်။


ကျွန်တော်တို့မိသားစုက 270 degrees မှာရှိနေကြပြီး မြင်မက်ခဲ့တဲ့ မြတ်စွာဘုရားပုံတော်က 90 နှင့် 360 degrees အကြားအပြည့်နေရာတွင် တည်ရှိပါသည်။

ကျွန်တော်တစ်ယောက် အိမ်ရှေ့ခြံစည်းရိုးအထဲကနေတွေ့တာနဲ့ချက်ချင်း အိမ်ရှေ့မှာ အရင်ရှိနေတဲ့ ကိုငယ်ကို လှမ်းပြီး ကိုငယ်လည်း မြေကြီးပေါ်မှာ ရိုသေစွာ ထိုင်ချရှိခိုးနေပြီး အိမ်ပေါ်မှာ ရှိနေတဲ့ အဖေအမေကိုကြီးနှင့် ညီလေးတို့ကို
 ကောင်းကင်မှာ မြတ်စွာဘုရားပုံမြင်နေရတယ်ဆိုပြီး ကျွန်တော်သွားပြီး မိသားစုအားလုံး ချက်ချင်းပြေးဆင်းလာကြပြီး အိမ်ရှေ့မြေကြီးပေါ်မှာ ရိုသေစွာထိုင်ကြပြီး မြတ်စွာဘုရားအား ရှိခိုးခဲ့ကြပါသည်။ 

မိသားစုအားလုံးနှင့်တကွ ကျွန်တော်လည်း နောက်ဆုံးရှိခိုးပြီးတော့အပြီးမှာ ပြန်မော့ကြည့်တော့ မြတ်စွာဘုရား တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို မြင်မတ်ခဲ့ရပါသည်။

အားလုံး အချိန်က (ခန့်မှန်ခြေ) ၁မိနစ်ခန့်မှ ၃မိနစ်ကြာလာက်သာ မြင်တွေ့ခဲ့ရတာဖြစ်ပါသည်။

///////*************************///////

၁၈၀ ဒီဂရီနေရာ၌ ကျွန်တော်နှင့်ထပ်တူ မြင်မက်ခဲ့သူရှိနိုင်မည်ဟု ထင်ပါသည်။

///////*************************///////


ဤကမ္ဘာကြီး ဤလောက၌ နေထိုင်ကြကုန်သော အားလုံးအားလုံးများသည် ငြိမ်းချမ်းကြပါစေ။

ဆုတောင်းပေးလျက်
ကျိုက္ခမီသား လင်းနိုင်ဦး

Post a Comment

0 Comments

Close Menu